စိတ်ဓာတ်မာကျောလွန်းပါတယ်၊ ဘာကြောင့်မှ မလဲပြိုပါဘူးဆိုတဲ့လူတောင် ဖတ်ထားသင့်၊ သိထားသင့်တဲ့အကြောင်းအရာလေး ဆွေးနွေးကြမယ်
Depression ကိုဘယ်လိုတားဆီးမလဲ မပြောခင်မှာ depression ဘာကြောင့်ဝင်သလဲဆိုတာလေး ဆွေးနွေးကြရအောင်
ကိုယ်ဘာကြောင့်စိတ်ဖိစီးနေသလဲ တပ်အပ်မသိသေးပေမယ့် သေချာတာကတော့ အဆင်မပြေတဲ့အကြောင်းအရာတွေအများကြီး ဆက်စပ်နေရာက depression ဖြစ်ပေါ်လာတာပါ။
ကိစ္စတခုတည်းကြောင့်မဟုတ်ဘဲ လတ်တလောကဖြစ်ထားတဲ့ပြသနာ ဒါမှမဟုတ် long-term အဆင်မပြေမှူတွေ ပေါင်းစုပြီး
အားသဖွယ် စိတ်ဒဏ်ပိလာတာပါ။
လူတစ်ယောက်ချင်းစီတိုင်းကို စိတ်ဖိစီးစေတဲ့အရာမေးရင် တစ်မျိုးစီထွက်လာမှာပါပဲ လူရယ်လို့ဖြစ်တည်လာမှတော့ လောကဓံကိုလည်း ရင်ဆိုင်ကြရမှာပေါ့ ….. ပြောပြလို့တောင်အဆင်မပြေတဲ့ မိသားစုပြသနာတွေ… ပုဂ္ဂိုလ်ရေးရာ အားနည်းချက်တွေ….
ကျန်းမာရေးချို့တဲ့မှူတွေ…. အလုပ်အဆင်မပြေမှူတွေ…. ဆေးနဲ့အရက်သေစာ သုံးစွဲရာက စိတ်ထိန်းချုပ်ဖို့ခက်လာတာတွေ…..
ဒါတွေ ရင်ဆိုင်နေစဉ်မှာ ကိုယ့်စိတ်ကို ဘယ်လိုထားမလဲက အရေးကြီးဆုံးပါ
ကိုယ့် depression အတွက် ပထမဆုံး ကုသပေးမယ့်ဆရာဝန်ကတော့ ကံ့ကော်တို့ကိုယ်တိုင်ပါပဲ….
ပထမဆုံး ကိုယ့်စိတ်ကို အရင်နားလည်အောင် လုပ်ပါ။
ကျမတို့ စိတ်ညစ်နေပြီဆိုရင် စိတ်ညစ်တာကို အာရုံအရင်မစိုက်ပဲ ဘာကြောင့်စိတ်ညစ်ရသလဲ အဖြေရှာပါ။ ဘယ်သူ့ကြောင့်လဲ?
