ဒီကာလအတွင်း ည ၈ နာရီ နောက်ပိုင်း မထွက်ရတဲ့ အချိန် ကလေးအရေးပေါ်ဖြစ်လာရင် စိတ်ပူနေရမယ့် မေမေတို့အတွက်
ကလေးတွေ အတွက် emergency ဆေး သေတ္တာလေးတခု ဆောငိထားစေချင်တယ် ။
ကိုယ်လည်း ဆောင်ထားတယ် ။
အသင့်တင့်ထည့်နိုင်တဲ့ ပလပ်စတစ်ဘူး တစ်ဘူးထဲမှာ ထည့်ဖို့ဆေးတွေက
၁ ။ ညအချိန်မတော် ဖျားနာခဲ့ ရင် တိုက်ဖို့paracetamol 250 mg/ml အရည် တဘူးparacetamol 100mg/ml အရည် (တနှစ်အောက်ကလေးများအတွက် )Biogesic အခဲ တကဒ် ဆောင်ထားပါ ။ဆေးကို 15 mg/kg နဲ့တိုက်ပါ ။ရေပါတ်တိုက်လို့ရပါတယ် ။
၂။ ည အချိန်မတော် အန်ခဲ့ရင် တိုက်ဖို့Domperidome syrup အရည် 5mg/5ml ပါတာ Domperidome တစ်ကဒ် ဆောင်ပါ Pharolit ဓါတ်ဆားထုတ် ( ၅ ) ထုတ် ထည့်ထားပါ အန်ခဲ့ရင် 0.3 mg/kg တိုက်ပါ ။ ဥပမာ – 10 kg ကလေးဆိုရင် 3mg / 3 ml တိုက်ပါ ။Ps – အအန်ပျောက်ဆေးတိုက်ပြီး နာရီဝက်ထိ ဘာဆေး ဘာအစာ အရည်မတိုက်ရဓါတ်ဆားကို ဖျော် Pharolit ဆို ရေ ၂၀၀ စီစီဖျော်ပါ ။ BPI ဓါတ်ဆား ရေတလီတာဖျော်ပါ ။ နည်းနည်း ခနခန ဝင်အောင်တိုက်ပါ ။
၃။ ည အချိန်မတော် ဗိုက်အောင့် ဗိုက်နာ ခဲ့ရင် colimix တစ်ဘူး (၁နှစ် အထက်) ၊colicaid တစ်ဘူး ( တနှစ်အောက်ကလေးရှိသူ)၊ kremil -S (၁) ကဒ်၊colicaid ရှိလျှင် 6 လ အောက် ၅ စက်မှ ၁၀ စက်၊ ၆ လအထက် ၁၀ စက်မှ ၁၅ စက်။ colimix ရှိလျှင် ၆ လအထက် ၂.၅ ml၊ တနှစ် အထက် ၅ ml။ ကလေးကြီးများ ရုတ်တရက် ဗိုက်နာခဲ့သော် Kremil -S တလုံး တိုက်ပါ ။ဆေးများကို အစာမစားခင် ၁၅ မိနစ် ကြိုတိုက်ပါ။တနေ့ (၄) ကြိမ်ထက်ပိုမတိုက်ရ ။
၄ ။ ညအချိန်မတော် ဝမ်းလျှောခဲ့သော် တိုက်ရန် BPI ဓါတ်ဆား (၂) ထုတ်၊ pharolit ( အပေါ်က ပါပြီးသားမို့ ထပ်မထည့်ပါနဲ့ )၊ zinc syrup တစ်ဘူး Bioflor ( 5 ) ထုတ် ထည့်ထားပါ ။ ဓါတ်ဆားကို ဖျော် Pharolit ဆို ရေ ၂၀၀ စီစီဖျော်ပါ ။ BPI ဓါတ်ဆား ရေတလီတာဖျော်ပါ ။ ဝမ်းသွားသလောက် ၅၀-၁၀၀ စီစီ တိုက်ပါ။ zinc syrup ၁ နှစ်အောက် 2.5 ml မနက် ၁ ည ၁၊ ၁ နှစ်အထက် ၅ ml မနက် ၁ ည ၁၊ Bioflor တစ်ထုတ် ဖျော်တိုက်ပါ။ နှာစီး ၊ ချောင်းဆိုးခဲ့သော် တိုက်ရန် baby cough သို့ flemex kid , သို့ attusin တစ်ဘူး ဆောင်ရန်၊ Cetrizine တစ်ဘူး၊ cetrizine တစ်ကဒ်၊ Chlopheniramine syrup ( ၂ နှစ်အောက် ကလေးရှိပါက ) ဘူးထဲထည့်ထားပါ ။တနှစ်အောက် ချောင်းဆိုးပျောက်ဆေး baby cough ကို 2.5 ml တနေ့ ၃ ကြိမ်၊ တနှစ် အထက် တခြားချောင်းဆိုးအရည် ၅ ml တနေ့ ၃ ကြိမ် တိုက်ပါ။
နှာစီး ပါက chlopheniramine syrup (၂ နှစ် အောက် )၊ ၁ နှစ် အောက် ၂.၅ ml မနက် ၁ ည၁၊ ၁ နှစ် အထက် ၅ ml မနက် ၁ ည၁၊ cetrizine (၀.3mg/kg ) တိုက်ရန် ၂ နှစ် အထက် 2.5 ml မနက် ၁ ည ၁၊ 5 နှစ် အထက် ၅ ml မနက် ၁ ည၁၊ ကလေးကြီး တလုံး တိုက်ရပါတယ် ။ ပန်းနာသမား ကလေးများအတွက် Ventolin အပြာဘူးဆောင်ထားပါ။ ရင်ကြပ် ၆ ချက် ရှူပါ။ မိနစ် ၂၀ ခြားထပ်ထပ်ရှူပါ။ ဒီလိုကလေး pulse oxymeter ခေါ် သွေးတွင်းoxygen စက်ဆောင်ထားပါ ။
ည အင်ပြင်ထ ဓါတ်မတည့်တာ ဖြစ်ရင် calamine တစ်ဘူး ပုံးထဲထည့်ထားပါ။ နှာစီး ဖို့သောက်တဲ့ cetrizine ကို အဲ့ဒီ ပြထားတဲ့ ပမာဏ အတိုင်းတိုက်ပါ ။ emergency ပုံးထဲတွင် ထပ်ထည့်ရန်ထိခိုက်မိပါက သုံးရန် ပလပ်စတာ၊Betadine အရည် (၁)၊ ပါတ်တီး (၁)၊ bioplacenta တစ်ဘူး၊ အရက်ပြန် (၁)၊ ထိခိုက်မိပါက ရေဆေးပြီး ဘီတာဒင်းလိမ်း အပေါ်မှာ bioplacenta လိမ်းပါ ။မီးလောင် ဒါဏ်ရာပါ လိမ်းလို့ရပါတယ် ။နောက်ထပ် ထည့်ရမှာက အဖျားတိုင်းတဲ့ စက်၊ကတ်ကြေးအသေး၊အရေးပေါ် Emergency ဘူးသာ ဖြစ်ပြီး မသက်သာပါက ဆေးရုံ၊ ဆေးခန်းပြရန်ပါ ။
ကလေးများ ကျန်းမာကြပါစေ ။
credit-ဒေါက်တာခိုင်ဝါဝါထွန်း(ကလေးအထူးကုဆရာဝန်)
