“Self-love” ကိုယ့်ကိုယ်ကို ချစ်ဖို့ အမြဲတိုက်တွန်းပါတယ်။
ဘာလို့လဲ? လောကဓံကို ခံနိုင်ရည်ရှိဖို့၊ တိုးတက်ဖို့၊ အကောင်းမြင်စေဖို့၊ သူများကိုလည်း ဘယ်လိုချစ်ရမလဲ သင်ယူစေလို့ စသဖြင့် ကောင်းကျိုးတွေ အများကြီးမို့လို့…
ဒါပေမယ့် အဲ့ဒါကို self-pity နဲ့တော့ သွားမရောလိုက်ပါနဲ့နော်…
self-pity ဆိုတာက ကိုယ့်ကိုယ်ကို ညှာလွန်းတာမျိုး၊ အလိုလိုနေရင်း action မယူဘဲ ထိုင် ဇာတ်နာနေတာမျိုးကို ခေါ်ပါတယ်။
self-pity က ပျော့ညံ့စေတယ်၊ မတိုးတက်ဘူး၊ အဆိုးမြင်စေတယ်၊ သူများဆီကချည်းပဲ တွယ်ကပ်ပြီး ဘာတွေရမလဲချောင်းနေတဲ့ opportunist (အခွင့်ရေးသမား) ဖြစ်စေတယ်။
ကိုယ့်ကို ပျော့ညံ့စေပြီး၊ ကိုယ့်ဘဝအာမခံချက်ကို သူများ/တွေဆီကချည်း မျှော်လင့်မိတာမို့ ကိုယ့်ကိုလည်း မတိုးတက်စေပါဘူး။
ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်ပါ။ ဒါပေမယ့် တချိန်လုံးညှာပြီး ဇာတ်နာမနေပါနဲ့လို့…
ကိုယ်ကပဲ ရစရာရှိတယ်လို့အမြဲမတွေးဘဲ၊ ကိုယ်လုပ်ရမယ်အရာကို တစိုက်မတ်မတ်လုပ်ရင် ရစရာရှိတာ ရလာပါလိမ့်မယ်။
အဲ့လို ဖြစ်မလာရင် “ဘာ့ကြောင့်” လို့ သူများကို လက်ညှိုးမထိုးခင် အမြဲ လက်ညှိုးက ကိုယ့်ဘက်ကို အရင်ထိုးပြီး ဆန်းစစ်ပါအုံး “ငါ ရော မှန်ရဲ့လား”…
“ကိုယ့်ဘဝထဲ ဖြစ်တဲ့ ပြသနာတွေတော်တော်များများရဲ့ အဖြေ ဟာ ကိုယ့်ဆီမှာပဲ ရှိတယ်” လို့ တွေးတတ်လာတဲ့အခါ ဘဝဟာ နေသာထိုင်သာ ရှိလာပါလိမ့်မယ်….
အားလုံးဘဲ မိမိကိုယ်ကို ချစ်မြတ်နိုးတတ်ကြပါစေရှင်
