တစ်နေ့ဘယ်နှစ်လိပ်နှုန်းသောက်သင့်လဲ
Smoking
ဆေးလိပ်သောက်တယ် ဆိုတာ အရက်သောက်တာနဲ့တောင် မတူပါဘူး၊၊မလုပ်ရဘူးလို့_သတ်မှတ်ထားပေမယ့်
အရက်ကတော့ တစ်နေ့ဘယ်လောက်သောက်လို့ရတယ် ဆိုတဲ့ Limit ရှိပါတယ်။ယောကျ်ားလေး ဆို တစ်နေ့ (3 Units)
မိန်းကလေးဆို တစ်နေ့ (2 Units) ပါ။
”ဆေးလိပ် ကတော့ လုံးဝ (လုံးဝ) မသောက်ရပါဘူး။”
ဆေးလိပ် က အဆုတ်ကင်ဆာ၊ လေပြွန်ကင်ဆာ၊ အစာရေမျိုကင်ဆာ တွေအဖြစ်ဆုံးအကြောင်းရင်းဖြစ်သလို ကင်ဆာတိုင်းဟာ ဆေးလိပ်သောက်တဲ့လူမှာ အဖြစ်များပါတယ်။
(ပိုဆိုးတာက ကိုယ်ကသောက်လို့ရောဂါရတယ် ဆိုပေမယ့် မသောက်တဲ့ ကိုယ့်ပတ်ဝန်းကျင်က မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေပါ ကိုယ့် မီးခိုးငွေ့ရှူရရင် ကင်ဆာရောဂါ အစုံဖြစ်သွားနိုင်ပါတယ်)
ကင်ဆာရောဂါတင်လား ဆိုတော့ မဟုတ်ပါဘူး နှုတ်ခမ်းတွေပြာနှမ်းပြီး တရွှီရွှီကြပ်နေတဲ့၊ ချွဲသလိပ်တွေ တောက်လျှောက်ထွက်နေတဲ့ ချောင်းတဟွပ်ဟွပ်ဆိုးနေတဲ့ Smoker Lung Disease (COPD) အဆုတ်ပွရောဂါဟာ ဆေးလိပ်သောက်ရင်ဖြစ်ပါတယ်
(COPD အကြောင်း ရေးထားပြီးပါပြီ တွဲဖတ်ကြည့်ပါ https://www.facebook.com/104993831383029/posts/128195075729571/)
ဆေးလိပ်က ဘာလို့ ဒီလောက်ဆိုးတာလဲ ဆိုတော့ သူ့မှာ Chemical အမျိုးပေါင်း (***၇၃၅၇) မျိုးပါပြီး အဲ့ဒိအထဲက အမျိုး (***၇၀) က ကင်ဆာဖြစ်စေပါတယ်။
ဆေးလိပ် မီးခိုးမှာ
– nicotine
– nitrogen, oxygen,
– carbon monoxide အဆိပ်ပါ(မီးလောင်လို့ မီးခိုးမွှန်ပြီး သေတယ်ဆိုတဲ့ Gas ပါ)
– carbon dioxide (ခန္ဓာကိုယ်ရဲ့ စွန့်ထုတ်ရတဲ့ Gas ပါ ရှူသွင်းရတာမဟုတ်ပါဘူး)
– methane gas မီးဖိုကဓာတ်ငွေ့ပါ
– hydrogen cyanide (HCN) ဆိုတဲ့ အဆိပ်တော့သိကြမယ်ထင်ပါတယ်
– methanol (အရက်ပြန်)
– Tar (လမ်းခင်းတဲ့ ကတ္တရာ)
– nitric acid, acetone, acrolein, ammonia, hydrogen sulfide (H2S), hydrocarbons, gas phase nitrosamines, and carbonyl compounds ,acetaldehyde
– higher levels of PAHs,nitrosamines ; aza-arenes, aromatic amines , ammonia , pyridine and the gas phase components 1,3-butadiene, acrolein, isoprene, benzene, and toluene
စတဲ့ ဒုက္ခပေးတဲ့ အမျိုးအစားပေါင်းများစွာ ပါဝင်ပါတယ်။
သာယာတဲ့ခံစားမှုရတဲ့ Nicotine တစ်ခုအတွက် အဆိပ် (၇၀၀၀) ကျော် ရှူသွင်းနေသလို၊ ကိုယ့်မိသားစုကိုလည်း အဆိပ်ရှူခိုင်းနေတာပါပဲ။တွေးလို့ကောင်းတယ်၊ စွဲလန်းတယ်ဆိုတဲ့ ခံစားချက်ကလည်း Nicotine ကနေရတာပါ။သူ့ကို Addict စွဲတာက Psychological dependent ပါ ၊ ဆေးလိပ်ဖြတ်လိုက်လို့ ဆေးလိပ်သောက်ချင်တယ်၊ ခံတွင်းချင်တယ် ဆိုတာပဲဖြစ်ပါတယ်။
