ဆီးအတွင်းရှိ ရေ၊ ဆားနှင့် အခြားဓာတ်ပစ္စည်းများ မညီညွတ်သောအခါ ကျောက်ဖြစ်ပေါ်လာပါသည်။ ကယ်လ်စီယမ်ဓာတ်များ ဆီးတွင် များလာလျှင်လည်း ကျောက်ဖြစ်တတ်ပါသည်။ထိုသို့ မညီညွတ်စေသော အကြောင်းများမှာ-
ရေမသောက်ခြင်း
လုံလောက်သော ရေပမာဏ မရှိသည့်အခါ ဆား၊ ကယ်လ်စီယမ် နှင့် အခြား ပစ္စည်းများ စုခဲကာ ကျောက်ဖြစ် ပေါ်လာပါသည်။
အခြား ရောဂါများရှိနေခြင်း
ဂေါက်ရောဂါ၊ အူရောင်ရောဂါတို့သည်လည်း ဆီးတွင်းရှိ ဓာတ်များအား ပြောင်းလဲစေသည်။ ကယ်လ်စီယမ်ကိုဖြစ်စေသော ပါရာ သိုင်းရွိုက်ဟုခေါ်သည့် ဟော်မုန်းများ အလွန်အကျွံ ထုတ်သည့်အခါတွင်လည်း ကယ်လ်စီယမ် ပါသောကျောက်များ ဖြစ်တတ်သည်။
ရောဂါလက္ခဏာများ
ကျောက်က သေးနေလျှင် လက္ခဏာ မပြတတ်ပေ။
လူးလိမ့်နေအောင် ဗိုက်အောင့်ခြင်း (ဆီးကျောက်တည်ခြင်းကြောင့် နာခြင်းသည် အဆိုးဆုံးသော နာကျင်မှုဖြစ်သည်ဟု ပြောကြသည်)
- ခါးနာခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- ဆီးထဲတွင် သွေးပါခြင်း
- ဆီးသွားလျှင် ကျောက်ပါလာတတ်ခြင်း
- ဆီးခဏခဏ သွားခြင်းဆီးသွားလျှင် နာကျင်ခြင်:
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း တို့ဖြစ်ပါသည်
တစ်ခါတရံတွင်-
- အူအတက်ရောင်ခြင်း
- နေရာမှားသန္ဓေတည်ခြင်း
- အူကျွံခြင်း
- ဆီးကျိတ်ရောင်ခြင်းတို့ နှင့်ဆင်တူ တတ်ပါသည်။ဆီးကျောက်တည်နိုင်သောသူများ
- အသက် ၃၀ မှ ၅၀ ဝန်းကျင် အမျိုးသားများ
- အသက် ၃၀ မှ ၅၀ ဝန်းကျင် အမျိုးသားများ
- သွေးဆုံးပြီး မ ဟော်မုန်းနည်းနေသောအမျိုးသမီးများ
- ဆီးကျောက်တည်သည့် မျိုးရိုးရှိသူများ
- ဆီးလမ်းကြောင်း ခဏခဏ ပိုးဝင်သူများ
- အူရောင်ရောဂါရှိ သူများ
- အူလမ်းကြောင်း ဖြတ်ဆက် လုပ်ထားသူများ
- အဝလွန်သူများ
- ရေသောက် နည်းသူများ
- အစားအစာတွင်အသားဓာတ်၊ ဆားဓာတ် အစားများသူများ
- ကျောက်ကပ်ကို ထိစေသော ဆေး စွဲသောက်နေသူများ ဖြစ်ပါသည်။
ကုသရန်နည်းများ
- ရေများများသောက်ခြင်း။
- အစားအသောက် ပုံစံပြောင်းလဲခြင်း။
- ဆရာဝန်နှင့် တိုင်ပင်၍ အကိုက်အခဲ ပျောက်ဆေးများ သောက်ခြင်း။
- လိုအပ်ပါက ကျောက်ချေခြင်း အစရှိသည်တို့ ဖြစ်ပါသည်။
ကျောက်တစ်ခါတည်ဖူးသူသည် ထပ်ဖြစ်ဖို့ အခွင့်အရေး ပိုများသည်။နောက်ထပ် ကျောက်မဖြစ်တော့အောင် ကာကွယ်ရန်
- ပုံမှန် သောက်နေကျထက် တစ်နေ့လျှင် ရေတစ်ဖန်ခွက်စီ တိုးသောက်ခြင်းဖြင့် တစ်နေ့လျှင် အနည်းဆုံး ရေ ၈ ခွက်မ ၁၀ ခွက်ထိ သောက်ပါ။
- အကယ်၍နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ ရှိပါက ဆရာဝန်နှင့် ဆွေးနွေး၍ သောက်ရမည့် ရေပမာဏကို ဆုံးဖြတ်ရပါမည်။
- အစားအသောက်လည်း ဆင်ခြင်ရပေမည်။
ထိုသို့ ပြုလုပ်ပါလျက် မကြာခဏ ကျောက်တည်နေပါက ဆရာဝန်နှင့် တိုင်ပင်၍ ကျောက်ပျော်စေသော ဆေးများ သောက်ခြင်း ပြုလုပ်ရပါမည်။
Credit:- ဒေါက်တာအောင်ပြည့်ဖြိုးဦး
