လူတစ်ယောက်က လိုအပ်တာထက်အရက်ပိုသောက်မိနေပြီ၊ မကြာခဏအရက်သောက်ချင်စိတ်ဖြစ်နေပြီ၊ အရက်သောက်ဖို့ကို “No” လို့ပြောဖို့ခက်နေပြီဆိုရင်တော့ သင့်ကိုသင် အရက်ဖြတ်ဖို့ သုံးသပ်သင့်နေပါပြီ။ ရေရှည်မှာဆိုရင်တော့ လွန်လွန်ကျူးကျူးအရက်သောက်ခြင်းက ကျန်းမာရေးအရ မကောင်းသော အကျိုးသက် ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ပထမဆုံး သင်အရက်ကိုချက်ချင်း ဖြတ်ချင်သော်လည်းပဲ ချက်ချင်းဖြတ်ဖို့ မဖြစ်နိုင်ပါဘူး။ ထောင်ပေါင်းများစွာသောခရီးကို ခြေတစ်လှမ်းနဲ့စလှမ်းသလိုပါပဲ။

၁) တစ်နေ့ နည်းနည်းလျှော့သောက်သွားပါ။ သင်က တစ်နေ့လုံးလိုလို အရက်သောက်ချင်စိတ်ဖြစ်ပေါ်နေပြီး အရက်သောက်ချင်စိတ်ဖြစ်ပေါ်လာတိုင်း သောက်မိနေတတ်တယ်ဆိုရင်တော့ သေချာတယ်သင်အရက်စွဲနေပါပြီ။ သင်တကယ်အရက်ဖြတ်ချင်တယ်ဆိုရင် တစ်နေ့သောက်နေကျပမာဏထက် တစ်နေ့နည်းနည်းလျှော့သောက် သွားတာ အကောင်းဆုံးပါ။

၂) အစားများများစားပါ။ သင်အရက်မသောက်ခင်မှာ အစာများများစားပေးပါ။ အဲဒါက သင့်ကိုဗိုက်ပြည့်စေတဲ့ အတွက် သင့်ရဲ့အရက်သောက်မယ့်ပမဏကို လျော့ကျစေနိုင်ပါတယ်။

၃) အရက်သောက်တဲ့ပမာဏကို မှတ်သားထားပါ။ အဲဒါက သင်ဘယ်လောက် ပမာဏတောင် ပိုသောက်မိ နေသလဲဆိုတာ သင်ကိုယ်တိုင်ကိုသိသွားစေနိုင်ပါတယ်။ အရက်စွဲနေတဲ့သူအများစုက အရက်ကို မကြာခဏ သောက်နေတတ်တာကြောင့် ပမာဏကို လုံးဝမမှန်းနိုင်တာကြောင့်လဲပါပါတယ်။ သင်တကယ်အရက်ပြတ်ချင် တယ်ဆိုရင်တော့ သင်သောက်နေကျပမာဏကို မှတ်ထားလိုက်ပါ။ သင့်ရဲ့ပုံမှန်ပမာဏထက် လျှော့သောက် ဖြစ်အောင် ဂရုစိုက်ပါ။

၄) အပေါင်းအသင်းတွေနဲ့ အရက်သောက်ဖို့ ဆွယ်တတ်သူတွေကို ရှောင်တာအကောင်းဆုံးပါ။ အပေါင်းအသင်း တွေနဲ့ကြုံလို့ တစ်ခါတစ်လေ အရက်သောက်ဖြစ်တာမျိုးက သိပ်ပြဿနာမရှိပေမယ့် အမြဲလိုသောက်ဖြစ် နေတာကတော့ သင့်ဘဝမှာ ပြဿနာဖြစ်လာပါပြီ။ အဲဒီ့တော့ တစ်ခါတစ်လေသောက်တာပဲဆိုပြီး လာဆွယ်တတ် တဲ့ အပေါင်းအသင်းတွေကို ပြတ်ပြတ်သားသားငြင်းပစ်ပါ။

၅) ရေသောက်ပါ။ အရက်သောက်ပြီးတိုင်းရေများများသောက်ပစ်တာက သင့်အစာအိမ်ကို မြန်မြန်ပြည့်အင့်စေတဲ့ အတွက် အရက်သောက်ချင်စိတ်လျော့နည်းစေနိုင်ပါတယ်။ အရက်လည်းမမူးစေတော့ဘဲ သင့်ကို သင်ထိန်းချုပ် နိုင်လာပါတယ်။

၆) အချိန်ဇယားလုပ်ထားပါ။ တစ်ပတ်လုံးမှာ သင်အရက်သောက်မိတဲ့နေ့ကို ဇယားမှာ မှတ်ထားတာမျိုးလုပ်ပါ။ အဲဒါက အခြေအနေမှန်ကို သင့်ကိုယ်တိုင်လည်း သိသွားစေနိုင်ပါတယ်။

၇) အားကစားလုပ်ဖို့အချိန်ပေးပါ။ အားကစားလုပ်ဖို့ အချိန်တစ်ခုသတ်မှတ်ထားပါ။ အားကစားလုပ်ခြင်းက သင့်ရဲ့ အရက်သောက်တတ်တဲ့အပေါင်းအသင်းတွေနဲ့ပိုပြီး ဝေးကွာစေသလို တခြားသောအရာတွေမှာ အာရုံစူးစိုက်မှု ပိုကောင်းလာစေတဲ့အတွက် အရက်သောက်ဖို့တောင် အာရုံမေ့လျော့စေနိုင်ပါတယ်။

၈) ကိုယ့်ကိုကိုယ်အလိုမလိုက်ပါနဲ့။ အရက်သောက်ချင်စိတ်ပေါ်လာတိုင်း ကိုယ့်ကိုကိုယ်အလိုမလိုက်မိပါစေနှုင့်။ အရက်သောက်ချင်စိတ်တစ်ခါပေါ်လာတိုင်း တစ်ခါ ကိုယ့်ကိုကိုယ်အလိုလိုက်မိတာက သင့်ရဲ့အရက်စွဲလမ်းမှုကို ပြန်လည်စတင်နိုင်ပါတယ်။

၉) သက်ဆိုင်ရာဆရာဝန်နှင့်တိုင်ပင်ပါ။ လုံးဝကို ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ပါဘူး။ တကယ်လည်း အရက်ကို ဖြတ်ချင်နေပါတယ်ဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။ အထက်ပါအချက်တွေ ကို ကျင့်သုံးကြည့်ပြီး အရက်ဖြတ်ဖို့ကြိုးစားကြည့်နိုင်ပါစေ။