ဒီအချက်တွေကြောင့် အလှအပ လိုက်စားဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် စာလေးကို ဆုံးအောင်ဖတ်လိုက်နေ်
- ကျောင်းသူမို့ Skincare တွေလည်းအများကြီးမသုံးနိုင်ဘူး
- ပိုက်ဆံရှိမှ လှင်မှာလား
- Budget ချိန်ရတာမို့ ဘာတွေဝယ်သုံးသင့်လဲ
ပိုက်ဆံမကုန်ဘဲ လှလှလေးနေချင်တယ် ဆိုတဲ့သူတွေ အကုန်လုံးအတွက် မင်မင်က sharing လုပ်ပေးသွားပါမယ်နော်။
ပိုက်ဆံမကုန်ဘဲနဲ့လည်း လှနိူင်ပါတယ်။ ကျောင်းသူဆိုရင်လည်း လှနိူင်ပါတယ်။ ဒါကြောင့် ကိုယ်က ဘာမှမသုံးနိူင်တာမျိုးတွေ၊ Beauty Blogger တွေလိုမဝယ်နိူင်တာတွေရှိရင် စိတ်ဓာတ်မကျပါနဲ့နော်။ Blogger တွေ Influencer တွေက ဒါတွေနဲ့ပတ်သက်ပြီး Sharingလုပ်ရတာမို့ ဝယ်သုံးကြည့်ရတာပါနော်။
ဒါဆို စလိုက်ကြရအောင်
1. ဆံပင်နေ့တိုင်းဖြီးပါ။ ခေါင်း တပတ်နှစ်ခါလျှော်ပါ။ နေပူထဲထွက်ရင် ဦးထုပ်ဆောင်းပါ။ အရောင်ခဏခဏ မဆိုးနဲ့။
2. ဆံပင်ဆီလိမ်းပါ။ သံလွင်ဆီ၊ အုန်းဆီရပါတယ်။ နည်းအမှန်က လက်ထဲကို ဆီနည်းနည်းဘဲထည့်ပါ။ အဖျားကို အရင် လိမ်းပါ။ လက်မှာကျန်တာတွေနဲ့ မှ ဦးရေပြား ၊ အရင်းကို လိမ်းပါ။ ခေါင်းမလျှော်ခင် 3 နာရီလောက်အလိုမှာ သံလွင်ဆီနဲ့ ဦးရေပြားကို များများလိမ်းပြီး 15 မိနစ်လောက် နှိပ်ပေးပါ။
3. Skin Type ကို အရင်သိအောင်လုပ်ပါ။ အသက် 16 အောက်က တကယ်တော့ Skin care series လိုက်ကြီးမလိုသေးပါဘူးနော်။
4. Facial Scrub တွေ၊ Serum တွေ၊ Mask တွေထက် အရေးကြီးတာ Sunscreen ပါ။ Sunscreen ကိုတော့ အကောင်းထဲက သုံးပါ။ နေ့တိုင်းလိမ်းပါ။ အရေးအကြောင်း၊ အမဲစက် အသက်ကြီးတဲ့ အထိ ကာကွယ်ပေးပါတယ်။
5. မျက်နှာအတွက် ရေနွေးငွေ့ပေါင်းတင်တာလုပ်ပါ။ ရေနွေးကို ပန်းကန်ထဲထည့်ပြီး အငွေ့ရရုံလေး မျက်နှာအပ်ပါ။ 15 မိနစ်လောက် တစ်ရက်ခြားတစ်ခါလုပ်ပေးပါ။
6. အသားအရည်လေး လှချင်ရင် Skincare တွေ ဖိသုံးတာထက် အစားအသောက်နဲ့ သန့်ရှင်းရေးကို ဂရုစိုက်ပါ။ Ready Made , အစပ် , အငံ စားတာတွေ၊ ရေသောက်နည်းတာ , အပူများတာ , Alcohol သောက်တာ , အသီးအနှံ ဟင်းသီးဟင်းရွက်အစားနည်းတာ တွေကြောင့် အသားအရည် ပျက်စီးပါတယ်။
7. မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးလေးတွေကို Vaseline or သံလွင်ဆီလေး လိမ်းအိပ်ပါ။
