ဟင်းသီးဟင်းရွက်တွေ နဲ့ သစ်သီးဝလံတွေဟာ အာဟာရဓာတ်တွေကြွယ်ဝပြီး ကျန်းမာစေတဲ့ သဘာဝအစားအစာတွေဖြစ်ကြပါတယ်။ မိဘတိုင်း ကိုယ့်ကလေး အသီးအရွက်တွေကိုကြိုက်လာတာမျိုးကို အလိုရှိကြပါတယ်။လူတိုင်းကတော့ ဟင်းသီးဟင်းရွက်တွေကို သဘာဝအလျောက် ကြိုက်နှစ်သက်သွားတတ်ကြတာ မဟုတ်ပါဘူး။ ငယ်ရွယ်စဉ်မှာ မိဘတွေရဲ့ စီမံကျွေးမွေးမှုတွေကြောင့်သာ တဖြည်းဖြည်းချင်းကြိုက်နှစ်သက်သွားတတ်ကြတာပါ။

ဖေဖေမေမေတိုရဲ့စီမံ ကျွေးမွေးမှု ကောင်းမွန်ရင် ကလေးတွေက သစ်သီးဝလံတွေ၊ အရွက်တွေကို ပိုမိုနှစ်ခြိုက်လာကြမှာဖြစ်ပြီးတော့ ကျန်းမာရေးကိုလည်း ပိုပြီး အကျိုးရှိစေမှာပါ။

ငယ်ရွယ်စဉ်မှာကတည်းက ဟင်းသီးဟင်းရွက်များများမှီဝဲတဲ့ကလေးတွေဟာ ကြီးလာချိန်မှာ အဝလွန်တာ ၊ သွေးတိုး၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ တွေဖြစ်နိုင်ခြေနည်းပါးနိုင်တယ်လေ။ ဒါကြောင့် ရင်သွေးတွေကို ဟင်းသီးဟင်းရွက်တွေ ကျွေးမွေးဖိုကိစ္စက အရေးကြီးတာပေါ့။ကိုယ့်ရဲ့ ကလေး ဟင်းသီးဟင်းရွက်တွေ နှစ်ခြိုက်လာအောင် ဘယ်လို စီမံကျွေးမွေးကြမလဲ။

အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ကြည့်ရအောင်….

🥕🍈 ပန်းကန်တစ်ဝက်နည်းလမ်း
ကိုယ့်ကလေးကို ကျွေးမွေးမယ့်အစား အသောက် ပန်းကန်ရဲ့ တစ်ဝက်တိတိဟာ ဟင်းသီးဟင်းရွက်တွေ ပါဝင်နေစေမယ့် နည်းလမ်းပါ။ ဒီနည်းလမ်းက ကလေးကို ဟင်းသီးဟင်းရွက် စားသောက်တဲ့ အလေ့အကျင့် ဖြစ်စေပြီး သူနှစ်သက်လာအောင် ဆွဲဆောင်နိုင်စေပါလိမ့်မယ်။

🍳🌽 မးဖိုချောင်မှာ ဝိုင်းကူခိုင်းပါ
မီးဖိုချောင်အများစုမှာ ဟင်းသီးဟင်းရွက်တွေက အမြဲမပြတ်ရှိနေတတ်တာပါ။ အမြင်ရင်းနှီးလာတာနဲ့အမျှ စားချင်စိတ်လည်းပိုဖြစ်လာမှာမို ဒီနည်းလမ်းကလည်း နည်းလမ်းကောင်းပါပဲ

🍐🍓 ဟင်းသီးဟင်းရွက်များများစားခိုင်းပါ

တခြားအစားအစာတွေကို ရွေးချယ်မှီဝဲနေတယ်ဆိုရင် ဒီအသီးလေးစားကြည့်ပါလား၊ ဟိုအသီးလေးစားကြည့်ပါလားဆိုပြီး တိုက်တွန်းကြည့်ပါ။ သူနှစ်သက်ရာကို ပြောင်းလဲစားသောက်လာပါလိမ့်မယ်။

🍇🍉 ပျော်စရာဖြစ်အောင် ဖန်တီးပါ
စားစရာဆိုပေမယ့် တချိုသစ်သီးတွေက ကလေးတွေ စိတ်ဝင်စားလောက်တဲ့ ဟင်းသီးဟင်းရွက် အရုပ် လေးတွေနဲ့ ကစားလိုရပါတယ်။ ဒီလို ကစားစေတာကလည်း ကလေးတွေ ဟင်းသီးဟင်းရွက်တွေကို နှစ်သက်လာစေဖို အထောက်အကူဖြစ်စေပါတယ်။

အမြဲတမ်း တစ်သတ်မှတ်တည်း အသီးအနှံနှင့် အရွက် များကို အမြဲတစ်မျိုးတည်း မကျွေးပါနဲ့ ပျင်းရိလာနိုင်ပါတယ်။ ဒါကြောင့် မတူညီတဲ့ အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အလှည့်ကျ စီမံကျွေးပေးပါ။

ဖေဖေမေမေတို ကိုယ်တိုင်ကလည်း ကလေးရှေ့မှာစားပြ၊ မှီဝဲပြတာက ကလေးနောက်လိုက်လုပ်ချင်လာအောင် ဆွဲဆောင်နိုင်စေပါလိမ့်မယ်။
ဒါကြောင့် ဖေဖေမေမေတိုအနေနဲ့ လက်မလျော့ ပဲ အချိန်ယူပြီး လုပ်ဆောင်လိုရပါတယ်။

Credit:-