သားအိမ်ဟာ မိန်းမကိုယ်အတွင်း ပြူထွက်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သားအိမ်ဟာ မိန်းမကိုယ်အထက်မှာ ကြွက်သားများ၊ အရွတ်များရဲ့ ထိန်းအားနဲ့ တည်ရှိပါတယ်။ ကြွက်သားနဲ့ အရွတ်တွေ အားနည်းပြီး ဆန့်ထွက်လာတဲ့ အခြေအနေမှာတော့ သားအိမ်ဟာ သူ့နေရာကနေ မိန်းမကိုယ်လမ်းကြောင်းထဲ ဆင်းလာပါတယ်။ ဆီးအိမ်၊ ဆီးပြွန်နဲ့ အူမကြီးပါ သားအိမ်နဲ့အတူ ကျလာတတ်ပါတယ်။ကုသစမှုဟာ အခြေအနေပေါ် မူတည်ပါတယ်။ သားအိမ်ကျခြင်းကို မကုဘဲထားရင် သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ပတ်လည် အစိတ်အပိုင်းတွေမှာ ရောဂါပိုးဝင်နိုင်ခြေ များပါတယ်။

Uterine Prolapse (သားအိမ်ကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးသမီးတိုင်း ဘယ်အသက်အရွယ်မှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သွေးဆုံးပြီး အမျိုးသမီးတွေနဲ့ ကလေးရိုးရိုးမွေးဖူးသူတွေမှာ အဖြစ်များပါတယ်။

လက္ခဏာများ

Uterine Prolapse (သားအိမ်ကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
တင်းကြပ်ခြင်း၊ အောက်ပိုင်းမှာ ပြည့်နေခြင်း၊ ဗိုက်နဲ့ဆီးစပ်က ဆိုးရွားစွာ ကိုက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။ ခါးလည်းနာပါတယ်။ အထူးသဖြင့် အလေးအပင်တွေ မချိန်မှာ ဖြစ်ပါတယ်။ အမျိုးသားနဲ့ အတူနေစဉ်လည်း နာတတ်ပါတယ်။ တခါတလေ မိန်းမကိုယ်ထဲမှာ ရောင်နေတာကို မိမိဖာသာ စမ်းသပ်ရတတ်ပါတယ်။ အဆိုးရွားဆုံးကတော့ မိန်းမကိုယ်အပြင်ကိုပါ ထွက်လာခြင်း ဖြစ်ပါတယ်။

ဆီးအိမ်၊ ဆီးပြွန်နဲ့ အူမကြီးပါ ပါလာတာကြောင့် ဆီးသွားစဉ်နာကျင်ခြင်း၊ ရယ်မောစဉ် နှာချေချောင်းဆိုးစဉ် ဆီးထွက်ခြင်း စတာတွေနဲ့ အူလမ်းကြောင်း ပြသနာတွေပါ ကြုံနိုင်ပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သားအိမ်ကျခြင်းကို မကုဘဲထားရင် သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ပတ်လည် အစိတ်အပိုင်းတွေမှာ ရောဂါပိုးဝင်နိုင်ခြေ များပါတယ်။ ဒါကြောင့် အောက်ပါအခြေအနေတွေကြုံရရင် ဆရာဝန်ပြသင်.ပါတယ်။

ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ ဆီးသွားစဉ်နာခြင်း၊
၃လခန့် ကာယကုသ လေ့ကျင့်ခန်းများ လုပ်ဆောင်သော်လည်း မသက်သာခြင်း

 အကြောင်းရင်းများ

Uterine Prolapse (သားအိမ်ကျခြင်း) ကိုဘာတွေကဖြစ်စေသလဲ

များသောအားဖြင့် ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်း တို့ကြောင့် ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကြိမ်များလေ၊ ဖြစ်နိုင်ခြေ များလေပါပဲ။ ကလေးကြီးခြင်း၊ မွေးဖွားချိန်ကြာခြင်း၊ မွေးဖွားစဉ် အားစိုက်ရခြင်း စတာတွေကြောင့် ဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။

အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ဟန်ချက်အနေအထား၊ အလေးအပင်မခြင်း စတာတွေလည်း ပါဝင်ပါတယ်။ ဝမ်းဗိုက်ဖိအားကို မြင့်တက်စေတဲ့ ရောဂါအခြေအနေများကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ ဆေးလိပ်သောက်ရာမှ ချောင်းဆိုးခြင်း၊ ဝမ်းချုပ်ခြင်း

 ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Uterine Prolapse (သားအိမ်ကျခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
အောက်ပါအချက်တွေ ဖြစ်ပါတယ်။

  • ကိုယ်ဝန်ဆောင်ခြင်း၊ ရိုးရိုးမွေးဖွားခြင်း
  • အသက်ကြီးခြင်း
  • အလေးအပင်များ မလေ့ရှိခြင်း
  • နာတာရှည်ချောင်းဆိုးခြင်း
  • ဆီးခုံဝန်းကျင်ခွဲစိတ်မှုလုပ်ဖူးခြင်း
  • ဝမ်းချုပ်ခြင်း
  • မျိုးရိုးဗီဇကြောင့် ကြွက်သားတစ်သျှူးများ အားနည်းခြင်း
  • ကိုယ်အလေးချိန်များခြင်း
    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

 Uterine Prolapse (သားအိမ်ကျခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ကိုယ်ခန္ဓါအောက်ပိုင်း စစ်ဆေးခြင်း၊ သားအိမ်ခေါင်းစစ်ခြင်း စတာတွေ ပါဝင်ပါတယ်။ သားအိမ်ဟာ မိန်းမကိုယ်ဆီ ဘယ်လောက်ကျနေသလဲဆိုတာ သိရအောင် စစ်ဆေးတတ်ပါတယ်။ ဆီးသွားသလိုညှစ်ခိုင်းပြီး ကြွက်သားရဲ့ သန်မာမှုကို စစ်ဆေးပါလိမ့်မယ်။ လှဲလျက်ရော ထိုင်လျက်ပါ စစ်ဆေးပါလိမ့်မယ်။

သားအိမ်ကျခြင်းကြောင့် ဘယ်လိုအနှောင့်အယှက်တွေ ဖြစ်ပေါ်ရတယ်ဆိုတာ သိရအောင် မေးခွန်းတွေ ဖြေရပါမယ်။ အဲဒီအချက်တွေဟာ ကုသရေးမှာ ထိရောက်စေပါတယ်။

တခြားနည်းလမ်းတွေကတော့ အာထရာဆောင်းရိုက်ခြင်း၊ CT ရိုက်ခြင်း၊ အသားစယူခြင်းတွေ ဖြစ်ပါတယ်။ အဲဒီနည်းတွေအားလုံးကို အမြဲမလိုအပ်ပေမယ့် ရောဂါဆိုးရွားမှုအခြေအနေကို သိနိုင်ဖို့ သုံးပါတယ်။

Uterine Prolapse (သားအိမ်ကျခြင်း) ကို ဘယ်လိုကုသပါသလဲ

ရောဂါအခြေအနေ၊ အသက်အရွယ်၊ လိင်မှုဆိုင်ရာ တက်ကြွမှု၊ ဆီးခုံဝန်းကျင်မှာဖြစ်သော ရောဂါများ၊ ကိုယ်ဝန်မဆောင်လိုခြင်း စတာတွေအပေါ် မူတည်ပါတယ်။

ရောဂါသိပ်မပြင်းထန်ရင် Kegel လေ့ကျင့်ခန်းလုပ်ပြီး သားအိမ်ကြွက်သားနဲ့ အရွတ်တွေကို သန်မာစေနိုင်ပါတယ်။

ဟော်မုန်းလိမ်းဆေးတွေလိမ်းပြီးတော့လည်း ကြက်သားနဲ့ အရွတ်တွေကို သန်မာစေပါတယ်။

မိန်းမကိုယ်အတွင်း ကွင်းထည့်ပြီး သားအိမ်ကို ထိန်းသိမ်းနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

  • Kegel လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
  • ကိုယ်အလေးချိန်ထိန်းခြင်း
  • အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ ဝမ်းမချုပ်အောင် အမျှင်ဓါတ်များများစားခြင်း
  • အလေးအပင်မခြင်းကို ရှောင်ကြဉ်ခြင်း
  • ချောင်းမဆိုးအောင် ဂရုစိုက်ခြင်းသိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Credit:-Dr HHZW