လူတစ်ယောက်က ကိုယ်ခန္ဓာကျန်းမာနေဖို့ လိုအပ်သလို စိတ်ကျန်းမာနေဖို့လည်း လိုအပ်ပါတယ်။ စိတ်မကျန်းမာတော့ဘူးဆိုရင် ကိုယ်ခန္ဓာဟာလည်း တဖြည်းဖြည်းနဲ့ ကျန်းမာနေမှာ မဟုတ်တော့ပါဘူး။ လူတစ်ယောက်ဟာ စိတ်ဖိစီးစရာ၊ စိတ်ရှုပ်ထွေးစရာနဲ့ စိတ်ထိခိုက်စရာကိစ္စတွေ အများကြီးရှိလာတဲ့အခါ စိတ်က ဖျားနာလာမှာပါ။ စိတ်ဖျားနာတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာပြီး နောက်ဆုံး ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ အ‌ခြေအနေဆိုးရွားနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့စိတ်ရော ကျန်းမာနေရဲ့လား ???
ကိုယ်ခန္ဓာနေမကောင်းရင် သိသာပေမယ့် စိတ်နေမကောင်းတာကတော့ မသိသာပါဘူး။ ဒါကြောင့် ကျွန်တော်က စိတ်မကျန်းမာရင် ဖြစ်လေ့ရှိတဲ့ အချက် ၂၀ ကို ထုတ်နုတ်ပေးထားပါတယ်။ ဘယ်နှစ်ချက်နဲ့ ကိုက်ညီလဲဆိုတာတော့ ကိုယ်တိုင်တွက်ကြည့်ပါ။
1. ဝမ်းနည်းစိတ် ခဏခဏ ဖြစ်တယ်။
2. စိတ်တိုလွယ်တယ်။
3. စိတ်ရှုပ်လွယ်တယ်။
4. ကြောက်ရွံ့စိတ်တွေ များလာတယ်။
5. စိုးရိမ်ပူပန်မှု အရမ်းများလာတယ်။
6. စိတ်အတက်အကျ မြန်လာတယ်။
7. အစားမှန်မှန် မစားတော့ဘူး။ ဖြစ်သလိုစားတယ်။
8. အိပ်ချိန်လည်းမမှန်ဘူး။ အိပ်မပျော်တဲ့ညတွေ များလာတယ်။
9. လူမှုဆက်ဆံရေးပိုင်းမှာ သိသိသာသာ အားနည်းလာတယ်။
10. သူငယ်ချင်းတွေနဲ့ အဆက်အသွယ်နည်းသွားတယ်။
11. မိသားစုနဲ့တောင် ရင်းရင်းနှီးနှီး မနေတော့ဘူး။
12. ပညာရေး၊ အလုပ် ဘာမှ စိတ်မဝင်စားဘူး။
13. အမှောင်ထဲမှာပဲ နေချင်တယ်။
14. ပျော်ရွှင်စိတ် မရှိသလောက် ဖြစ်လာတယ်။
15. ရုပ်ရည်ပိုင်းကိုလည်း ဂရုမစိုက်တော့ဘူး။
16. ဖြစ်သလို အဝတ်ဝတ်တယ်။ လှချင်တဲ့စိတ် မရှိဘူး။
17. တစ်နေ့ပြီး တစ်နေ့ အဓိပ္ပာယ်မဲ့လာတယ်။
18. အရယ်အပြုံး မရှိတော့ဘူး။
19. ဘဝကြီးမှာ နေချင်စိတ် ကုန်ကုန်လာတယ်။
20. သတ်သေဖို့ ၂ ခါမက တွေးဖူးတယ်။
ဒီအချက်တွေထဲက ၈ ချက်နဲ့ အထက်တူညီနေရင် စိတ်ဖျားနာနေပြီလို့ ပြောလို့ရပါတယ်။ ၁၇ ချက်ထက် ကျော်သွားရင်တော့ ဆေးကုသမှု ခံယူရမယ့်အထိ အရေးကြီးတဲ့ အခြေအနေဖြစ်ပါတယ်။ စိတ်ပြန်လည်ကျန်းမာလာအောင် လုပ်နိုင်တဲ့နည်းလမ်းတစ်ချို့ကို မကြာခင် ဝေမျှပေးပါမယ်။
ကိုယ်ကျန်းမာအောင် နေကြပါ။
စိတ်ကျန်းမာအောင် နေကြပါ။
ကိုယ့်ကိုယ်ကို ချစ်ပါ။
credit-AD-Secret Diary
photo credit