အဝေဖန်ခံရရင် ဘယ်လိုရင်ဆိုင်ကြမလဲ?
လူတွေက တစ်ယောက်ထဲမနေတတ်ကြတဲ့ သူတွေမို့ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုတွေနဲ့ နေ့စဉ် ဆက်ဆံရပါတယ်။လူအမျိူးမျိူး၊ စိတ်အထွေထွေမို့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောတဲ့အခါ ဝေဖန်မိတာမျိူးလဲ ရှိနိုင်ပါတယ်။ရည်ရွယ်ပြီး ဝေဖန်တာဘဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲ ဝေဖန်တာဖြစ်ဖြစ် ကိုယ်မနှစ်သက်တဲ့ စကားကို ကြားရရင် စိတ်ထဲမှာ ခံစားရတတ်ပါတယ်။
တစ်ချိူ့တွေကတော့ အဝေဖန်ခံရလဲ ဘာမှမဖြစ်ပေမယ့် တစ်ချိူ့ကတော့ သူပြောလိုက်တဲ့ စကားကို ခဏခဏ ပြန်တွေးပြီး ကိုယ့်ရဲ့ ယုံကြည်မှူကို ထိခိုက်စေတာမျိူးပါ။
ဥပမာ – ကိုယ်သဘောကျတဲ့ အင်္ကျီလေးဝယ်လာမယ်၊ ကိုယ်နဲ့ လိုက်မယ်လို့ ထင်လို့ ပျော်နေတယ်၊ ဒါပေမယ့် သူငယ်ချင်းက နင်နဲ့ အဲ့ဒါနဲ့ မလိုက်ဘူးလို့ ပြောလိုက်တဲ့ အခါ တစ်ကယ်မလိုက်ဘူးလားလို့ ကိုယ့်ကိုကိုယ် သံသယဖြစ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှူ လျော့ကျသွားတာမျိူးပါ။
ဒီလို အဝေဖန်ခံရတဲ့အခါ
- ကိုယ့်ရဲ့ ရှိရင်းစွဲ ယုံကြည်မှူလေး လျော့နည်းသွားမယ်
- ဝေဖန်တဲ့သူကို ရှောင်ချင်လာမယ်
- တခြားသူတွေရဲ့ အမြင်ကို ပိုဂရုစိုက်မိလာမယ် ဒီလိုမျိူးလေးတွေ ဖြစ်တတ်ပါတယ်။
ဘယ်လိုရင်ဆိုင်ကြမလဲ?
- မိမိရဲ့ ယုံကြည်မှူကို ပြန်လည်တည်ဆောက်ဖို့ ကိုယ့်ကိုကိုယ် ပြန်လည်မေးကြည့်ပါ။
- ကိုယ့်အမြင်ထက် သူများတွေ အမြင်က တကယ်ပိုအရေးကြီးသလားဆိုတာ ပြန်လည်ဆန်းစစ်ပါ။
- ကိုယ့်ရဲ့ ထူးခြားမှူကို ကိုယ်အသိအမှတ်ပြုပါ။ ကိုယ့်ရဲ့ ပင်ကိုယ်အကျင့်၊ ပုံစံအမှန်၊ အတွေးအခေါ်ကို ဘယ်သူမှ အသိအမှတ်မပြုရင်တောင် ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပေးပါ။
- စိတ်ဓာတ်ကျစေမယ့်အတွေးတွေကို လျှော့ချပါ။
- တခြားသူပြောတဲ့စကားကို ထပ်တလဲလဲတွေးနေမိရင် ဒါသူတစ်ယောက်ထဲရဲ့ အမြင်ဆိုတာ မမေ့ပါနဲ့။ သူအမြင်က မှန်ပြီး ကိုယ့်အမြင်မှားနေတယ်လို့ တွေးပြီး စိတ်ဓာတ်ကျနေမယ့်အတွေးတွေကို လျှော့ချပေးပါ။
- ကိုယ့်ကိုကိုယ်ယုံကြည်မှူ တည်ဆောက်တဲ့အခါ စိတ်ရှည်ပေးပါ။
- အရမ်းကြီး ဖိအားမပေးဘဲ ကိုယ့်ရဲ့ တန်ဖိုးရဲ့ မူလပုံစံကို လက်ခံပေးတဲ့ပတ်ဝန်းကျင်မှာလဲ နေနိုင်ဖို့ ကြိုးစားပါ။
မိမိကိုယ်ကိုယုံကြည်မှူ ရှိနိုင်ကြပါစေ။
