ကိုယ်ဝန်ပတ် နုတဲ့အချိန် အထူးသဖြင့် အပတ် ၂၀ မတိုင်ခင်မှာ ကိုယ်ဝန်ပျက်တာ အဖြစ်များပါတယ်။ ကိုယ်ဝန်ပျက်တာ မရှားပါဘူး။ ၁၀-၂၀ ရာခိုင်နှုန်းလောက်က ကိုယ်ဝန်ပျက်တတ်ပါတယ်။ လက်တွေ့ကတော့ ဒီထက်များနိုင်ပါတယ်။ အမျိုးသမီးတွေက ကိုယ်ဝန်ရှိတာကို မသိလိုက်ဘဲ ပျက်ကျလို့ သွေးဆင်းတာကို ရာသီလာတာနဲ့ မှားကြလို့ပါ။
အများစုက အကြောင်းအရင်း မရှိဘဲ ကိုယ်ဝန်ပျက်တတ်ပါတယ်။ ၁၂ပတ် မတိုင်ခင်မှာ ကိုယ်ဝန်အပျက်ဆုံးပါပဲ။ ဒီလက္ခဏာတွေ ရှိနေရင် ကိုယ်ဝန်ပျက်တာကို သံသယဖြစ်ပါ။
-မိန်းမကိုယ် သွေးဆင်းတာ၊ သွေးစက်လေးတွေ ကျတာ
-ခါးနဲ့ ဗိုက်မှာ ဆွဲညှစ်ထားသလို နာတာ
-မိန်းမကိုယ်ကနေ သွေးတုံးသွေးခဲတွေ၊ အဖတ်တွေ ဆင်းတာပဲ ဖြစ်ပါတယ်။
ဒီလိုမျိုးတွေ ဆင်းလာရင် ဘူးသန့်သန့်နဲ့ ထည့်ပြီး ဆရာဝန်ကို ပြတဲ့အခါ ယူသွားနိုင်ပါတယ်။ ဓာတ်ခွဲစစ်ဆေးပြီး ကလေးလားဆိုတာကို သိနိုင်ပါတယ်။
သိထားရမှာက
-ကိုယ်ဝန်နုစဉ်က တော်တော်များများက သွေးနည်းနည်း ဆင်းတတ်ပါတယ်။ သွေးဆင်းတိုင်း မလန့်ပါနဲ့။ ဒါပေမယ့် စိတ်ပူရင် ဆရာဝန်နဲ့ ပြပါ။
-သာမန်လှုပ်ရှားသွားလာတာ၊ ခပ်ရွရွပြေးတာ၊ စက်ဘီးစီးတာ ကိုယ်ဝန်မပျက်တာ
-လိင်ဆက်ဆံတာ
-ဓာတုပစ္စည်းတွေနဲ့ မထိတွေ့ရတဲ့ သာမန်အလုပ်လုပ်တာတွေက ကိုယ်ဝန်မပျက်စေပါဘူး။
အများစုက ကလေး မျိုးဗီဇပုံမှန်မဟုတ်တာကြောင့် ပျက်ကြတာ များပါတယ်။
credit-Healtppy – ဟက်ပီး
