📗 “အလိမ္မာ စာမှာရှိ “
“စာအုပ်စာပေ လူ့မိတ်ဆွေ “ဆိုတဲ့အတိုင်း
စာဖတ်တဲ့သူဟာ လိမ္မာရေးခြားရှိလာနိုင်သလို
စာအုပ်ဆိုတာလည်း အကောင်းဆုံးမိတ်ဆွေပါ။
📕 စာပေမြင့်မှ လူမျိုးတင့်မှာ ဖြစ်လို့
စာပေအသိုင်းအဝိုင် မြင့်မားနေမှသာလျှင်
နိုင်ငံ လူမျိုး အဖွဲ့အစည်းအသီးသီးဟာလည်း
တဖြည်းဖြည်းနဲ့ အရည်အသွေးမြင့်မား~~~
တိုးတက်လာပြီး စိတ်နေသဘောထားတွေလည်း
လှပ တင့်တယ်လာနိုင်မှာ ဖြစ်ပါတယ်။
📔 မရေမရ မဖတ်မရတွေ ရှာကြည့်နေမယ့်အစား
အကျိုးမရှိတာတွေ ထိုင်ပြောနေကြမယ့်အစား
ပျင်းရိ ငေးမှိုင် ထိုင်ဆွေးနေကြမယ့်အစား~~
အပျော်အပါးတွေနဲ့ အမြဲအချိန်ကုန်နေမယ့်အစား
စာဖတ်နေခြင်းဟာ အကောင်းဆုံးပါပဲ~~~~~။
📗 သုတ စာပေတွေက
ဦးနှောက်အရည်အသွေး မြင့်မားတိုးတက်ဖို့
ထက်မြတ်ပြီး အချက်ကျကျ စဉ်းစားတွေးခေါ်တက်ဖို့
အထောက်အကူပေးပါလိမ့်မယ်။
📔 ရသ စာပေတွေက
စိတ်နှလုံးစွမ်းရည် ပြည့်ဝပြီး စိတ်ဓာက်တွေ
ခိုင်မာစေဖို့ စိတ်သဘောထားတွေနူးညံ့သိမ်မွေ့ဖို့
အထောက်အကူပေးပါလိမ့်မယ်။
📕 အတ္တုပ္ပတ္တိစာအုပ်တွေက
ဘဝမှာ အတုယူစရာတွေနဲ့
ရှောင်စရာ ဆောင်စရာတွေကို
စိတ်ဝင်စာဖွယ် လမ်းညွှန်ပြပေးပါလိမ့်မယ်။
📗 ရာဇဝင်နဲ့ သမိုင်းစာပေတွေက
မတုံးေစဖို့ အလိမ္ညာမခံရေစဖို့
အမှားအမှန်ခွဲခြားသိစေဖို့အတွက်~
အံသြဖွယ်ရာ စိတ်ဝင်စားစရာတွေနဲ့
ဖျော်ဖြေ တင်ဆက်ပေးပါလိမ့်မယ်။
📔 ဝတ္ထု / ကဗျာ / အက်ဆေး
ပုံပြင်/ ဟာသ / အချစ် အလွမ်း~စာပေတွေက
စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်းစေဖို့
အထီးကျန်မှုက လွတ်မြောက်စေနိုင်ဖို့
အမုန်း အာဃာတတွေ လျော့နည်းစေဖို့
ယုတ်မာ ရိုင်းစိုင်းတဲ့သူ မဖြစ်စေဖို့အတွက်နဲ့
သာယာ ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာ
စေနိုင်ဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။
📕 စာ ဖတ် ပါ
အတ္တစိတ်တွေ လျော့ချဖို့အတွက်
အတွေးအခေါ်တွေ ထက်မြတ်ဖို့အတွက်
အခက်အခဲကို ရင်ဆိုင်နိုင်ဖို့အတွက်
ပြဿနာကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့တွက်
တစ်ကိုယ်ကောင်းဆန်တဲ့သူ မဖြစ်စေဖို့အတွက်
တည်ငြိမ် ရင့်ကျက်သူ ဖြစ်လာစေဖို့အတွက်
တစ်ယောက်ထဲ ဖြတ်သန့်းနိုင်ဖို့အတွက်
မိသားစုကြားမှာ နာလည်းမှုတွေရှိဖို့အတွက်
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနိုင်ဖို့အတွက်
အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေ
ဖို့အတွက် စာဖတ်ပါ / မဖြစ်မနေ ဖတ်ပါ~။
📗 စာဖတ်တဲ့သူဟာ
ကန်ရေပြင်လို တည်ငြိမ်လာနိုင်တယ်။
📚 စာဖတ်တဲ့သူဟာ
လဖ္ဘက်ရည်လေးတစ်ခွက်လို
မွှေးရနံ့သင်လာနိုင်တယ်~~။
📔 စာဖတ်တဲ့သူဟာ
မိုးသားတိမ်လေးတွေလို ဖြူစင်လာနိုင်တယ်။
📕 စာဖတ်တဲ့သူဟာ
နေဝင်ဆည်းဆာလေးလို လှပလာနိုင်တယ်။
📗 စာဖတ်တဲ့သူဟာ
ကြယ်စင်လေးတွေလို လင်းလက်လာနိုင်တယ်။
📔 စာဖတ်တဲ့သူဟာ
နပိုလီယံလိုမျိုး ရဲရင့်လာနိုင်တယ်။
📕 စာဖတ်တဲ့သူဟာ
ကိုလံဘတ်လိုမိ်ျုး စွန်းစာရှာဖွေလာနိုင်တယ်။
📗 စာဖတ်တဲ့သူဟာ
မာလာလာလိုမျိုး သတ္တိရှိလာနိုင်တယ်။
📔 စာဖတ်တဲ့သူဟာ
ဗိုလ်ချုပ်အောင်ဆန်လိုမျိုး
နိုင်ငံနဲ့ လူမျိုးအပေါ် တာဝန်ကျေလာနိုင်တယ်။
📕 စာဖတ်တဲ့သူဟာ
ဦးသန့်လိုမျိုး ကမ္ဘာကျော်လာနိုင်တယ်။
📗 စာဖတ်တဲ့သူရဲ့ အနာဂတ်ဘဝဟာ
ဘာမဆို ဖြစ်လာနိုင်တယ်~~~~~~~
မျော်လင့်ချက်တွေနဲ့ ရှင်သန်နေနိုင်တယ်။
📔 လောကကြီးဆီက လူသားတွေနဲ့
ပတ်ဝန်းကျင်ဆီက စာအုပ်စာပေတွေကနေ
မသေမချင်း လေ့လာ သင်ယူနေရမယ်။
📕 ဒါ ကြောင့်
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် စာဖတ်ပါ
လူညံ့တစ်ယောက်မဖြစ်စေဖို့အတွက် စာဖတ်ပါ~။
Credit:
