လုပ်ငန်းခွင်အသီးသီးမှာ ကောင်းမွန်တဲ့အမူအကျင့်များ (လူမှုကျင့်ဝတ်များ) ရှိနေဖို့ အတွက် လိုအပ်ပါတယ်။ ဒီအပတ်မှာတော့ လုပ်ငန်းခွင်တစ်ခုအတွင်းမှာ လူမှုကျင့်ဝတ် ဆိုင်ရာများက ဘယ်လို အရေးပါမှု ရှိနေတယ်ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ အပြုအမူတွေက ကျွန်မတို့ကိုယ်တိုင်ကိုသာမက ကျွန်မတို့ရဲ့အနီးအနား ရှိလူများကိုပါ အကျိုးသက် ရောက်မှုရှိစေပါတယ်။ ကျွန်မတို့ရဲ့ အလုပ် (လုပ်ငန်း) ဆိုင်ရာဆုံးဖြတ်ချက်များစွာတွင် လူမှုကျင့်ဝတ်များဟာ ပါဝင်ပတ်သက်လျက်ရှိ နေပါတယ်။ အကယ်၍ ကျွန်မတို့ဟာ လိမ်ပြောခဲ့ပါက အခြားသူတစ်ဦးဦးရဲ့ ယုံကြည်မှုကို လက်လွှတ်ဆုံးရှုံးလိုက်ရမှာဖြစ်ပြီး ကျွန်မတို့ကိုယ်တိုင်ရဲ့ ရိုးသားမှုရှိမှုကို ယုံကြည်မှု လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ အကယ်၍ ကျွန်မတို့ဟာ ကောင်းမွန်ခြင်းမရှိတဲ့ ကုန်ကြမ်း ပစ္စည်းတွေကို အလုပ်တစ်ခုအတွက် အသုံးပြုခဲ့ပါက၊ အခြားသူများရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေမှာဖြစ်ပါတယ်။
ကိုယ်ကျင့်တရားနှင့် လူမှုဆိုင်ရာကျင့်ဝတ်ဆိုင်ရာ မေးခွန်းများကို လူမှုအဆင့် အတန်းတိုင်းတွင် တွေ့မြင်နိုင်ပါတယ်။ လူမှုကျင့်ဝတ်နှင့်ကိုက်ညီသော အပြုအမူတစ်ခုဟာ ကျွန်မတို့ရဲ့ တစ်ကိုယ်ရေဘဝများတွင် အရေးပါသကဲ့သို့ အလုပ်ခွင်အတွင်းမှာလည်း တူညီစွာ အရေးပါလျက်ရှိနေပါတယ်။ လုပ်ငန်းတစ်ခုကို လုပ်ဆောင်လျက်ရှိတဲ့ မည်သည့်နေရာတွင်မဆို လူမှုကျင့်ဝတ်များဟာအရေးပါပါတယ်။
အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာဖို့အတွက်မှာ ဝန်ထမ်းများ၊ မန်နေဂျာများ၊ အလုပ်အမှုဆောင်များ၊ သုံးစွဲသူ ဖောက်သယ်များ၊ ကုန်ကြမ်းပစ္စည်းထောက်ပံ့သူများ၊ အစရှိတဲ့ အဖက်ဖက်မှသူများရဲ့ ယုံကြည်ရမှု၊ ယုံကြည်မှုရှိမှု တို့အပေါ်တွင် မူတည်နေပါတယ်။ ကျင့်ဝတ်ဆိုင်ရာပိုင်းတွင် ကောင်းမွန်မှုရှိသောလုပ်ငန်းတစ်ခုကို တည်ဆောက် ရာတွင် အောက်ပါ ကိုယ်ကျင့်တရားဆိုင်ရာ အချက် (၆) ချက်ဟာ အခြေခံအုတ်မြစ်ကျတဲ့ အချက်များဖြစ် ကြပါတယ်။
– လူမှုကျင့်ဝတ်များ၊ အကျင့်စာရိတ္တများ (Ethics)
– လူမှုကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ၊ တန်ဖိုးထားမှုများ (Values)
– ကိုယ်ကျင့်တရားများ (Morals)
– ရိုးသားမှု၊ သမာဓိရှိခြင်း (Integrity)
– တစ်ကိုယ်ရေစရိုက်၊ အမူအကျင့်များ (Character) နှင့်
– စည်းမျဉ်းစည်းကမ်း၊ ဥပဒေများ (Laws) တို့ဖြစ်ကြပါတယ်။
လူမှုကျင့်ဝတ် (Ethics)
လူမှုကျင့်ဝတ်များ (Ethics) ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအတွင်းတွင် လက်ခံနိုင်လောက်သည့် အမူအယာ များကို သတ်မှတ်ထားသည့် စည်းမျဉ်းတစ်ခုကို ဆိုလိုပါတယ်။ လူမှုကျင့်ဝတ်များဟာ ကိုယ်ကျင့်တရားကောင်း မွန်တဲ့ နေ့စဉ်နေထိုင်မှုဘဝကို လမ်းညွှန်ပေးပြီး ကျွန်ုပ်တို့ရဲ့ အပြုအမူများဟာ လက်ခံနိုင်လောက်တဲ့အရာတွေ လားဆိုတာကို ကျွန်ုပ်တို့ဆုံးဖြတ်နိုင်ဖို့အတွက်ကိုလည်း ကူညီပေးလျက်ရှိပါသည်။
