မိမိကိုယ်ကို ယုံကြည်မှု၊ သေချာမှု လျော့နည်းခြင်းကို insecurity (စိတ်မလုံခြုံမှု) လို့ ခေါ်ပါတယ်။
insecurity က လူအများစု ခံစားဖူးတာချည်းပါဘဲ။ မခံစားဖူးတဲ့သူရယ်လို့လဲ ရှားပါတယ်။
ဘယ်လိုမျိုး insecurity တွေ ခံစားရလဲဆိုရင်..
- မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းတာ
- ရုပ်ရည်ခန္ဓာကိုယ်သွင်ပြင်မှာ ယုံကြည်မှု လျော့နည်းတာ
- ဘဝဦးတည်ချက် မဲ့သလို ခံစားရတာ
- လူတွေအထင်သေးတယ်လို့ ခံစားရတာ
- အဆိုးမြင်တတ်လာတာ
- ဖိအားများလာတာ
- စိတ်ဓာတ်ကျအားငယ်တာ
- မိမိကိုယ်ကို လေးစားမှု လျော့နည်းတာ
- လူတွေနဲ့ ဝေးဝေးမှာ နေလိုတာ … စသဖြင့် ခံစားလာရတတ်ပါတယ်။
လူတစ်ယောက်ကို insecurity ဖြစ်စေတဲ့ အကြောင်းအရင်းတွေက မိဘများ၊ အနီးအနား လူတွေဆီက ဖိအားရတာ
မိဘတွေက သားသမီးတွေကို သူတို့ဖြစ်စေချင်တဲ့ ပုံကို ပုံသွင်းလေ့ရှိပါတယ်။
ဖြစ်မလာရင် အပြစ်တင်တာမျိုး ရှိလာတဲ့အခါ သားသမီးတွေဆီမှာ insecurity ခံစားရလေ့ရှိပါတယ်။ ကိုယ့်ကို သူတို့က ယုံကြည်မှုမရှိဘူးလို့ ခံစားရတဲ့အခါ ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှု နည်းလာပါတယ်။
ဒီလို ဖိအားမျိုးကို မိဘတွေတင်မက အနီးအနားမှာရှိတဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူတွေဆီကလဲ ရနိုင်ပါတယ်။
- စိတ်ဒဏ်ရာရစေတဲ့ အဖြစ်အပျက်
စိတ်ဒဏ်ရာရလောက်အောင်ထိ အနှိမ်ခံခဲ့ရတာကြောင့်လဲ insecurity ဝင်နိုင်ပါတယ်။ ချစ်ခင်သူတွေနဲ့ ခွဲခွာခဲ့ရလို့ သူတို့ထပ်ထားသွားမှာ ကြောက်ပြီး insecurity ဖြစ်နိုင်တာလဲ ရှိပါတယ်။ ကြုံခဲ့ရတဲ့ ဝမ်းနည်းစရာ စိတ်ဒဏ်ရာတွေကြောင့် ပြန်ခံစားရမှာ ကြောက်တာမျိုးပါ။ ဥပမာ – ဓာတ်လိုက်ဖူးတဲ့ သူတွေက ဓာတ်လိုက်တတ်တဲ့အရာတွေနား သွားရမှာ ကြောက်တတ်သလိုမျိုးပါ။
- ငွေကြေးအခက်အခဲ
ငွေရေးကြေးရေးကတော့ လူတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းမှာ ပါဝင်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ငွေကြေးခက်ခဲနေတယ်ဆိုရင် ပျော်စရာတွေ ရှိရင်တောင် ငွေကြေးအတွက် စိုးရိမ်ပူပန်တာတွေ ထပ်ဆင့်ပါလာနိုင်ပါသေးတယ်။ စိတ်မလုံခြုံမှု insecurity ဖြစ်စေတဲ့အထဲမှာ ငွေကြေးအခက်အခဲကလဲ ပါပါတယ်။ ငွေကြေးမပြည့်စုံလို့ အားငယ်ရတာမျိုးပါ။
- ငယ်စဉ် မွေးကင်းစ စောင့်ရှောက်သူထံမှ လိုအပ်ချိန် အနားမရှိပေးခြင်း
စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုမှာ ငယ်ငယ်က အမှတ်တရတွေကလဲ လာရောက်ထင်ဟပ်တတ်ပါတယ်။ ကလေးမို့လို့ မမှတ်မိဘူးလို့ ထင်ကြပေမယ့် မွေးကင်းစဘဝမှာ ဘေးနားမှာ လိုအပ်ချိန် လူမရှိခဲ့တာ ကြီးတဲ့အထိ insecurity ပါတတ်ပါတယ်။
- abuse လုပ်ခံရဖူးခြင်း
ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော abuse လုပ်ခံရဖူးခြင်းကလဲ insecurity ကို ဖြစ်စေပါတယ်။ အဲ့အရာနဲ့ ပတ်သက်ပြီး ကိုယ့်စိတ်ကို မလုံခြုံတော့တာမျိုး၊ လူတွေကိုလဲ ကြောက်တတ်လာတာမျိုးပါ။
- သီးသန့်နေရခြင်း၊ အထီးကျန်ခြင်း
အကြောင်းကြောင်းကြောင့် တစ်ယောက်ထဲ နေရတဲ့အခါတွေ များလာတဲ့အခါ သီးသန့်နေရတာကို ကြိုက်တတ်လာတာမျိုးရှိပါတယ်။ ဒီကနေ လူတွေနဲ့ ဆက်ဆံပေါင်းသင်းဖို့ တွန့်ဆုတ်တာမျိုး ဖြစ်လာပြီး insecurity ကို ဖြစ်စေပါတယ်။ ကိုယ်တိုင် သီးသန့်မနေချင်ဘဲ ပစ်ထားခံရတာမျိုး ခံစားရရင်လဲ အထီးကျန်လာပြီး စိတ်မလုံခြုံမှုတွေ ဖြစ်လာပါတယ်။
insecurity ကြောင့် relationship တွေကို ဘယ်လိုထိခိုက်စေလဲ?