Coffee စွဲတာက Physical Dependent ပါ၊ Coffee မသောက်ရရင် ခေါင်းကိုက်ပါတယ်၊ ထိုင်းမှိုင်းနေတတ်ပါတယ်။#ဆေးလိပ် ကPsychological Dependent ဖြစ်လို့ ကိုယ့်စိတ်နဲ့ပဲ ဆိုင်ပါတယ်။ကိုယ်တိုင်ကြိုးစားပြီးဖြတ်ရမှာပါ။
ဆေးလိပ်မှာOriginal, Light, Superlight, extralight စသဖြင့် ရှိပါတယ်၊
ရွေးခြယ်သောက်သုံးဖို့ ထုတ်ထားတယ် လို့ မထင်ပါဘူး။
ဘာလို့လဲဆိုတော့ Nicotine ပမာဏပဲ ကွာတာပါ ၊ ကျန်တဲ့ အဆိပ်ပမာဏတွေက အတူတူပါပဲ
(Tar % လည်း နည်းနည်းကွာပါတယ်)
Original သောက်နေတဲ့လူက ဆေးလိပ်ဖြတ်ချင်စိတ် ရှိပြီး Nicotine ကိုစွဲနေလို့ ရုတ်တရက်မဖြတ်နိုင်ရင် Light => superlight => extralight လျှော့လျှော့သွားပြီး နောက်ဆုံးဖြတ်လိုက်နိုင်ဖို့ ရည်ရွယ်ပုံရပါတယ်
ဖြတ်ဖို့ကြိုးစားမယ်ဆို
- ဗူးလိုက်ဝယ်မထားပါနဲ့ (Home stay မှာ အဆင်သင့်မရှိရင် သောက်ဖြစ်မှာမဟုတ်ပါဘူး)
- အပြင်သွားရင် မီးခြစ်မဆောင်ပါနဲ့ (ဆေးလိပ်မဆောင်ပါနဲ့) {အလွယ်မရရင် သောက်ဖြစ်မှာမဟုတ်ပါဘူး}
- ဆေးလိပ်ဖိုးတွေ စုထားပြီး တစ်ခုခုဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ထားပါ
- ဘယ်လိုမှ မရရင်တော့ ဆရာဝန်ရဲ့ အကူအညီယူပါ ဆေးလိပ်ဖြတ်တဲ့ ဆေးတွေရှိပါတယ်
ဆေးလိပ်သောက်နေရင်း နဲ့ အဆုတ်ကျန်းမာရေးကောင်းအောင် နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူးခန္ဓာကိုယ်ကို ဓားနဲ့ထိုးစိုက်ထားပြီး သွေးမထွက်အောင်၊ မနာအောင်ကြိုးစားနေသလိုပါပဲ ဓား မနှုတ်မချင်းတော့ သွေးတွေထွက်ပြီး၊ နာနေမှာပါ၊ ချက်ချင်းမနှုတ်နိုင်လေလေ ခန္ဓာကိုယ်ပျက်စီး လေပါပဲ စောစောစီးစီး နှုတ်ပါမှ သွေးတိတ်ဖို့ရော၊ ဒဏ်ရာကျက်ဖို့ရော ကုစားနိုင်မှာပါ။
အခုအချိန်ကာလအတွက်ပြောရရင် လည်းဆေးလိပ်သောက်လို့၊ ဆေးလိပ်ငွေ့ရှူလို့ ပျက်စီးထားတဲ့ အဆုတ်တွေဟာ Covid-19 ကူးစက်ခံရရင် အခြေအနေမကောင်းပါဘူး။
ဒါ့အပြင် ဆေးလိပ်သောက်ရင် သွေးကြောကျဉ်းပြီး၊ သွေးပြစ်စေတဲ့ အတွက် ကိုဗစ်က သွေးခဲနှုန်းမြင့်တော့ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း ၊ အဆုတ်သွေးကြောပိတ်၍ ရုတ်တရက်သေဆုံးခြင်းတွေ ဖြစ်နိုင်ပါတယ်ကိုဗစ်ဖြစ်ပြီး ဒဏ်ဖြစ်ထားတဲ့ အဆုတ်ကို ပြန်လည်ကျန်းမာအောင်ပြုစုစဉ်မှာ ဆေးလိပ်သောက်ခြင်းက အနာကျက်နှေးစေသလို အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။
ဆေးလိပ်ရဲ့ အန္တရာယ်လည်းသိပြီ၊ ဆေးလိပ် ဖြတ်ဖို့လိုကြောင်းလည်းသိပြီ၊ ဘယ်လိုဖြတ်ရမလဲ ဆိုတာလည်း သိပြီဆိုရင်။မိမိ အတွက်ရော၊ မိသားစု၊ ပတ်ဝန်းကျင်အတွက် ပါ အကျိုးမရှိတဲ့ ဆေးလိပ်ကြီးကို (နက်ဖြန်ဖြတ်မယ်မလုပ်ပဲ) အခုချိန်ကစပြီးဖြတ်လိုက်ကြပါစို့ဗျာ
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Credit:- Dr ဘုန်းစည်