ကျွန်မတို့ရဲ့နေ့စဉ်ဘဝကို မှန်ကန်စွာနေထိုင်မှုရှိနေသလား ဆိုတာကို လူ့ဘောင် အဖွဲ့အစည်းတစ်ခုလုံးမှ ကြည့်ရှုတဲ့အမြင်တစ်ခုကို ကိုယ်စားပြုနေပါသည်။ ထိုအရာဟာ ကျွန်ုပ်တို့ရဲ့ အမူအကျင့်များကို စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေသများနှင့် တန်ဖိုးများအပေါ် အခြေခံပြီး ရှုမြင်သောအမြင်တစ်ခုဖြစ်ပါသည်။ များသောအားဖြင့် လူမှုကျင့်ဝတ်များနှင့် ဆက်စပ်နေတဲ့ အတွေးအမြင်များမှာ မှန်ကန်မှု၊ ရိုးသားမှု၊ မျှတမှုနှင့် သာတူညီမျှရှိမှုတို့ ဖြစ်ကြပါတယ်။
ကျင့်ဝတ်သည် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အရေးကြီးသောအရာတစ်ခု ဖြစ်တဲ့အပြင် ထိုအရာက လူ့အဖွဲ့ အစည်းတစ်ခုလုံးကိုမှီခိုနေတဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများတွင်လည်း အလွန်အရေးပါသော အချက်တစ်ခုဖြစ်နေတယ်။ အဘယ်ကြောင့်ဆိုသော် ဆရာဝန်များ၊ ရှေ့နေများ၊ အင်ဂျင်နီယာများနှင့် ပိုင်ဆိုင်မှု နှင့် အခြေခံအဆောက်အအုံများကို စီမံသူ မန်နေဂျာများဟာ ကျွန်မတို့ရဲ့ ကောင်းကျိုးချမ်းသာ ရရှိမှုများအပေါ် အကျိုးသက်ရောက်မှုရှိစေသည့် သက်မွေးဝမ်းကြောင်းပညာသည်များ ဖြစ်တဲ့အတွက် သူတို့ရဲ့အမူအကျင့်များကို ပရော်ဖက်ရှင်နယ်ဆန်သော စံနှုန်းတစ်ခု သတ်မှတ် ကာ လုပ်ငန်းကျွမ်းကျင်သူ (professional) များမှ လိုက်နာ ကျင့်သုံးရမည့်ကျင့်ဝတ်များကို သတ်မှတ်ဖော်ဆောင်ထားကြပါတယ်။
ပရော်ဖက်ရှင်နယ်များလိုက်နာရမယ့်ကျင့်ဝတ်များတွင် ပါဝင်တဲ့ ဥပမာစံနှုန်းအချို့မှာ –
ရှေ့နေ (သို့) ဆရာဝန်တစ်ဦးမှ အမှုသယ်/ ရောဂါသယ်တစ်ဦးရဲ့ အချက်အလက်များပေါက်ကြားမှု မရှိစေရန် ထိန်း သိမ်းခြင်း၊ စာရင်းကိုင်တစ်ဦးမှ အလုပ်အပ်သူရဲ့ကိုယ်ရေးအချက်အလက်များကို ကိုယ်ကျိုးအတွက်သုံးစွဲမှုမပြုခြင်း အစရှိသည်တို့ဖြစ်ပါ။တယ်
လူမှုကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ၊ တန်ဖိုးထားမှုများ (Values)
တန်ဖိုးများဆိုသည်မှာ လူတစ်စုမှ နှစ်သက်ဖွယ်ကောင်းတယ်လို့ သတ်မှတ်ထားတဲ့ အပြုအမူများ၊ ထုံးတမ်းစဉ် လာများနှင့် သင်ကြားမှုများဟု ခေါ်ဆိုနိုင်ပါသည်။ တန်ဖိုးများကိုဖော်ပြသတ်မှတ်ရာတွင် အများအားဖြင့် ထောက်ခံသည့်စကားရပ်များ၊ မထောက်ခံသည့်စကားရပ်များ နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများပါဝင်နေပါသည်။ ထိုစကားရပ်များတွင် ကောင်းသည်၊ ဆိုးသည်၊ ဖြစ်သင့်သည်၊ မဖြစ်သင့်ဘူး စသည့်စကားလုံးများ ပါဝင်နေပါ တယ်။ သို့သော် တန်ဖိုးများကို အကဲဖြတ်သည့်စကားစုများတွင် တိကျသောတန်ဖိုးများပါဝင်သည့် စကားရပ်များ ပါဝင်နေဖို့ မလိုအပ်ပါဘူး။ “ဒါဟာလိမ်ပြောနေတာပဲ” ဆိုသည့်စကားလုံးတွင် မထောက်ခံသော စကားတစ်ခုမှ မပါဝင်သော်လည်း လိမ်ပြောခြင်းဟာမှားတယ်လို့ဆိုလိုနေသည်ကို နားလည်သဘော ပေါက်နိုင်ပါသည်။
လူမှုကျင့်ဝတ်ဆိုင်ရာတန်ဖိုးများဟာ ကျွန်ုပ်တို့အတွက် အမှန်တကယ်အားဖြင့် အရေးအပါဆုံးအရာတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့မှ ဂရုပြုမိသောအရာတစ်ခုလည်းဖြစ်ပါသည်။ ဥပမာ – မိသားစုများကို အလေးထားခြင်း၊ ပတ်ဝန်းကျင်ကို လေးစားမှုရှိခြင်းနှင့် မိမိကိုပေးအပ်ထားတဲ့ လစာငွေနဲ့ထိုက်တန်မှုရှိအောင် အလုပ်ကြိုးစားခြင်းတို့ဟာ များစွာသောသူတို့နှင့် ဆက်စပ်မှု ရှိနေပြီး သူတို့ထံမှတုန့်ပြန်မှုများဖြစ်ပေါ်လာစေရန်လည်း လှုံ့ဆော်ပေးနိုင်ပါတယ်။