ကိုယ့်ကိုကိုယ် စိတ်မလုံခြုံမှုကို မထိန်းနိုင်တဲ့အခါ အနားမှာရှိတဲ့ relationship တွေကို ထိခိုက်စေပါတယ်။ လူတွေကို အရမ်းတွယ်ငြိတတ်သလို တွယ်ငြိမှာစိုးလို့ ရှောင်တတ်တာမျိုးလဲ ရှိပါတယ်။ ကိုယ့်အနားက လူတွေကို သံသယတွေများပြီး အဆိုးမြင်တာတွေလဲ များလာပါတယ်။
insecurity နဲ့ စိတ်ကျန်းမာရေးပြဿနာတွေ အများစုကလဲ ဆက်စပ်နေလား?
insecurity ကြောင့် စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာတွေ ဖြစ်နိုင်ပါတယ်။ အဲ့အပြင် တစ်ချို့ disorder, personality တွေ ရှိတဲ့ သူတွေမှာလဲ insecurity ရှိနေပါတယ်။ ဥပမာ – narcissistic personality ရှိတဲ့သူတွေဟာ သူတို့ရဲ့ ကြီးမားတဲ့ insecurity တွေ ဖုန်းကွယ်ဖို့အတွက် အပြင်မှာ မောက်မာကြွားဝါတတ်ကြပါတယ်။
- insecurity ကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ?
- insecurity ဖြစ်နေတာကို နားလည်လက်ခံပေးပါ။
လူတိုင်းဖြစ်တတ်တာမို့ အားနည်းတယ်လို့ မတွေးဘဲ ကိုယ့်ဘာကိုယ် နားလည်လက်ခံပြီး အဖြေရှာသင့်ပါတယ်။
insecurity ဖြစ်စေတဲ့ အရင်းအမြစ်ကို ရှာကြည့်ပါ။
တကယ်ကိုယ့်ကို insecurity ဖြစ်စေတဲ့ အကြောင်းအရင်းကို ရှာခြင်းက အဖြေရှာတွေ့ဖို့ အထောက်အကူဖြစ်စေပါတယ်။
- စိတ်မလုံခြုံမှုကို ပွင့်ပွင့်လင်းလင်းပြောပြပေးပါ။
ကိုယ် ခံစားရတဲ့အရာကို ပြောပြမှ အကူအညီရနိုင်မှာမို့ ပွင့်ပွင့်လင်းလင်း ချစ်ခင်ရသူတွေကို ပြောပြပါ။ ဒါမှမဟုတ် mental health provider, physical health provider တွေကိုလည်း ပြောပြနိုင်ပါတယ်။
- အကောင်းမြင်စိတ်မွေးပေးပါ။
ဘယ်အရာတွေ လိုအပ်နေလဲဘဲ အမြဲမကြည့်ဘဲနဲ့ ကိုယ့်မှာရှိတဲ့ အရာတွေ၊ ကိုယ်ရနေတဲ့ အရာတွေကို ကြည့်တတ်အောင်လဲ အကောင်းမြင်စိတ်မွေးဖို့ လိုပါတယ်။
- ကိုယ်ကျန်းမာရေးကိုလဲ ဂရုစိုက်ပါ။
ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ ဆိုတဲ့ စကားလိုမျိုး ကိုယ်ကျန်းမာရေးကိုလဲ ဂရုစိုက်ရင် အပူအပင်တွေ သက်သာနိုင်ပါတယ်။
- ကိုယ့်ရဲ့ အတိုင်းအတာ limit ကို သိပေးပါ။
ကိုယ့်ရဲ့ limit ကို သိပြီး တခြားသူတွေနဲ့ ကိုယ့်ရဲ့ ကွဲပြားခြားနားမှုကိုလဲ လက်ခံပေးပါ။ ကိုယ့်ရဲ့ ကောင်းမွန်တဲ့ အရာတွေကိုလဲ appreciate လုပ်ပေးပါ။
- ပညာရှင်တွေဆီက ဂရုစိုက်မှုကို ရယူပါ။
စိတ်ကျန်းမာရေးကို အထူးဂရုစိုက်ပေးတဲ့ counselors, psychiatrists, psychologists, therapists တွေကတော့ လူတွေရဲ့ အကြောင်းကို အကောင်းဆုံးနားလည်ပြီး မဝေဖန်ဘဲ အရှိကို အရှိအတိုင်း ဂရုစိုက်ပေးတဲ့ အတွက် သူတို့ဆီကလဲ အကူအညီ ရယူသင့်ပါတယ်။
insecurity တွေ လျော့နည်းပြီး စိတ်လုံခြုံမှုတွေ ရရှိကြပါစေ။

 
                        