Corona virusကို ခံစားရတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးလက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ နုံးတာ၊ အားမရှိတာတွေခံစားရတာသိကြပြီးသားဖြစ်ပါတယ်။
ဒါ့အပြင် corona virusကာလမှာ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုတွေလည်း အများကြီးလည်းရှိနေပါတယ်။
(1) မြင့်တက်လာတဲ့ စိုးရိမ်မှု
Waveတစ်ခုတက်လာတဲ့သတင်းမြင်ရတဲ့အခါလည်း anxiety တက်သလို၊ မိမိမှာ လက္ခဏာပြတဲ့အခါလည်း အသက်အန္တရာယ်ဖြစ်မလား၊ ကုမရတာမျိုးဖြစ်မလားဆိုပြီး ထပ်မံ anxiety တက်စေပါတယ်၊ တကယ်လည်း စိုးရိမ်စရာဖြစ်ပေမယ့် စိုးရိမ်နေရုံမနေဘဲ ကိုယ့်ကိုယ်ကိုဘယ်လိုဂရုစိုက်ရမလဲ၊ ဆောင်ရန်ရှောင်ရန်တွေကို onlineမှရှာခြင်း၊ ဆရာဝန်နဲ့ online consultလုပ်ခြင်းဖြင့် လက်တွေ့ဂရုစိုက်ဖို့လည်းလိုပါတယ်။ social media က သတင်းတွေကြောင့် anxietyမြင့်စေတယ်ဆိုရင် social media break ယူလို့လည်းရနိုင်ပါတယ်။
(2)အထီးကျန်မှု၊ အားငယ်မှု
အိမ်မှာနားလိုက်ရတဲ့အတွက် အလုပ်အကိုင်ပျက်လို့ စိတ်ညစ်စရာရှိနိုင်သလို အပြင်မထွက်ရခြင်း၊ မိတ်ဆွေ၊မိသားစုများနှင့် ထိတွေ့၍ မရခြင်းကြောင့် social wellbeingကျကာ အားငယ်ခြင်း၊ ပို၍မွန်းကြပ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်မို့လို့ မိသားစုဝင်များအနေနဲ့ physical distanceနေရမှာဖြစ်သော်လည်း ပစ်ထားသလိုမဖြစ်ရလေအောင်၊ ပယ်စရာလိုမထားမိအောင် ဂရုစိုက်ဖို့လိုပါတယ်၊ မိသားစုဝင်တွေအနေနဲ့ မလှမ်းမကမ်းမှဖြစ်စေ၊ မိတ်ဆွေများအနေနဲ့ onlineမှဖြစ်စေ နွေးထွေးမှုမျှဝေသင့်ပါတယ်။
(3)စိတ်ဖိစီးမှုနဲ့ ကိုယ်ခံအားစနစ်
စိတ်ဖိစီးမှုများလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲက ကိုယ်ခံအားစနစ်ရဲ့ထိရောက်မှူကို လျော့ကျစေနိုင်တယ်လို့ ကျန်းမာရေးရှုထောင့်ကဆိုပါတယ်။ Corona virusအတွက် အဓိကလက်နက်ဟာ ကိုယ်ခံအားကောင်းခြင်းဖြစ်လို့ stressကို healလုပ်ဖို့ဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်၊ ဒါကြောင့် မှန်မှန်စား၊ မှန်မှန်အိပ်၊ ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်းနေထိုင်၊ မိသားစုဆွေမျိုးများနဲ့နွေးထွေးမျှဝေရင်း မိမိစိတ်ပိုင်းဆိုင်ရာအတွက်လည်း relaxဖြစ်စေတဲ့နည်းတွေ သုံးသွားရင် ကပ်ရောဂါဆိုးကြီးကို အလွယ်တကူကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။
အားလုံးဂရုစိုက်ပါနေ်
Covid ရောဂါဘေးကြီးမှ အမြန်ဆုံးကျော်ဖြတ်နိုင်ပါစေ။
