
ဒီတစ်ခေါက်ပြောမယ့်ဟာကတော့ ဆန်းတယ်ဗျ။ ဘယ်နှယ့်ငါးက စကားပြောရမှာတုန်း။ ကျနော်တို့ငယ်ငယ်ထဲက ကလေးအတွေးနဲ့ လူကြီးတွေကို လိုက်မေးခဲ့တဲ့မေးခွန်းတစ်ခုပေါ့။ ငါးတွေဘယ်လိုစကားပြောလဲဟင်ဆိုပြီး။ ကျနော်တို့ ခုလို သိတတ်တဲ့အရွယ်ရောက်လာတဲ့အခါမှာတော့ ငါးတွေစကားပြောလားဆိုတဲ့ မေးခွန်းက နောက်အဆင့်တစ်ခုကိုရောက်ပြီး ငါးတွေအချင်းချင်း ဘယ်လို communicate လုပ်လဲဆိုတာကို သိချင်လာကြပါတယ်။ ခုအကြောင်းအရာကတော့ ဒီအကြောင်းကို အကြမ်းဖျင်းရှင်းပြပေးမှာဖြစ်ပါတယ်။
ရေအောက်ကမ္ဘာဟာ ကျနော်တို့ ထင်သလောက်မတိတ်ဆိတ်ပါဘူး။ New Zealand နိုင်ငံသားတစ်ယောက်ရဲ့လေ့လာချက်အရ ငါးတွေဟာ အော်သံလှိုင်းတွေ၊ ငှက်လိုမျိုး ကျီကျီကြာကြာ မြည်သံတွေ၊ ရေကထွက်တဲ့ ဖောက်ခနဲမြည်သံတွေ (ရေပူစီဖောင်းပေါက်သံမျိုး) နဲ့ အချင်းချင်းဆက်သွယ်ကြပါတယ်။ အသံလှိုင်းတြွေဖစ်ပေါ်ဖို့အတွက် သူတို့ရဲ့ fin တွေ swim bladder တွေကို အသုံးပြုကြပါတယ်။ ရေရဲ့ သိပ်သာ်းဆဟာ လေရဲ့သိပ်သည်းဆထက်အများကြီးပိုတဲ့အတွက် ရေထဲမှာ အသံတွေကိုပိုပြီး ကောင်းစွာကြားနိုင်ပါတယ်။ လေ့လာချက်အချို့အရ သူတို့ဟာ အသံတွေအပြင် အမူအရာတွေ လှုပ်ရှားမှာပုံစံတွေကိုလည်း ဆက်သွယ်ဖို့အတွက် အသုံးပြုကြပါတယ်။ တချို့မျိုးစိတ်တွေဟာ ပိုးစုန်းကြူးတွေလိုမျိုး Bioluminescenceနည်း ကိုအသုံးပြုပြီး အချက်ပြတတ်ပါတယ်။
အသံကိုအဓိကသုံးတဲ့နေရာကတော့
အဖိုအမ ဆွဲဆောင်ခြင်း၊
ရန်သူကို ခြောက်လှန့်ခြင်းနဲ့
ကိုယ့်ကိုကိုယ် ပတ်ဝန်းကျင်သစ်မှာ မိတ်ဆက်ဖို့အသုံးပြုပါတယ်။ တချို့မျိုးစိတ်တွေမှာ အမဥချတာနဲ့ အထီးfertilize လုပ်တာ timing ကိုက်ဖို့အတွက် အသံကိုသုံးပါတယ်။ တချို့ Damselfish လိုမျိုး coral ဒေသနေတဲ့ငါးတွေဆိုရင် ရေငုပ်သမားတွေကိုတောင် ခြောက်လှန့်ဖို့အတွက် အသံလှိုင်းနဲ့ attempt လုပ်ပါတယ်။
“ထူးခြားချက်တစ်ခုအနေနဲ့ကတော့ Goldfish တွေမှာ အရမ်းကောင်းတဲ့ အကြားအာရုံရှိပြီး ကံဆိုးချင်တော့ သူတို့ဟာ အသံကိုလုံးဝမလုပ်နိုင်ပါဘူး”
ကဲဒီလောက်ဆိုရင်တော့ ငါးတွေ ဘယ်လို communicate လုပ်လဲဆိုတာကို အကြမ်းဖျင်းလောက်တော့ နားလည်သွားမယ်ထင်ပါတယ်။ ညဘက်ကြီး ကန်ထဲခေါင်းနှစ်ပြီးတော့ ငါးနဲ့စကားပြောဖို့တော့ မလုပ်ပါနဲ့။ ရေမွန်းရင် တာဝန်မယူပါဘူး။ ဒီနေ့ content ကတော့ ပေါ့ပေါ့ပါးပါးပဲမို့ ဒီလောက်ပါပဲ။
Never forget to keep your fish happy and healthy 💯
credit-Jack The Aquatic