ဘာကြောင့်လဲ? သိအောင် အရင်လုပ်ရမှာဖြစ်ပါတယ်။
ယနေ့ ကျမတို့ သေလောက်အောင် စိတ်ညစ်နေရတဲ့အခြေအနေဟာ တသက်လုံးအတွက်မဟုတ်ဘူးဆိုတာ သတိရပါ
အချိန်ဟာ ခံစားချက်တွေ၊ဒေါသတွေ၊ဝမ်းနည်းပူဆွေးမှူတွေ အကုန်လုံးကို တိုက်စားသွားမှာပါ။အခုအခြေအနေနဲ့ သင်တစ်သက်လုံး နေရမှာမဟုတ်ပါဘူး။
ဒီနေ့ဟာ မနက်ဖြန်မဟုတ်ပါဘူး။
ဆိုလိုတာကတော့ Bad dayတစ်နေ့ကြုံရတာနဲ့ မနက်ဖြန်မှာလည်း အဆိုးတွေပဲလာမှာမဟုတ်ပါဘူး။ ဒီနေ့အဆင်မပြေတာတွေကို စာအုပ်ထဲ ချရေးလိုက်။ အဆင်မပြေတဲ့အရာတခုကိုပဲ အာရုံစိုက်မနေဘဲ အဆင်ပြေပြေပြီးစီးခဲ့တဲ့အရာလေးတွေကိုလည်း ပြန်တွေးပေးပါ။
Depression ဝင်နေတဲ့အချိန်မှာ သင့်စိတ်ကပြောနေတာရဲ့ ဆန့်ကျင်ဘက်ကိုလုပ်ပါ။
“ငါ ဘာလုပ်လုပ်ပျော်ရမှာမဟုတ်ပါဘူးလေ” “ဒီအလုပ် မရလောက်ပါဘူးလေ” စသဖြင့် ကိုယ့်စိတ်က ပြန်ပြောနေပါလိမ့်မယ် depression ဝင်နေတုန်းပြောတဲ့ သင့်စိတ်ကို နားမထောင်ပါနဲ့
တနေ့ပြီးမြောက်ရမယ့် အလုပ်သေးလေးထားပါ။
Long-list goals ကြီးရေးထားမယ့်အစား၊ ပြီးမြောက်နိုင်တဲ့ goals လေးတွေအရင်ထားကြည့်ပါ။ ဒီအလုပ်လေးတွေပြီးသွားတဲ့အခါ ကိုယ့်ကိုယ် rewardလုပ်ပါ။
ကျမဆိုရင် ကိစ္စတခုပြီးတိုင်း သေးသေးလေးကအစ ကိုယ့်ကိုကိုယ်ဆုပေးတယ်။
ကောင်းတဲ့မုန့်လေးဝယ်စားလိုက်တာမျိုး၊ အဝတ်အစားဝယ်လိုက်တာမျိုး၊ နားချိန်ယူလိုက်တာမျိုး… စသဖြင့်ပေါ့
 Daily Gentle Schedule လေးထားပါ။
စိတ်ညစ်နေရင် မနက်နိုးလာကတည်းက အဓိပ္ပါယ်မရှိသလိုခံစားတတ်ပါတယ်။ နိုးထရမယ့်အကြောင်းအရင်းမရှိဘူးလို့ ခံစားတတ်တယ်။
ဒီခံစားချက်ကနေရုံးထွက်ရမယ်။ အိပ်ရာထဲမှာဘဲ စိတ်ညစ်မနေဘဲ ရုန်းထပါ။ သန့်ရှင်းရေးထလုပ်လိုက်တာဖြစ်ဖြစ်၊ အဝတ်လျော်တာဖြစ်ဖြစ်၊ စာအုပ်စင်ရှင်းတာဖြစ်ဖြစ် တခုခုတော့ထလုပ်လိုက်ပါ။
စိတ်ပျော်စေမယ့်အရာတွေရှာဖွေပါ။
  • ဇာတ်ကားကြည့်မလား?
  • စာဖတ်မလား?
  • ချစ်တဲ့သူတွေအနား သွားနေမလား?
  • ဝါသနာတခုခုလုပ်နေမလား?
  • သဘာဝတရားနဲ့ အပန်းဖြေမလား?
အတွေ့အကြုံအသစ်ရှာဖွေပါ။
အရင်ကတခါမှ မလုပ်ဖူးတဲ့အရာတွေလုပ်ကြည့်ပါ​။ ဝါသနာအသစ်တွေ စမ်းကြည့်ပါ။ ​နယ်မြေသစ်တွေဆီသွားပါ​။
ကဲ စိတ်ဓာတ်ကျနေတာဖြစ်ဖြစ် စိတ်လေနေတာဖြစ်ဖြစ် အခန်းအောင်းနေတာတို့ အိပ်နေတာတို့မလုပ်ဘဲ အပေါ် က အချက်လေးတွေ ကို လိုက်လုပ်ကြည့်ပါနော်……
စိတ်ချမ်းသာတဲ့နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ပါစေ….

You missed