ပိုက်ဆံကိုတိုးပြီးမရှာနိုင်ဘူးဆိုရင် ဖြုန်းတာတွေကိုလျှော့ပါ အားနေရင် စျေးဝယ်ထွက်ချင်နေတဲ့ စိတ်ကို အရင်ပြုပြင်ပါ ခြင်းတောင်းအပြည့်စျေးဝယ်လာပြီး လိုအပ်တာတွေရလာလို့ စိတ်ပျော်ရွှင်ရပေမယ့် တခါတလေ ငွေတွေ အရမ်းကုန်သွားလို့ ဝယ်ပြီးမှစိတ်ဆင်းရဲနေရတဲ့အခါ တွေလည်း လူအားလုံးမှာရှိတတ်ကြပါတယ် ခြင်းထဲကပစ္စည်းတွေကို ပြန်ကြည့်ပါ တခါတလေ မဝယ်လည်းရတဲ့ပစ္စည်းတွေ ပါလာတတ်ပါတယ် တချို့ပစ္စည်းတွေက အိမ်မှာ အရင်ထဲက ရှိပြီးသား ပစ္စည်းတွေလည်း ဖြစ်နေတတ်ပါတယ် လိုရမယ်ရဝယ်ထားလိုက်ပြီး ဝယ်ပြီး ၆လ တစ်နှစ် အထိ မသုံးရတဲ့ပစ္စည်းတွေလည်း ဖြစ်နေတတ်ပါတယ် ဒါ့ကြောင့် market place တွေပေါများလွန်းတဲ့ ခေတ်မှာလိုအပ်တဲ့အရာကိုပဲ ဝယ်ပါခြင်းတောင်းတလုံးနဲ့ ပတ်ကြည့်နေပြီး ဝယ်ချင်တာကို ကောက်ထည့်ပြီးမိမိစိတ်နောက် ငွေလိုက်သွားတာမျိုးတွေကို ရှောင်ရှားပါ သင်ခြင်းတောင်းအပြည့်နဲ့ဝယ်လာတာကို သင့်ကိုယ်သင်ဂုဏ်ယူနိုင်ပေမယ့် နောင်တချိန်မှာ ငွေမစုမိခဲ့လို့ဆင်းရဲဒုက္ခရောက်နေချိန်မှာ သင့်ဘေးမှာဘယ်သူမှရှိမနေနိုင်ပါဘူး ချက်ပြီးသား တွေရှိလျက်နဲ့ အပြင်ထွက်စားခြင်းကို တတ်နိုင်သမျှလျှော့ပါတခါတလေ အိမ်မှာဟင်းတွေ အများအပြား ချက်ထားပေမယ့် မစားချင်တော့လို့ အပြင်ထွက်စားကြတာမျိုး ရှိတတ်ကြပါတယ် အပြင်အစားအစာတွေ ဟာစားကောင်းတယ် အနံ့အရသာအိမ်မှာနဲ့မတူဘူး ဇိမ်ရှိရှိစားနိုင်တယ် စားရတာ ပျော်စရာကောင်းတယ် ဟုတ်ကဲ့ ဒါပေမယ့် အမြဲလိုလို ဖြစ်နေရင်တော့ ဒါဟာ ပိုက်ဆံဖြုန်းတီးတာ သက်သက်ဖြစ်သွားပါတယ် အပြင်မှာစားမယ့် အစီအစဉ်ရှိရင် အိမ်မှာမချက်ပါနဲ့ နေ့စဉ်နဲ့အမျှ လွှင့်ပစ်ရတဲ့ဟင်းတွေရေခဲသေတ္တာထဲကနေ date ကုန်လို့ အမှိုက်ပုံးထဲရောက်သွားတဲ့ အစားအစာတွေဟာပိုက်ဆံနဲ့ဝယ်ယူထားရတာတွေပါ ဒါ့ကြောင့် ဥစ္စာပြို စားဖိုကတဲ့ ရှေးစကားပုံတောင်ရှိပါတယ် အားမနာပါနဲ့ လူတချို့ကိုအားမနာပါနဲ့ မိမိကုန်သွားမယ့် ပိုက်ဆံတွေဟာ တကယ့်မိတ်ဆွေတွေအတွက် ကုန်သင့်လို့ ကုန်တာလား မကုန်သင့်တဲ့လူတွေကို အားနာပါးနာနဲ့ ကုန်ရမှာလားအမြဲတွေးပါ သင်ဟာ ဘီလီယံနာ တစ်ဦးမဟုတ်တဲ့အတွက် တွေ့သမျှလူတွေ ကြုံသမျှကိစ္စ မြင်သမျှအရာရာအတွက် သင်ကပဲ အကုန်ခံနေစရာ မလိုအပ်ပါဘူး မိတ်ဆွေကောင်းတွေအတွက် သာရေးနာရေးဟာ မသွားမဖြစ် ကူညီရပါမယ် ဒါပေမယ့် အားနေလို့ အလကား ထထလုပ်နေတဲ့ မွေးနေ့ပွဲတွေ တခါမှ မကြားဖူးတဲ့လူတွေရဲ့ မင်္ဂလာဆောင်တွေ ဘာမှန်းမသိတဲ့ အလှူခံတွေအတွက် သင်ကူညီနေရမယ်ဆိုတော့ သင်ငွေစုမိမှာမဟုတ်ပါဘူး နောက်ပီး ကတိမတည်တဲ့လူတွေရဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် အလွယ်တကူ ငွေချေးမိတာမျိုးကိုလည်း မလုပ်သင့်ပါဘူး  ဒါကြောင့် အရာရာကို သိပ်အားမနာပါနဲ့ အရည်မရအဖက်မရ အရာတွေအတွက် ငွေသိပ်မဖြုန်းပါနဲ့ နေ့စဉ် ၂ထောင် ၃ထောင်ဖိုး ကွမ်းစားတာတွေနေ့စဉ် ဘီယာဆိုင် ထိုင်တာတွေ အပျင်းပြေသုံးဖို့ ဖုန်းဘေလ် ငါးထောင်ကျော်နေ့တိုင်းကုန်နေတာတွေနေ့တိုင်း spa သွားနေတာ တွေ စတဲ့ အသေးသုံးငွေတွေဟာသင်သာ ဘရိတ်မအုပ်တက်ရင်အရှိန်ပါပြီး အကျင့်ဖြစ်သွား တတ်ပါတယ် နေ့စဉ် ငွေအနည်းငယ်တွေဟာ သိပ်မသိသာပေမယ့် လနဲ့တွက်လိုက်ရင် သင်ဖြုန်းတီးခဲ့တဲ့ငွေဟာ သိန်းဂဏန်းဖြစ်နေတာကို တွေ့ရမှာပါဒါ့ကြောင့် အသေးစားသုံးတာ တွေကို လျှော့ချကြည့်ပါ ငွေဖြုန်းတာအကျင့်ပါတတ်ပါတယ် ငွေမသုံးရ မဖြုန်းရရင်မနေနိုင်တဲ့ လူတွေအများကြီးရှိပါတယ် သင်သတိထားကြည့်ပါ အထည်ကြီးပျက် တော်တော်များများဟာသူ တို့အထည်ကြီးကို သူတို့ကိုယ်တိုင် ဖျက်ဆီးခဲ့တာများပါတယ် သူတို့ကို သင်နမူနာယူပါ တိုးပြီးမရှာနိုင်လျှင် ဖြုန်းတာတွေကိုလျှော့ပါ ဟုတ်ကဲ့အလုပ်အရ ဝင်ငွေပုံသေဖြစ်နေတဲ့သူတွေ ဟာလကုန်ရင် ဒီလစာသာ ရမှာဖြစ်လို့ ဝင်ငွေတိုးမလာနိုင်တဲ့အခါ ဖြုန်းတာတွေကိုတော့ တက်နိုင်သမျှ လျှော့ချကြည့်ပါ လူတော်တော်များများဟာ မလိုလားတာတွေအတွက် ဖြုန်းတီးခဲ့ကြရင်း အသက်တွေကြီးလာတဲ့အခါ စီးပွားရေးလည်းမလုပ်တတ် ရင်းနှီးမြုပ်နှံမှုလည်း မရှိနဲ့ ဆင်းဆင်းရဲရဲ အသက်ကြီးသွားကြတာကို မြင်ဖူးကြမှာပါ အဲဒီလိုမဖြစ်အောင် ခုသတိပြုမိတဲ့ အချိန်ကစပြီး ငွေမဖြုန်းပါနဲ့တော့ တစ်သောင်းဆယ်ခါဟာ တစ်သိန်းဖြစ်ပြီး တစ်သိန်း ဆယ်ခါဟာ ဆယ်သိန်းဖြစ်ပါတယ် ဒါကြောင့် ငွေ တစ်သောင်းလောက်နဲ့ ဘာမှမဖြစ်ဘူးလို့ မတွေးပါနဲ့ ငွေတစ်သိန်းဆိုတာ အေးဆေးပါလို့မတွေးပါနဲ့ အဲဒီငွေတစ်သောင်း ငွေတစ်သိန်းရဖို့ သင့်ထက်အများကြီး ပင်ပန်းခံပြီးရှာဖွေနေရသူတွေ အများကြီးရှိနေတယ်ဆိုတာ သတိပြုပါ ဆင်းရဲလွန်းတဲ့ အဖိုးအဖွားတွေအတွက်ငွေ တစ်သောင်း ငွေတစ်သိန်းဟာ အလွန်တန်ဖိုး ရှိတယ်ဆိုတာ သင်မမေ့ပါနဲ့ ငွေကိုသုံးပါ ငွေမဖြုန်းပါနဲ့…

အခုအချိန်ကစပြီး ငွေကို စနစ်တကျ စီမံခန့်ခွဲပြီး စုဆောင်းတတ်တဲ့အလေ့အကျင့်ဖြစ်အောင် ကြိုးစားလိုက်တော့နော်