Respect ရှိပါလို့ပြောပြီဆိုတာနဲ့ လူတိုင်း Respect ကို တဖက်လူဆီက လိုချင်ကြသူချည်းပါပဲ။ တကယ်တော့ Respect ဆိုတာ ဝယ်ယူလို့ မရသလို ရာထူး၊ ဂုဏ်၊ စည်းစိမ်ချမ်းသာမှု့လည်း မဆိုင်ပါဘူး။
တဖက်သူအပေါ် ကိုယ့်ဘက်က Respect ရှိကြောင်း ဘယ်လိုပြရမယ်ဆိုတဲ့ ရင်ထဲကလာတဲ့ လိမ္မာနက်ရှိုင်းတဲ့ အပြုအမူ အပြောအဆိုလေးတွေ ပေါက်ဖွားလာပါတယ်။
အပြန်အလှန်ထားရှိကြရမယ့် မေတ္တာတရား၊
လူတစ်ယောက်ချင်းစီမှာရှိတဲ့ Attitude ကနေတဆင့် ဖြစ်ပေါ်လာတာပါ။
ကိုယ်က တခြားသူဆီက Respect ပေးမှုကို လိုချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း တစ်ဖက်သားအပေါ် Respect လေးစားမှုရှိဖို့လိုပါတယ်။
ရာထူးကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊
အသက်အရွယ် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊စည်းစိမ်ချမ်းသာ ကြွယ်ဝသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊ ပညာတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ၊လူသားအချင်းချင်း အပြန်အလှန်လေးစားမှုဆိုတာ ရှိနေဖို့လို့ပါတယ်။
အမူအရာ ၊ အပြောအဆိုတွေကအစ ဘယ်သူက ဘယ်လိုလေးစားတမူပြုမူတယ်ဆိုတာ ဝေဖန်ပိုင်းခြားတတ်ကြပါတယ်။
လူတိုင်းလူတိုင်း ကိုယ့်တာဝန်ကိုယ်စီ ကိုယ်ပိုင်တန်ဖိုးအသီးသီးရှိကြပါတယ်။
အဲ့ဒါတွေအတွက် အပြန်အလှန်တန်ဖိုးထားတတ်ဖို့လိုပါတယ်။
ကိုယ်က တစ်ဖက်သူအပေါ်မှာ ဘယ်လိုလေးစားတယ်၊ လူနေမှုပတ်ဝန်းကျင်မှာ ဘယ်လိုလေးစားတယ်ဆိုတာ ပြသဖို့လိုပါတယ်။
လေးစားမှုရှိခြင်း မရှိခြင်းဟူသည်မှာ-
တန်းစီရမယ့် နေရာမှာ တန်းမစီတာ Respect မရှိတာ၊ Car parking မှာ ကန့်လန့်ရပ်တာ Respect မရှိတာ၊လူသွားလမ်းပေါ်ပိတ်ရပ် စကားပြောတာ Respect မရှိတာ၊အမှိုက်မပစ်ရမယ့်နေရာ စွန့်ပစ်တာ Respect မရှိတာ၊
ပစ္စည်းပေးရင် ပစ်ပေးတာ၊ လက်တဖက်နဲ့ပေးတာ Respect မရှိတာ။
တဖက်သူကို နင်ပဲ ငဆ၊ ဟေ့ကောင် ဟေ့ကောင်မ၊ ဟဲ့ကလေး ၊ လေချွန်သံဖြစ် ခေါ်တာ အဲ့ဒါ Respect မရှိတာ။
ခြေထောက်ဖြင့် ညွန်ပြ ထိုးပြ ၊ ပစ္စည်း ခြေဖြင့်ကန်ပေးတာတွေဟာ Respect မရှိတာ။
မီးပွိုင့်မှာ စည်းကမ်းမလိုက်နာတာ Respect မရှိတာ။
လုပ်ငန်းခွင်မှာဆိုရင်-
ရာထူးကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ Senior ဖြစ်စေ Junior ဖြစ်စေ အပြန်အလှန်လေးစားမှုရှိဖို့လိုပါတယ်။
နေရာတစ်ခုရဖို့အတွက် အောက်လူကို အပြစ်ပုံချတာ ၊ကောင်းတဲ့အချက်ချန်ပြီး မကောင်းတာတွေဖော်ထုတ်တာ Respect မရှိတာ။
ကိစ္စကြီးငယ်တွေကို ရာထူးအဆင့်ဆင့် မဖြတ်ကျော်ပဲ ထိပ်ဆုံးထိ မျက်နှာလုပ် ဖော်ထုတ်ပြတာ Respect မရှိတာ။
သူ့ဆီက Respect မရလို့ သူ့ကိုမုန်းလို့မရဘူး။ဘာ့ကြောင့်လဲဆိုတာ အဖြေရှာဖို့လိုတယ် ကိုယ်တိုင်က သူ့ကို Respect ပေးမှရမယ်။
Respect ပေးမှ တဖက်လူဆီက Respect ပြန်ရမယ်။
လူတစ်ယောက်မှာ Respect မရှိဘူး ရှိတယ်ဆိုတာ အပြောအဆို အမူအရာတွေကအစ လေ့လာသုံးသပ်လို့ရပါတယ်။
ဘာသာအယူကွဲပြားသည်ဖြစ်စေ တူသည်ဖြစ်စေ ဘာသာတရားယုံကြည်ကိုးကွယ်မှုအပါ် အပြန်အလှန်လေးစားတတ်ဖို့လိုပါတယ်။
ကလေးငယ်တွေဖြစ်နေရင်တောင် သူတို့ကို အပြောအဆိုအမူအရာလေးတွေကအစ လေးလေးစားစား ဆက်ဆံတတ်ဖို့လိုပါတယ်။
