ကိုယ့်ရဲ့ချစ်သူက အမြဲတမ်းစိတ်ဓာတ်ကျနေတတ်တယ် (Depression ဝင်နေတတ်တယ်) ဆိုရင် Relationship တခုက ပြဿနာတွေအများကြီးဖြစ်ပြီး ရှေ့ဆက်ဖို့ခက်ခဲနေတတ်ပါတယ်

ဒါပေမယ့် ကိုယ်ရွေးချယ်ထားတဲ့ချစ်ရတဲ့သူနဲ့တော့ အကောင်းဆုံးဖြတ်သန်းချင်ကြတာပဲမဟုတ်လား?

အဲ့တာကြောင့် Depression ဝင်လေ့ရှိတဲ့ မိတ်ဆွေရဲ့လက်တွဲဖော်နဲ့ ရေရှည်အဆင်ပြေပြေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ အောက်ကအချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ရင့်ကျက်အောင်နေပါ

ကိုယ့်ချစ်သူရဲ့စိတ်ပိုင်းဆိုင်ရာကို ပံ့ပိုးပြီး အဖြေရှာပေးနိုင်ဖို့အတွက် ကိုယ့်ကိုယ်တိုင်က သဘောထားသေးသိမ်နေလို့မရပါဘူး…။

ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ရင့်ကျက်အောင် အရင်ပြုစုပျိုးထောင်ပါ။

တယောက်ထဲမထားပါနဲ့

သူ့ရဲ့အနီးဆုံးမှာရှိနေပေးပြီး ရင်ဖွင့်တာတွေကိုနားထောင်ပေးလိုက်ပါ။ ကိုယ့်ချစ်သူက စကားနည်းသူဆိုရင် မေးခွန်းလေးတွေစမေးကြည့်ပါ..။ နောက်ပြီး ”အမြဲတမ်းရှိနေပေးတယ်” ဆိုတာကို သူတို့သိအောင် ပြောပြသင့်ပါတယ်။

အပြစ်မတင်မိစေနဲ့

“အမြဲတမ်း Depression ဝင်နေတာပဲ … “ ဆိုပြီး သူ့ရဲ့စိတ်ခံစားချက်ကို အပြစ်မတင်မိဖို့ ဂရုစိုက်ပါ။
ဒီလိုအပြစ်တင်ခြင်းက ကိုယ်ချစ်ရတဲ့သူကိုပိုပြီးခံစားရစေပါတယ်။ တဖက်က Depressed ဖြစ်ပြီး ပြောလိုက်တဲ့စကားတွေကိုလဲ အတည်မယူပါနဲ့…။ စိတ်ရှည်ရှည်နဲ့သီးခံနိုင်စွမ်းရှိအောင် ကြိုးစားပါ။

ပျော်ပါစေ
သူ့ဘေးနားကနေ ပျော်ရွှင်စရာအကြောင်းလေးတွေ၊ ဝမ်းသာစရာသတင်းတွေကို မကြာခဏပြောဆိုပေးပါ။ သူ့ရဲ့စိတ်တွေကို လက်ရှိပစ္စုပ္ပန်မှာနေနိုင်အောင် စကားလေးတွေနဲ့ထိန်းထားပါ…။ “ဘဝဆိုတာ နေတတ်ရင် ပျော်စရာကြီးပါ” ဆိုတာ ကိုယ်ချစ်ရတဲ့သူသိနားလည်ဖို့အရေးကြီးပါတယ်ခင်ဗျာ။

Mental Treatment is better than self-care

ကိုယ့်ချစ်သူကိုလဲ ကောင်းမွန်စေချင်တယ်…။ ကိုယ်တိုင်ကလဲ အပေါ်မှာပြောထားတဲ့အချက်တွေကို မလုပ်တတ်ဘူးဆိုရင်တော့ Professional Life Coach တဦးစီ သွားရောက်တိုင်ပင်ပြီး စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူသင့်ပါတယ်ခင်ဗျာ… (မှတ်ချက် – ဆေးသောက်ပြီး ကုသမှုမခံယူပါနဲ့)