ကျွန်မတို့ လူသားတွေအပါအဝင် သက်ရှိများဟာ ရုပ်ပိုင်းဆိုင်ရာ ချွို့ယွင်းမှုတင်မက စိတ်ပိုင်းဆိုင်ရာ ချွို့ယွင်းမှုများမှာ ပမာဏအနည်းအများအပေါ် မူတည်၍ တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက်ဟာ မတူညီကြပါဘူး။

Physical (ရုပ်ပိုင်းဆိုင်ရာ) နဲ့ Mental (စိတ်ပိုင်းဆိုင်ရာ)ဟာ တစ်ခုနှင့်တစ်ခု ဒွန်တွဲနေသလို ကျွန်မတို့ physical တစ်ခုခုအားနည်းလာတယ်လို့ mind က သတိဖြစ်သွားတာနဲ့ နောက်ဆက်တွဲ mental illnesses များက တဖြည်းဖြည်း တစ်စတစ်စနဲ့ အကျိုးသက်ရောက်လာနိုင်ပါတယ်။

စိတ်သွားတိုင်းကိုယ်ပါမှ ဖြစ်သလို စိတ်ကပါမှလည်း ကိုယ်ခန္ဓာက လိုက်နိုင်မှာဖြစ်ပါတယ် အများအားဖြင့် mental disorders or mental illnesses (စိတ်ပိုင်းဆိုင်ရာချို့ယွင့်မှုများ)မှာ သက်ရှိတစ်ဦးတစ်ယောက်စီရဲ့ ခံစားချက်၊ အတွေး၊ အမူအကျင့်။ နေ့စဉ်ဖြစ်ပေါ်နေတဲ့စိတ်ခံစားချက် (mood) တွေအပေါ် လိုက်ပြီး သက်ရောက်နိုင်ပါတယ်။

ဒါ့ကြောင့် ဒီကနေ့မှာတော့ ကျွန်မအနေနဲ့ လူသားတွေနဲ့ သက်ရှိအများစုမှ ာဖြစ်လေ့ဖြစ်ထရှိတဲ့ mental disorders များအကြောင်းကို commonly ဖော်ပြပေးသွားပါမယ် အဲ့ဒါတွေကဘာတွေဖြစ်မလဲ ဆက်ကြည့်လိုက်ရအောင်နော်…

ကျွန်မတို့မှာအဓိကအားဖြင့် common mental disorders ၇ မျိုးရှိပါတယ်…

  • Depression (စိတ်ဓာတ်ကျခြင်း)
  • Anxiety (ပူပင်ကြောင့်ကြမှု)

ဒီအချက်ဟာ အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့ ယခုကြုံတွေ့နေရတဲ့ နိုင်ငံရေးမတည်ငြိမ်မှုကာလနဲ့  Covid pandemic ကာလများမှာပို၍အဖြစ်များပါတယ် social media platforms တွေတိုးတက်လာတာနဲ့အမျှ ၎င်းအရာတွေမှတစ်ဆင့် ကျွန်မတို့လိုလူငယ်တွေအနေနဲ့လည်း social anxiety ကိုအနည်းနဲ့အများခံစားကြရပါတယ်။

  • Obsessive-compulsive disorder OCD (စွဲလမ်းခြင်း(သို့)ထပ်ခါတလဲလဲတွန်းအားပေးခြင်းကြောင့်ဖြစ်ပေါ်သောစိတ်ရောဂါ)

OCD ဟာယေဘုယျလူဦးရေရဲ့ ရာခိုင်နှုန်းအနည်းငယ်လောက်သာ ဘဝရဲ့တစ်ချိန်ချိန်ရောက်မှ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပါတယ် မိသားစုများမှာကြုံတွေ့နိုင်ရလေ့ရှိပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပို၍ကြုံတွေ့နိုင်ရနိုင်ပါတယ်။

  • Bipolar disorder (စိတ်အတက်အကျမြန်ခြင်း)
  • Post-traumatic stress disorder PTSD (စိတ်ထန့်လန့်စရာကိစ္စတစ်ခုနှင့်ကြုံတွေ့ခဲ့ပြီးနောက်ဖိစီးမှုဆိုင်ရာစိတ်ရောဂါ)

PTSD သည်ကျွန်မတို့ရဲ့ အတိတ် ဒါမှမဟုတ်ပစ္စုပ္ပန်မှာ ကြုံတွေ့ခဲ့ရတဲ့ ကြောက်စရာကောင်းတဲ့ ကိစ္စရပ်တွေ eg. rape, abuse, personal assaults (သို့) မျက်စိရှေ့တင်မြင်လိုက်ရတဲ့ ထိတ်လန့်စရာအဖြစ်အပျက် eg. accidents, wartime, weathers တွေဟာ excessive fear ဆိုတဲ့ကြောက်ရွံ့မှုနဲ့အတူ ဦးနှောက်ကနေ ဆက်လက်တုံ့ပြန်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ် တစ်နည်းအားဖြင့် trauma လို့လည်းပြောလို့ရပါတယ် ကျွန်မတို့တွေမှာတော့ trauma တစ်ယောက်တစ်မျိုးစီရှိကြမှာပဲမဟုတ်လား?

  • Schizophrenia-စကစ်ဇိုဖဲန်နီးယားရ် (reality နှင့်မခွဲခြားနိုင်သောစိတ်ရောဂါ)

ဒီရောဂါဟာ လူမှုဆန့်ကျင်ရေးအပြုအမူတွေနဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကြောင့်ဖြစ်တဲ့ နာတာရှည်ပြီးအလွန်ပြင်းထန်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ် ဒီရောဂါခံစားရသူတွေဟာ သူတို့ရဲ့ thoughts နဲ့ behaviors ကအပြင်လောကနဲ့ anti-social ဖြစ်နေပြီးဘယ်ဟာက reality မှန်းတောင်ဖော်ထုတ်နိုင်စွမ်းမရှိကြဘူးလို့ဆိုပါတယ်။

  • Borderline personality disorder BPD (ကိုယ်ရေးကိုယ်တာဆိုင်ရာစိတ်ရောဂါ)

BPD ကတော့ကျွန်မတို့နဲ့မစိမ်းဘူးလို့ ထင်ပါတယ် ဒီရောဂါဟာ မိသားစု၊ ချစ်သူရည်းစား၊ သူငယ်ချင်း၊ relationships တွေမတည်ငြိမ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ disorder တစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့အပြင် poor self-image ကြောင့်ဖြစ်နိုင်ပြီး ခဏခဏသတိမထားမိလိုက်ပဲ mood changes မြန်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။

ကဲ ဒါဆိုရင်တော့ mental disorders တွေနဲ့ သူတို့ဘယ်ချိန်မှာဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းကို အကြမ်းဖျင်း knowledge အနေနဲ့သိရှိသွားလောက်ပြီလို့မျှော်လင့်ပါတယ်။