8. တစ်ရက် ၂ခါမျက်နှာသစ်ပါ။ မျက်နှာသုတ်ပဝါ သပ်သပ်ထားပါ။ အပတ်တိုင်းလျှော်ပါ။ လက်နဲ့ မျက်နှာကို မထိပါနဲ့။ ဆားဝက်ခြံနဲ့ ဝက်ခြံတွေကို လိုက်မညစ်ပါနဲ့။
9. နှုတ်ခမ်းမခြောက်အောင် Lip Blam လေး အမြဲဆိုးပါ။
10. ခံတွင်းနံ့မကောင်းရင် အရင်ဆုံးသွားဆရာဝန်နဲ့ပြကြည့်ပါ။ သွားတွေကြောင့်မဟုတ်ရင် ဝမ်းမချုပ်အောင် သတိထားပါ။ သွားကို အချိန်ပေးတိုက်ပါ။ သံပရာရည်သောက်ပါ။ ဆားချိုသီး၊ ရှောက်သီးတို့ကလည်း ငုံထားရင်အနံ့ဆိုးပျောက်ပါတယ်။
11. ဂျီးတွေမရှိအောင်ဂရုစိုက်ပါ။ နားထဲ၊ နားအနောက် ၊ လည်ပင်း၊ ကျောကုန်း၊ လက်မောင်း၊ ဂျိုင်း ၊ ဒူးနောက် ၊ ခြေဖဖိုးနဲ့ ခြေချောင်းကြားလေးတွေကို သေချာ သန့်ရှင်းရေးလုပ်ပါ။
12. လက်သည်းခြေသည်းတွေကို အရောင်မဆိုးနိူင်ရင် အရှည်မထားတာကောင်းပါတယ်။ ပုံလေးသွင်းပြီးညှပ်ပါ။ အရောင်ဆိုးရင်လည်း မှန်မှန်ဆိုးပေးပါ။ ပျက်နေတာတွေ ကရုပ်ဆိုးစေပါတယ်။
13. အဝတ်အစားဝတ်ရင် မီးပူတိုက်ပါ။ အမွှေးဆီနဲ့လျှော်ပါ။ ၂ခါလောက်ဝတ်ပြီးရင် လျှော်ပါ။ ချည်စလေးတွေ ထွက်နေရင် ညှပ်ထားပါ။ ဖြစ်သလိုမဝတ်ပါနဲ့။
14. ချွေးနံ့ပြင်းတဲ့သူဆိုရင် အဝတ်အစားရွေးဝတ်ပါ။ ဂျိုင်းမွှေးတွေမရှိအောင် အမြဲရိတ်ပေးပါ။ Body Mist လေးတစ်ဘူးလောက်သုံးပါ။
15. Makeup ပစ္စည်းတွေ ဝယ်ရင် လိုင်းပေါ်ကနေ မဝယ်ပါနဲ့။ Budget သမားမို့ အပြင်မှာ ဝယ်လို့ရတဲ့ ဆိုင်မှာ သေချာ Test ပြီးတကယ်လိုက်မှဝယ်ပါ။ အပြင်မှာဝယ်လို့မရရင် ဒီအကြောင်းသပ်သပ်ပြန်ရေးပေးပါမယ်နော်။
16. Workout လုပ်ကို လုပ်ရပါမယ်။ မပျင်းပါနဲ့။ ပိုက်ဆံမကုန်ဘဲ တကယ် လှတာမို့ ကိုယ့်ကိုကိုယ် Moti ပေးပြီး လေ့ကျင့်ခန်းလုပ်ပါ။
17. သူများကို အားကျတာတွေ၊ အထင်ကြီးတာတွေ၊ ကိုယ့်ကိုကိုယ် သိမ်ငယ်တာတွေလျော့ပါ။
18. Stress ကလည်း အလှကို ပျက်စေပါတယ်။ မျက်မှောင်ကြုတ်နေတာတွေ ၊ ဝမ်းနည်းတဲ့ပုံပေါက်နေတာတွေ ကြောင့် မျက်နှာက မကြည်ဘူးဖြစ်နေတာပါ။
19. ကိုယ်နဲ့ လိုက်တယ်လို့ ပြောကြတဲ့ outfit မျိုး မှတ်ထားပြီး Style အမျိုးမျိုးလုပ်ဝတ်ကြည့်ပါ။
20. ပိုက်ဆံမကုန်ဘဲ တကယ် လှအောင်၊ ကြည့်ကောင်းအောင် နေလို့ရပါတယ်။ ပြီးတော့ စာဖတ်နေတဲ့သူလည်း တကယ်လှပြီးသားပါနော်။
ကဲ အချက် ၂၀ ရေးပေးထားတာမို့ လုံလောက်မယ်ထင်ပါတယ်။ ကိုယ်တိုင်လည်း အချက် ၂၀ လုံး လုပ်ပါတယ်။ အားလုံးဘဲ အလှပဆုံး နတ်သမီးလေးတွေ ဖြစ်နိုင်ကြပါစေရှင်။
