IQ ( Intellective Quotient ) ဆိုတာ လူတစ်ယောက် ၏ ဥာဏ်ရည်ဥာဏ်သွေး အဆင့် အတိုင်းအတာပါ။

IQ က မျိုးရိုး၊ မွေးရာပါနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ လူတွေဟာ ကိုယ့်ကိုယ်ကို နိုင်နင်းမူ့၊ စိတ်စွမ်းရည်ပြည့်၀မူနဲ့သက်ဆိုင်တဲ့ EQ ( Emotional Quotient) ကို ပိုအလေးထားပါတယ်။

ဒါပေမဲ့ အောင်မြင်တဲ့လူတွေကို လေ့လာကြည့်တော့ အခက်အခဲ ကို ဖြေရှင်းကျော်လွှားနိုင်တဲ့ စိတ်စွမ်းရည် Adversity Quotient ( AQ ) က အရေးပါဆုံး ဖြစ်နေတယ်။

AQ ကို စတင်ဖေါ်ထုတ်သူ အမေရိကန်ပညာရှင် Paul Si Tuoci က AQ ကောင်းသူများမှာ အချက် ( ၄ )ချက် တွေ့တယ်တဲ့…
က။ AQ မြင့်မားသူများဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မြင့်တယ်။ AQ မြင့်မားသူများဟာ အဆိုးထဲကနေ ကောင်းတဲ့အကွက်ကို ရှာတွေ့တတ်တယ်။ ကိုယ့်စိတ်ကို နိုင်နင်းကြပြီး အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ရှိကြတယ်။

ခ။ AQ မြင့်သူဟာ ပြသနာရဲ့အကြောင်းရင်းကို ကိုယ့် ဆီမှာ အရင်စရှာတတ်တယ်။ သူနဲ့ ဆန့်ကျင်ဖက် လူတွေက တော့ အဆင်ပြေနေတဲ့အချိန် ကိုယ်တော်လို့ ထင်ပြီး ပြသနာဖြစ်ရင် တော့ ဟိုလူကြောင့်၊ ဒီလူကြောင့် လုပ်တတ်ကြတယ်။

ဂ။ AQ မြင့်သူက ပြသနာကို ပုံကြီးမချဲ့ဘူး။ အခက်အခဲကို ပုံကြီးချဲ့ တတ်သူဟာ နည်းနည်းကြီးတဲ့ အခက်အခဲ ကြုံတာနဲ့ နလန်မထူ ဖြစ်တတ်တယ်။

ဃ။ AQ မြင့်သူဟာ သီးခံနိုင်စွမ်း မြင့်ကြတယ်။ ပြသနာ ဘယ်လောက်ကြီးကြီး သူတို့ရှေ့ ရောက်လာပြီဆိုရင် တည်တည်ငြိမ်ငြိမ် ဖြေရှင်းတတ်တယ်။

AQ မြင့်မားအောင် ဘယ်လိုလေ့ကျင့်မလဲ…..

၁။ ဆုံးရူံးမူကို သတ္တိရှိရှိ ရင်ဆိုင်မယ်

ဆုံးရူံးမူဒဏ် ရင်ထဲမှာ ဖိစီးလာရင်ခနနား။ ရင်ထဲ ဖြစ်နေတဲ့ မကျေနပ်သံကို နားထောင်။ စဉ်းစားဥာဏ်သုံးပြီး ချေပစရာမလိုဘူး။ ရင်ထဲက မကျေနပ်ချက် အားလုံး အန်ထွက်သွားရင် စိတ်ပေါ့သွားမယ်။ ဆုံးရူံးမူဒဏ် လွမ်းမိုးခြင်းက ရေလွမ်းခြင်းနဲ့တူတယ်။ တားဆီးပိတ်ပင်ဖို့ မလွယ်ဘူး။ ရေလွှဲမြောင်း ဖောက်ပေးရမှာဖြစ်ပါတယ်။

၂။ ခံစားရတာတွေ ချက်ချင်းရေးချပါ

လူအများက စိတ်သောက​​တွေကို မှတ်တမ်းတင်ဖို့ အားမပေးဘူး။ ဒါပေမဲ့ တကယ်ခံစားရပြီဆိုရင် ရေးချလိုက်တာ စိတ်သက်သာ တယ်။ ရေးရင်းရေးရင်းနဲ့ ဖြေရှင်းတဲ့ နည်းလမ်းကိုပါ တွေ့နိုင်တယ်
ဒေါသထွက်တယ်၊ စိတ်ညစ်တယ်၊ ဆိုတာ ခနတာခံစားမူတွေ ဖြစ်လို့ ရေးချထားလိုက်ပါ။ နောက်တစ်နေ့ ပြန်ဖတ်ကြည့် အသေးအဖွဲ ဖြစ်​လိမ့်မယ်။

၃။ အခက်အခဲပြသနာကို ဘောင်ခတ်ထားပါ

အလုပ်ခွင်မှာ ဒေါသထွက်ရင် ဒီပြသနာကို အလုပ်ခွင်မှာပဲ ထားခဲ့။ ရုံးဆင်းလို့ အိမ်ပြန်ရင် ချစ်စရာကောင်းတဲ့ ခင်ပွန်း၊ လေးစားထိုက်တဲ့ ဖခင်နေရာ ပြန်ရောက်သွားပစေ။ အလုပ်နဲ့ အိမ် အပြန်အလှန် စိတ်အနှောက်အယှက် မပေးမိအောင် သူ့နေရာနဲ့ သူ၊ သူ့ပြသနာနဲ့ သူ ဘောင်ခတ်ထားပါ။

၄။ အောင်မြင်ဖို့ လွယ်တဲ့ ရည်မှန်းချက်လေးတွေချပါ

ရည်ရွယ်ချက်ကြီး​လေ အောင်မြင်မူ ကြီးလေ ဆိုတာမှန်တယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ကြီး​လေ စိန်ခေါ်မူ ကြီးလေ ပါ ။ ဘယ်လောက် ဇွဲလုံ့လ ဝီရိယ နဲ့ ပြည့်စုံဦး။ ဆုံးရူံးမူကို ဆက်တိုက် မခံနိုင်ဘူး
ဒါကြောင့် လက်တွေ့ကျတဲ့၊ ရည်မှန်းချက် လေးတွေ နဲ့ လုပ်။ ဒါက တဖြည်းဖြည်း ရည်ရွယ်ချက်ကြီးကြီး လုပ်တတ် သွားမှာဖြစ်ပါတယ်။

၅။ ဝါသနာတစ်ခုခု ပျိုးထောင်ထားပါ

အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့ အချိန် ဝါသနာပါရာကို လုပ်နေရင် အာရုံလွှဲပြောင်း ပြီး ဖြစ်သလို ဒီ အချိန်မှာပဲ ကိုယ့်ပြသနာကို ရှင်းဖို့ နည်းလမ်းတွေ့သွားနိုင်တယ်။

၆။ အပြုသဘောဆောင်တတ်တဲ့၊ အကောင်းမြင်တတ်တဲ့ မိတ်ဆွေတွေ ကို ရွေးပေါင်းပါ

မိမိပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်တဲ့သူ သဘောထားကြီးတဲ့သူ အပြုသဘော ပြောဆို ဆက်ဆံတတ်တဲ့သူကို ‌ရွေးပေါင်းတာကလည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ AQ တိုးတက်လာမှာပါ ။