တနင်္ဂနွေသားသမီးများ

ကံကောင်းသောဂဏန်းများမှာ ၃၊ ၄၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ယတြာကတော့ တနင်္ဂနွေနေ့မှာ တန်ခိုးကြီးဘုရား တနင်္ဂနွေထောင့်မှာ မြေဇာ ၉ ညွန့်၊ သပြေ ၉ ညွန့်၊ ကံ့ကော် ၉ ညွန့် ကပ်လှူပါ။

တနင်္လာသားသမီးများ

ကံကောင်းသောဂဏန်းများမှာ ၂၊ ၆၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ယတြာကတော့ တနင်္လာနေ့မှာ တန်ခိုးကြီးဘုရား တနင်္လာထောင့်မှာ အုန်း ၉ ညွန့်၊ ဒါန်း ၉ ညွန့်၊ ရွက်လှ ၉ ညွန့် လှူပါ။

အင်္ဂါသားသမီးများ

ကံကောင်းသောဂဏန်းများမှာ ၃၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ယတြာကတော့ အင်္ဂါနေ့မှာ တန်ခိုးကြီးဘုရား အင်္ဂါထောင့်မှာ စပါယ် ၅ ကုံး ကပ်လှူပါ။ ရေ ၅ ခွက် သပ္ပါယ်ပါ။ ဖယောင်းတိုင် ၅ တိုင် ပူဇော်ပါ။

ဗုဒ္ဓဟူးသားသမီးများ

ကံကောင်းသောဂဏန်းများမှာ ၅၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ယတြာကတော့ ဗုဒ္ဓဟူးနေ့မှာ တန်ခိုးကြီးဘုရား ဗုဒ္ဓဟူးထောင့်မှာ ရေသက်စေ့ သပ္ပါယ်ပါ။

ကြာသပတေးသားသမီးများ

ကံကောင်းသောဂဏန်းများမှာ ၂၊ ၄၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ယတြာကတော့ ကြာသပတေးနေ့မှာ နေအိမ်ဘုရားစင်မှာ သက်သက်လွတ် ခေါက်ဆွဲကြော် ကပ်လှူပါ။

သောကြာသားသမီးများ

ကံကောင်းသောဂဏန်းများမှာ ၂၊ ၄၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ယတြာကတော့ သောကြာနေ့မှာ တန်ခိုးကြီးဘုရား သောကြာထောင့်မှာ သက်သသက်လွတ် ကြံကြာကြော် ကပ်လှူပါ။

စနေသားသမီးများ

ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ယတြာကတော့ စနေနေ့ တန်ခိုးကြီးဘုရား စနေထောင့်မှာ ထီးနီ ၃ လက်၊ ထီးဖြူ ၃ လက် ကပ်လှူပါ။