Romance Relationship လို့ ပြောလိုက်တာနဲ့ ဘာကို ပြေးမြင်မိကြလဲ? ပျော်ရွှင်မှုတွေ၊ ကြည်နူးမှုတွေ၊ ချစ်ခြင်းတရားတွေ အပြင် တစ်ခါတစ်လေမှာ စိတ်ညစ်စရာလေးတွေ၊ ပြဿနာတက်နိုင်တာမျိုးတွေ၊ ရန်ဖြစ်နိုင်တာမျိုးလေးတွေကိုပါ တစ်ခါတည်းတွဲပြီး ထင်တတ် မြင်တတ်ကြပါတယ်။
ဒါပေမယ့် တစ်ချို့သော relationship တွေမှာကျတော့ တစ်ခါမှကို ရန်မဖြစ်ဖူးလို့ ကိုယ့် Relationship ကို ကိုယ့်ဘာသာကိုယ် မေးခွန်းတွေ ထုတ်နေတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆိုရင် ရန်တစ်ခါမှ မဖြစ်ဖူးတဲ့ relationship ဆိုတာ ပုံမှန်ပဲလား။
ဘယ် relationship မဆို တစ်ယောက်နဲ့တစ်ယောက်ကြားမှာ disagreement တွေဆိုတာ ရှိတတ်ကြပေမယ့် disagreement တိုင်းကတော့ dramatic ဖြစ်စရာမလိုပါဘူး။ ဒါပေမယ့် individual differences အရ core values တွေလည်း မတူညီနိုင်တာမို့လို့ ကွဲပြားနိုင်ပါတယ်။ ဒီနေ့ကတော့ Dramatic argumentတွေ တစ်ခါမှ မဖြစ်ဖူးတဲ့ Relationship ကိုပဲ အဓိကထားပြီး ပြောပြမှာဖြစ်ပါတယ်။
ကိုယ်က relationship မှာ ကိုယ့်ရဲ့ partner နဲ့ တစ်ခါမှ ရန်မဖြစ်ဖူးတဲ့အခါမှာ တစ်ခါတစ်လေ မေးခွန်းတွေ ဝင်လာတတ်ပါတယ်။ “ဘာလို့ တစ်ခြားသူတွေနဲ့ မတူတာလဲ၊ တစ်ခုခုများလိုနေတာလား၊ ငါကပဲ ပျင်းဖို့ကောင်းနေတာလား၊ ရန်မဖြစ်ကြတာ မချစ်ကြလို့များလား” စသည်ဖြင့်ပေါ့။ ဒီမေးခွန်းတွေက ဘာကြောင့် ဝင်လာတတ်တာလဲဆိုရင် ပတ်ဝန်းကျင်နဲ့ culture ကြောင့်လည်း အများကြီး ပါဝင်သလို media platforms မျိုးစုံကနေ romantic movies တွေ၊ shows တွေကို ကြည့်ရတဲ့အခါ အဲ့တာကို စံနမူနာယူမိပြီး ကိုယ့်Relationship နဲ့ မတူညီနဲ့အခါမှာတော့ ကိုယ့် relationship က ပုံမှန်မဟုတ်တော့ဘူးဆိုပြီး လိုအပ်ချက်တွေ လိုက်ရှာနေမိတတ်ပါတယ်။
ဒီနေရာမှာ ကိုယ်က သတိမထားမိတတ်တာက ကိုယ်နဲ့ ကိုယ့် partner ကြားက နားလည်မှု၊ ရင့်ကျက်မှု၊ သည်းခံခွင့်လွှတ်နိုင်စွမ်း၊ problem solution ပိုင်းနဲ့ပတ်သက်တဲ့ communication က ထူးခြားပွင့်လင်းမှု စတာတွေကို မမြင်မိတတ်ကြပါဘူး။ ဒါကလည်းကိုယ်အားကျရတဲ့ Relationship (သို့မဟုတ်) တစ်ခြားသော မတူညီတဲ့ Relationship တွေကို ကိုယ်ရဲ့ relationship နဲ့ စံနှုန်းတွေ ယှဉ်မိတဲ့အခါမှာ မတူညီတာတွေ့ရင်၊ လိုချင်တာမတွေ့ရင် ကိုယ့် relationship ကိုပဲ ပုံမှန်မဟုတ်ပဲ တစ်ခုခုလိုနေတယ်လို့ထင်ပြီး တကယ့် အားသာချက်တွေကို သတိမထားမိလိုက်တာမျိုးပေါ့။
ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ Relationship မှာ ရှိတဲ့ အားသာချက်၊ အားနည်းချက်တွေကို ကိုယ်နဲ့ ကိုယ့် partner ရဲ့ personal values တွေနဲ့ပဲ ကြည့်ပြီး ညှိနှိုင်းတာမျိုးလေးတွေ လုပ်ရင်း Relationship ကို ပိုပိုပြီး တိုးတက်လာအောင် ကြိုးစားလို့ရပါတယ်။
Relationship တွေတိုင်း တည်မြဲပါစေရှင်
