ချောင်းဆိုးခြင်းကို ချောင်းခြောက် နှင့် ချွဲသလိပ်တို့ စုဝေးပိတ်ဆို့ခြင်း ဟူ၍ အဓိကအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားထားပါတယ်ချောင်းခြောက်ဆိုးခြင်းကို ဆေးသိပ္ပံနည်းအရ Chronic Dry Cough လို့ခေါ်ပါတယ်။ ရာသီဥတု အပြောင်းအလဲကြောင့် အပူအအေး မျှတခြင်း၊ လေထုခြောက်သွေ့ခြင်း (သို့မဟုတ်) စိုထိုင်းခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ လေပြွန်ပွ ခြင်း တို့ကြောင့်ချောင်းခြောက်ဆိုးခြင်းကို ဖြစ်လာရပါတယ်။
ချောင်းခြောက်က တော်တော် နှင့် အမြစ်ပြတ် ပျောက်သွားတာမျိုး မဟုတ်ဘဲ၊ ပေါ်လိုက် ပျောက်လိုက် ဖြစ်တတ်သောနာတာရှည် ချောင်းဆိုး ရောဂါဖြစ်ပါတယ်။
အထူးသဖြင့် နေ့ဖက်တွေမှာ ပိုဆိုးလေ့ရှိပြီး၊ တစ်ကြိမ် ဆိုးလျှင် ၃ မိနစ် မှ ၁၀ မိနစ်ခန့်အထိ ဆက်တိုက် ချောင်းဆိုးလေ့ရှိပါတယ်။
ဖီးကြမ်းဌက်ပျောသီးမှည့် နှင့် အညိုရောင် သကြား တို့ပေါင်းစပ် ဓာတ်ပြုခြင်းက ချောင်းခြောက်ဆိုးခြင်း အတွက် ဓာတ်စာဖြစ်ပါတယ်။
ဒါကြောင့် ဌက်ပျောသီး ဖီးကြမ်းပျော်ပျော်ကို သကြားညိုထည့်မွှေကာ ထမင်းလွတ် စားပေးပါက ချောင်းခြောက်ဆိုးခြင်းမှ ပျောက်ကင်းသွားပါလိမ့်မယ်။
Credit:-Tin Htet Htet Zaw
