ကျွန်တော်တို့ နေ့စဉ်ဘဝတွေမှာ အချိန်ဆွဲခြင်းဆိုတာ ဘယ်ရှု့ထောင့်ကကြည့်ကြည့် ကောင်းတဲ့အမူအကျင့်မဟုတ်တာ အားလုံးလက်ခံကြမယ်ထင်ပါတယ်။ သိသိရက်နဲ့တမင် အချိန်ဆွဲတာကို ပျင်းတယ်လို့ အများစုကသတ်မှတ်ကြပြီး မေ့မေ့လျော့လျော့နဲ့ Deadline ကျော်သွားတဲ့အခါမျိုးကိုတော့ အလေးမထား ပေါ့ပျက်ပျက်နိုင်တယ်ဆိုပြီး သတ်မှတ်ကြပါတယ်။ ဆိုတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကိုယ်လုပ်ရမယ့်ကိစ္စ သို့မဟုတ် အလုပ်တစ်ခုကို Deadline ကျော်မှပြီးတာမျိုးကိုတော့ ချီးမွမ်းမယ့်ပုဂ္ဂိုလ် မရှိပါနိုင်ပါဘူး။

အချိန်ဆွဲတာပဲဖြစ်ဖြစ် မေ့သွားပြီးအချိန်ဆွဲသလိုဖြစ်သွားတာမျိုးပဲဖြစ်ဖြစ် အောက်မှာဖော်ပြပေးမယ့် အချက်လေးတွေကိုတွေ့ပြီးရင်တော့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။​

1) Daily Schedule

တစ်နေ့တာ မနက်အိပ်ယာနိုးချိန်ကစပြီး ကိုယ့်ရဲ့ Schedule ကိုကောင်းကောင်းစီစဉ်ထားပါ။ ဒါမှသာ လုပ်စရာတစ်ခုပြီးတစ်ခု မှန်မှန်လေးလုပ်ဖြစ်ပါလိမ့်မယ်။ To Do List ရှိနေတာဟာ လူတွေကို Motivation တက်စေတယ်လို့ ဆေးဘက်ဆိုင်ရာစာတမ်းတွေမှာလည်း အတိအလင်းဖော်ပြထားတာဖြစ်လို့ Daily Schedule လေးတွေကိုတက်နိုင်သလောက် စနစ်တကျလုပ်တက်တဲ့ အကျင့်လေးမွေးမြူထားဖို့လိုပါတယ်။​

2) Set simple and achievable goals

“ငါဒီညကို စာဖတ်ရမယ်” ဆိုတာထက် “ငါဒီည မိုးမိုး(အင်းလျား)ရဲ့ ဝထ္ထုတို ၂ ပုဒ်ပြီးအောင်ဖတ်ရမယ်” ဆိုတာမျိုးက ပိုလို့ဖြစ်သင့်ပါတယ်။ အကြမ်းဖျဉ်းထက် တိတိကျကျရှိနေတော့ လုပ်ဖြစ်ဖို့ပိုနီးစပ်ပါတယ်။​

3) Set a deadline

လူတော်တော်များများပြောကြတာရှိပါတယ် “တစ်နေ့နေ့မှာ ဘာဖြစ်ရမယ် ညာဖြစ်ရမယ်…” အစရှိသည်ဖြင့်ပေါ့။

တစ်နေ့နေ့ဆိုတာ မြန်မာသဒ္ဒါသဘောအရကိုက မသေချာသောအနာဂါတ်ကိုပိုပြီး ရည်ညွှန်းပါတယ်။ ဒါကြောင့် တစ်နှစ်အတွင်း ဒါမှမဟုတ် လာမယ့်ငါးနှစ်အတွင်း အစရှိသဖြင့် အချိန်ကာလတစ်ခုခုကိုသတ်မှတ်ပြီး ကြိုးစားလုပ်ဆောင်တာကသာ ပိုမိုထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်။​

4) Time Limit

လုပ်စရာရှိတဲ့ အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ ကျောင်းစာပဲဖြစ်ဖြစ် အချိန် Limit လေးနဲ့ထားပြီးလုပ်သင့်ပါတယ်။ “ဒီ အလုပ်ကိုဒီနေ့ အပြီးလုပ်ရမယ်” ဆိုတာထက်

“ဒီအလုပ်ကို ဒီနေ့ နေ့လည် ၁ နာရီမှာအပြီးလုပ်ရမယ်” ဆိုတာမျိုးဖြစ်သင့်ပါတယ်။ ဒီအချက်ကိုတော့ ကိုယ့်ရဲ့ Daily Schedule နဲ့ချိတ်ဆက်မှုကောင်းကောင်းလုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။​

5) Get the hard stuff done first

လွယ်ကူတာနဲ့ခက်တာဆို လွယ်တာပဲအရင်လုပ်ပြီး ခက်တာကျနောက်မှလုပ်ဖြစ်ကြတာများပါတယ်။ ဒါကြောင့် အခုကစလို့ လွယ်တာနဲ့ခက်တာ ၂ ခုယှဉ်လာရင် ခက်ခဲတာကို အရင်လုပ်ကြည့်ကြတာပေါ့ဗျာ။​

6) Reward yourself

ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးပါ။ ဒီအပိုင်းကတော့ Self-Control ဘယ်လောက်ကောင်းတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း စစ်ဆေးပြီးသားဖြစ်တာပေါ့။ ဆုပဲပေးနေပြီး ဒဏ်မပေးနိုင်ပြန်ရင်လည်း သိပ်မထိရောက်နိုင်ပါဘူး။ ဒါကြောင့် ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးပါ။​

7) Take a break

ခေတ္တအနားယူပါ။ “နောက်မှလုပ်တော့မယ်ကွာ” ဆိုတာထက် ၁၀ မိနစ် ၁၅ မိနစ်လောက် စိတ်ပြေလက်ပျောက်တစ်ခုခုလုပ်ပြီးတာနဲ့ ချက်ချင်းပြန်အစပြုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။​

ဒါကြောင့်မို့ တိကျသေချာတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင် သေးသေးလေးကအစ သတိထားလုပ်ဆောင်နိုင်ဖို့လိုပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် ရေတွက်မှုတိုင်းဟာ ၁ ကစပါတယ်။ ကျွန်တော်ကတော့ သေးသေးလေးတွေကစပြီး ပြောင်းလဲမှုတွေ စပြီးလုပ်နေပါပြီ။ ဒီ Blog လေးကိုလည်း လိုအပ်တဲ့အချက်အလက်တွေစုဆောင်းပြီးတာနဲ့ တစ်ညအတွင်းအပြီးရေးထားခြင်းဖြစ်ပါတယ်။