Life challenges တွေ၊ ခက်ခဲတဲ့အချိန်တွေနဲ့
ကြုံရတဲ့အခါမှာ ကျွန်တော်တို့ရဲ့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူ ဒီလို Relationship တွေကနေ
Emotional support ဆိုတာကို ရတတ်ကြပါတယ်။
ကိုယ်ချစ်ရတဲ့သူတွေဆီကနေ emotional support ရတယ်ဆိုတာ သဘာဝကျပြီး ကောင်းတဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ emotional needs တွေ
အကုန်လုံးအတွက်ကိုတော့ သူတို့တွေအပေါ်မှာ
မှီခိုလို့မရပါဘူး။
ကိစ္စတစ်ခုခုကြုံလာတာနဲ့ ကိုယ့်ရဲ့ emotions တွေကို အရင်ဆုံး manage လုပ်ရမယ့်အစား ဒီ Relationship က လူတွေကိုပဲ လိုက်ရှာနေတယ်၊
သူတို့အပေါ်မှာပဲ Emotional Dependency ဖြစ်ပြီး
ကိုယ့်ရဲ့ စိတ်ခံစားမှု ကောင်းခြင်း၊ မကောင်းခြင်း၊
ပျော်ခြင်း၊ ဝမ်းနည်းခြင်းက သူတို့အပေါ်မှာပဲ
မူတည်နေတာမျိုးပေါ့။
ဒီလိုမျိုး တစ်ခြားလူတွေအပေါ်မှာ emotional dependency အရမ်းဖြစ်မိနေတယ်ဆိုရင်
– ဒီလူတွေသာမရှိရင် ဘဝရဲ့ အဓိပ္ပါယ်ပျောက်သွားပြီး
တစ်ယောက်တည်းရှိနေချိန်ဆို anxious ,
insecurity စတဲ့ feeling မျိုး ခံစားရမယ်။
– ကိုယ့်ရဲ့ self-worth, confidence, self-esteem,
တွေကို တည်ဆောက်နိုင်ဖို့ သူတို့ကို အမြဲလိုအပ်နေ
မယ်။
– ကိုယ့်အပေါ်ထားတဲ့ သူတို့ရဲ့ ခံစားချက်တွေနဲ့
ပတ်သတ်ပြီးလည်း စိုးရိမ်နေမယ်။
– Insecurity တွေ၊ self-doubt တွေ ရလာတဲ့အခါမှာ
သူတို့ရဲ့ approval ကို လိုအပ်မယ်။ ဒါဟာ
အကယ်၍များ သူတို့မရှိတော့ရင်၊ သူတို့က စွန့်ပစ်
သွားရင်ဆိုတဲ့ fear of abandonment ကိုလည်း
ရစေနိုင်ပါတယ်။
– ချက်ချင်းဆိုသလို ဝမ်းနည်းလာတာမျိုး၊ ဒေါသထွက်
လာတာ၊ ငိုချင်လာတာမျိုးတွေလည်း ရှိလာနိုင်မယ်။
– Physically အနေနဲ့ကတော့ ကြွက်သားတွေ
တင်းမာလာတာ၊ ဗိုက်အောင့်တာမျိုးတွေလည်း
ရှိနိုင်တယ်။
ဒီလိုမျိုး ကိုယ့်ရဲ့ emotional needs ကို တစ်ခြားလူတွေအပေါ်မှာ entirely မှီခိုလိုက်တာမျိုးက ကိုယ့်ကိုကိုယ် ဘယ်လိုမျိုး support ပေးလို့ရမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖို့လည်း ခက်ခဲနိုင်ပါတယ်။
ဒါကြောင့်မို့လို့ ကိုယ့်နဲ့ အဆင်ပြေနိုင်မယ့်
Coping ways လေးတွေကို သိထားခြင်းက
မိမိရဲ့ well-being အတွက် အများကြီး အရေးပါပါတယ်။ အကယ်၍ ဒီ process က
ကိုယ့်အတွက်ခက်ခဲတယ်၊ အကူအညီလိုတယ်လို့
ခံစားရတယ်ဆိုရင်လည်း Profession တွေနဲ့
ဆွေးနွေးတိုင်ပင်တာမျိုးတွေ လုပ်လို့ရပါတယ်🤍
