နှလုံးသားထဲက အသံကို ပိတ်လှောင်မထားပါနဲ့
စိတ်ထဲမှာ ဝမ်းနည်းမှု၊ အဆင်မပြေမှုနဲ့ ဒေါသလှိုင်းတွေ အလိပ်လိုက် တက်နေပေမဲ့ နှုတ်ခမ်းဖျားမှာတော့ “အဆင်ပြေပါတယ်” ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် မြိုသိပ်ထားရတဲ့ အခိုက်အတန့်တွေကို ကြုံဖူးကြမှာပါ။ အပြင်ပန်းမှာ တည်ငြိမ်နေသလို ထင်ရပေမဲ့ အတွင်းစိတ်ထဲမှာတော့ မွန်းကြပ်မှုတွေ စုပြုံပြီး ပေါက်ကွဲလုနီးပါး…
