
– ငန်းတော်ကျားမြွေတွေရဲ့ အဆိပ်က neurotoxic ဆိုတဲ့အတိုင်း အာရုံကြောစနစ်ကို အဓိကတိုက်ခိုက်တာပါ။ သူစားမယ့်သားကောင်ရဲ့ အာရုံကြောစနစ်တွေ ပျက်စီးပြီး မလှုပ်ရှားနိုင်တော့တဲ့အခါ ငန်းတော်ကျားရဲ့ ပါးစပ်ထဲကို ဝင်ပေးသလို ဖြစ်သွားတာပါ။
အဲ့ဒါကို ရှေးလူကြီးတွေက ငန်းတော်ကျားပါးစပ်ထဲကို တခြားမြွေတွေက အခစားဝင်ပေးရတယ်ဆိုပြီး အယူအဆအမှားကြီးကို လက်ဆင့်ကမ်းခဲ့ကြတာပေါ့။
🐍 ငန်းတော်ကျားတွေက ဘာလို့နေ့ဘက်မှာ မတွေ့ရဘဲ ညဘက်မှာတွေ့ရများတာလဲ? 🐍
ငန်းတော်ကျားတွေရဲ့ မျက်စိသူငယ်အိမ်က လူတွေရဲ့သူငယ်အိမ်လိုမျိုး အကျဉ်းအကျယ် မလုပ်နိုင်ပါဘူး။ လူတွေရဲ့ သူငယ်အိမ်က အလင်းရောင်ရှိရင် ကျဉ်းသွားပြီး မှောင်ရင် ကျယ်သွားပါတယ်။ ငန်းတော်ကျားတွေရဲ့ သူငယ်အိမ်က အမြဲကျယ်နေတဲ့အတွက် သူ့မျက်လုံးက ညဖက်ချိန်အတွက် သီးသန့်လုပ်ထားသလိုမျိုး ညဘက်မှာကောင်းစွာမြင်နိုင်ပါတယ်။ ဒါပေမယ့် နေ့ဘက်အလင်းရောင် အရမ်းစူးရင် ငန်းတော်ကျားတွေက မျက်လုံးကန်းနေတဲ့အတိုင်းဖြစ်နေပြီး ကောင်းစွာမမြင်နိုင်ပါ။ ဒါကြောင့်ငန်းတော်ကျားတွေက နေ့ဘက်ဆို ငြိမ်နေပြီး ညဖက်ဆိုရင် လှုပ်ရှားသွားလာ အစာရှာထွက်ကြတယ်။
*ညဖက်အပြင်ထွက်မယ်ဆိုရင် လက်နှိပ်ဓာတ်မီးသုံးပြီး ထွက်တာအကောင်းဆုံးပါ*
🐍 ငန်းတော်ကျားအကိုက်ခံရရင် 🐍
ငန်းတော်ကျားရဲ့အဆိပ်က အဆုတ်ကိုရပ်စေပြီး အသက်ရှုကြပ်ကာ သေစေနိုင်တဲ့အတွက် အကိုက်ခံရရင် ဆေးရုံမှာ ventilator လို့ခေါ်တဲ့အသက်ရှုစက်နဲ့အသက်ရှုခိုင်းရမှာပါ။ ဒီကာလအတွင်းမှာ ခန္ဓာကိုယ်က အဆိပ်ကို တိုက်ထုတ်ပြီး အဆိပ်အာနိသင်ပြေသွားရင် အသက်ရှင်နိုင်ပါတယ်။
ငန်းတော်ကျားရဲ့ အဆိပ်ဖွဲ့စည်းပုံထဲမှာပါတဲ့ တချို့အဆိပ်က ခန္ဓာကိုယ်ထဲက cells တွေကို ပြန်ပြင်လို့မရအောင်ပျက်စီးစေပါတယ်။ ဒီတော့ ကိုက်ခံရတဲ့သူက အသက်ရှင်ရင်တောင် အကောင်းပတိပြန်ဖြစ်ဖို့ ခန္ဓာကိုယ်က ပျက်စီးသွားတဲ့ cells တွေကို အသစ်ပြန်လုပ်ဖို့အတွက် အချိန်တော်တော် ပေးရပါတယ်။ သူတို့ရဲ့အဆိပ်က ပြင်းတာမို့ ကိုက်တဲ့အချိန် အဆိပ်နည်းနည်းပဲဝင်ရင်တောင် လူရဲ့ ခန္ဓာကိုယ်အထိနာနိုင်ပါတယ်။
🐍 ငန်းတော်ကျားအဆိပ်ဖြေဆေးကဘာလို့မြန်မာနိုင်ငံမှာမရှိတာလဲ? 🐍
ငန်းတော်ကျားအဆိပ်ဖြေဆေးက ဘာလို့မြန်မာနိုင်ငံမှာမရှိလဲဆိုတော့- ထုတ်ရတာခက်တဲ့အပြင် ငန်းတော်ကျားကိုက်ခံထိတဲ့နှုန်းက ၁၀၀ မှာ ၁၀% ပါ။ ငန်းတော်ကျားကိုက်ခံရတာက အလွန်နည်းသောကြောင့် ဆောင်လေ့မရှိတာပါ။
🐍ငန်းတော်ကျားနဲ့တွေ့ရင်ဘာလုပ်ရမလဲ? 🐍
ငန်းတော်ကြားကိုတွေ့ရင် သွားရန်မစပါနဲ့။ ပြန်ကိုက်ရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ သူ့ဟာသူ အေးအေးချမ်းချမ်းနေရရင် လူကို အလကားနေရင်း လာမကိုက်ပါ။ တွေ့ရင် ရေပိုက်နဲ့အဝေးက လှမ်းခြောက်ထုတ်တာပဲဖြစ်ဖြစ် မြွေကျွမ်းကျင်တဲ့သူတွေ (မီးသတ်) အစရှိသဖြင့်ကို အကူအညီတောင်းပါ။
Photo credit -Aung Phyoe Thu (Snakes of Myanmar)
Join our group – Snakes of Myanmar (မြန်မာ)
credit-Snakes Of Myanmar
