What Is Positive Psychology?

Positive Psychology အကောင်းမြင်စိတ်ပညာဆိုတာဘာလဲ..

Strengthen your brain’s ability to pay attention to the positive.

ဦးနှောက်ရဲ့ စွမ်းရည်ကိုအကောင်းဘက်ကိုအာရုံထားတတ်အောင် လေ့ကျင့်ပြီး..သန်စွမ်းစေခြင်းပဲဖြစ်ပါတယ်
လေ့ကျင့်မယ်ဆိုရင် ဦးနှောက်ရဲ့တွေးခေါ်ပုံတွေးခေါ်နည်းတွေဟာ တကယ်ကိုသန်စွမ်းလာတတ်ပါတယ်
ခြွင်းချက်တွေတော့ ရှိတာပေါ့လေ..

နေရာတကာမှာ အစွန်းရောက်နေလို့တော့ မရပါဘူး..
အကောင်းမြင် အတွေးနဲ့အရာရာကိုတွေးတတ်..မြင်တတ်တယ်ဆိုတာကောင်းပါတယ်.. ဒါပေမယ့် တစ်ခါတစ်လေ ဖြစ်နိုင်ခြေရှိတဲ့ အဆိုးဘက်ကိုတွေးတတ်တာဟာလည်း ကျွန်မတို့ဘဝတွေကိုအကာအကွယ်တစ်ခုဖြစ်စေတယ်ဆိုတာကို မမေ့လျော့သင့်ပါဘူး

ဥပမာအားဖြင့် ကျွန်မတို့ဟာ မမျှတမှုတွေနဲ့အနိုင်ကျင့်ခံရတယ်.. ဆက်ဆံခံရတယ်ဆိုရင် ဒီအခြေအနေတွေကိုအဆိုးလို့မြင်တတ်မှသာ ရုန်းထွက်နိုင်မယ်..ကျော်လွှားနိုင်မယ်ဖြစ်ပါတယ်

ဒီလိုအခြေအနေမျိုးကို ခွင့်လွှတ်ပါတယ်ဆိုတဲ့ အကောင်းမြင်စိတ်နဲ့ကြည့်လိုက်တဲ့အခါ ဆိုးတဲ့အကျိုးသက်ရောက်မှု negative consequences တွေကိုသာ ရလာနိုင်ပါတယ်။

Positive Thinking မှာ Benefits အကျိုးကျေးဇူးတွေရှိတယ်ဆိုတာမှန်ပေမယ့် အရာရာတိုင်းကိုအကောင်းမြင်စိတ်နဲ့တုံ့ပြန်နေတာဟာ အကောင်းဆုံး response တုံ့ပြန်မှုတော့ မဟုတ်​ ပြန်ဘူး..

အဆိုးတွေကြုံလာရနိုင်တယ်ဆိုတဲ့အန္တရာယ် Negative Thinkingကို ကြိုတွေးပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်တာဟာလည်း ကောင်းသော အကျိုးသက်ရောက်မှု Positive Consequences တွေရှိနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် .တစ်ဖက်သားကို မုန်းတီးစိတ်..မကျေနပ်စိတ်..စသည်ဖြင့်.. Negative Emotions
အဆိုးမြင်အတွေးတွေပေါ်လာပြီဆိုတဲ့အခါ သတိထားပြီးကြည့်ကြည့်ပါ

ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ပေးလိုက်ပါ သူ့အတွက်လည်းအကျိုးမရှိ ကိုယ့်အတွက်လည်းအကျိုးမရှိ..ဆိုရင် လျစ်လျူရှုလိုက်ပါ..

ကိုယ်ပြုပြင်ပြောင်းလဲပေးလို့မရနိုင်တဲ့အရာတွေ..ကိုယ်အစိုးမရတဲ့အရာတွေအတွက် စိတ်ပင်ပန်းခံမနေဘဲ လွှတ်သာချလိုက်ပါ.. ကိုယ်စိတ်အတွင်းကငြိမ်းချမ်းမှု Inner Peace ကို မည်သည့် Energy..မည်သည့် Force ..မည်သည့် ပုဂ္ဂိုလ်တွေရဲ့ ဝင်ရောက်ဖျက်ဆီးမှုကိုမှ လက်မခံမိအောင်နေလိုက်ပါ..

ကျွန်မ ကိုယ်တိုင် အဲဒီအတိုင်း နေကြည့်ပါတယ် အရမ်းနေလို့ကောင်းသွားတာကိုတွေ့ရပါတယ် ဦးနှောက်ရဲ့ တွေးပုံတွေးနည်းတွေဟာ..လေ့ကျင့်မှုတွေနဲ့အတူ ပြောင်းလဲသွားတတ်တာ အမှန်ပဲဖြစ်ပါတယ်.. ကျွန်မကအရင်ကတော့ အဆိုးမြင်တာများပါတယ်..

အခုဘယ်လောက်အထိကောင်းအောင်ပြောင်းနိုင်ခဲ့သလဲဆိုတာကို သိရတော့ ကျေနပ်မိပါတယ်.. ဘာမဆိုအကောင်းမြင်လိုက်မယ်ဆိုတဲ့ အထိတော့ မရောက်သေးပါဘူး..ဆိုးတာကို ဆိုးတယ်လို့မြင်ဖို့လည်း လိုသေးတာကိုး..ဒါပေမဲ့ အကောင်းဘက်ကို ပိုတွေးနိုင်အောင်တော့ ကြိုးစားမိပါတယ်..

Positive Thinking ဆိုတာဟာ ပျော့ညံ့ခြင်းမဟုတ်ပါဘူး အင်အားကြီးမားတဲ့ စွမ်းအင်တစ်ခုသာ ဖြစ်နေတာပါ..

အကောင်းမြင်စိတ်လေးဖြင့် စိတ်ချမ်းသာအောင် နေနိုင်ကြဖို့ မျှော်လင့်ပါတယ်။