ရာသီဥတုအပြောင်းအလဲကာလမှာ ကလေးအချို့ဟာ အအေးမိနှာစေးနှာပိတ်ခြင်းကြုံရတတ်ပါတယ်။ ဒီအခါမှာ နီးစပ်ရာဆေးပေးခန်းကို ရာသီဥတုကြောင့်ဖြစ်စေ၊ အချိန်ကြောင့်ဖြစ်စေ မသွားနိုင်သေးတဲ့အခါ မိဘနဲ့ကလေးငယ်တွေအတွက် အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ နှာပိတ်သက်သာစေတဲ့ နည်းလမ်းလေးတွေကိုပြောပြပေးပါမယ်။
၁။ ကလေးငယ်ရဲ့ ပိတ်နေတဲ့နှာခေါင်းတစ်ဖက်တစ်ချက်စီကို ဆားရည် နှစ်စက်၊သုံးစက်ခန့်ထည့်ပေးပါ။ ဆားရည်ဖျော်တဲ့နေရာမှာ အချိုးအဆ တိကျဖို့လိုပါတယ်။ ရေသန့်ဘူးတစ်လီတာဗူးဝက် (၅၀၀ml) ကို လက်ဖက်စားဇွန်းတစ်ဇွန်းပြည့် ခတ်ပြီး ရရှိလာတဲ့ ဆားရည်ကို နှာခေါင်းတစ်ဖက်စီကို ခတ်ပေးရမှာဖြစ်ပါတယ်။ အနီးအနားမှာ ဆေးဆိုင်ရှိတယ်ဆိုရင် Physiodoseလိုမျိုး ဆေးရည်ကိုဝယ်ယူပြီးခတ်ပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာက Physiodose ကိုဖောက်တဲ့အခါဖြစ်စေ၊ ဆားရည်ဖျော်တာဖြစ်စေ ဖောက်ပြီး/ပြုလုပ်ပြီး ၂၄နာရီအတွင်းသာသုံးရမှာဖြစ်ပြီး ၂၄နာရီကျော်ရင် အာနိသင်မရှိတော့တဲ့အတွက် အသစ်ပြန်လုပ်ရပါမယ်။
၂။ ကလေးငယ်အိပ်တဲ့အနားမှာ ရေနွေးကို ဇလုံတစ်ခုနဲ့ထည့်ကာထားပေးနိုင်ပါတယ်။ ကလေးငယ်အိပ်နေရင်းက လှိမ့်ပြီးလှမ်းဆွဲလို့မရဖို့လိုပါတယ်။ မတော်တဆဆွဲလိုက်တဲ့အခါ ကိုယ်ပေါ်ကျပြီး အပူလောင်မှာစိုးတဲ့အတွက်ဖြစ်ပါတယ်။ လျှပ်စစ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ရေနွေးငွေ့ထုတ်စက်ကို ဝယ်ယူရလွယ်ကူပါက ကလေးရှိတဲ့အခန်းတွင်းမှာ ထားရှိအသုံးပြုနိုင်ပါတယ်။
၃။ကလေးငယ်ရဲ့ခေါင်းကို ခေါင်းအုံးအမြင့် သို့မဟုတ် စောင်ပါးအနည်းငယ်ထပ်မံခံကာ ဘေးစောင်းကာအိပ်စေခြင်းဖြင့်လည်း နှာပိတ်မှုကိုသက်သာစေနိုင်ပါတယ်။
credit-စိုင်းမြတ်သူ
