စိတ်စွမ်းအားဆိုတာကို ငါးတန်းနှစ်ကတည်းကလေ့လာခဲ့ပေမယ့် စနစ်တကျဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုတော့ ဆရာကြီး John Kehoe နဲ့မသိခင်အချိန်ထိ သေချာမသိခဲ့ပါဘူး။ဆရာကြီးပြောတာကတော့ အပြုသဘောတွေးခေါ်ခြင်းနဲ့စိတ်စွမ်းအားဟာ မတူပါဘူး။ စိတ်စွမ်းအားရှိဖို့ဆိုတာ တွေးနေရုံနဲ့မရပါဘူး။ တသက်တာနေ့တိုင်းအချိန်၁၅-၂၀ မိနစ်ပေးလေ့ကျင့်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်ရေးထားတဲ့ Mind Power program ဟာ ဆရာကြီးရဲ့နည်းလမ်းတွေမှီငြမ်းထားတာပါ။ ဒီနည်းတွေကိုသုံးပြီး နေ့စဉ် မိနစ်၂၀ လေ့ကျင့်မယ်ဆိုရင် သင့်ဘဝပြောင်းလဲတိုးတက်လာမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။စိတ်ဟာ ဥပဒေ၆ခုကို လိုက်နာပါတယ်။

Six Laws from Mind Power by John Kehoe

SIX LAWS OF THE MIND

စိတ်စွမ်းအား ဥပဒေသ(၆) ခု

(1)Thoughts Are Real Forces

အတွေးတွေမှာ စစ်မှန်သော အစွမ်းတွေရှိပါတယ်။

(2)The Mind Is The Sending And Receiving Station Of Thoughts

စိတ်ဟာ အတွေးတွေကို လက်ခံခြင်းနှင့် ပေးပို့ခြင်းကို ဆောင်ရွက်နေသော ဘူတာရုံ ဖြစ်ပါသည်။

(3)Law Of Attraction

Thoughts magnetized and attract similar like thoughts

ဆွဲငင်ခြင်းနိယာမ

အတွေးတွေဟာ သံလိုက်သကဲ့သို့ အလုပ်လုပ်ပြီး တူညီရာအလားတူအတွေးတွေ ဆွဲငင်ပါတယ်။

(4)Law Of Control
We have power to entertain or dismiss thoughts

ထိန်းချုပ်ခြင်းနိယာမ

ကျွန်တော်တို့မှာ အတွေးတွေကို ဖယ်ရှားဆွဲ၊ ယူဆောင်သုံးစွဲနိုင်သော အစွမ်းသတ္တိတွေ ရှိနေပါတယ်။

(5)Law Of Insertion

We can insert any thoughts of any type into our mind

(၅)ထည့်သွင်းခြင်းနိယာမ
မိမိနှစ်သက်ရာအတွေးတွေကို စိတ်ထဲမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

(6)Law Of Connections

Inner and outer world are connected

ဆက်စပ်ခြင်းနိယာမ
အတွင်းကမ္ဘာနှင့် အပြင်ကမ္ဘာဟာ ဆက်စပ်နေပါတယ်။

You only see what your brain knows. မင်းခေါင်းထဲရှိသလောက်ပဲ မင်းမြင်ရမယ်။

အတွေးတခုပေါ်လာတယ် မယုံပါနဲ့။
ခေါင်းထဲမှာ မှတ်ထားသလောက်ပဲ ပြန်ပေါ်လာတာပါရင်ထဲက ခံစားချက်တခုပေါ်လာတယ်။ အတိတ်ကကြုံခဲ့တဲ့အရာတွေ အာရုံမှာထင်လာတာပါ။ချက်ချင်းမယုံလိုက်ပါနဲ့ဦး။ ခံစားနေရတာတွေ ၊တွေးတောနေတာတွေဟာဘယ်တုန်းကမှ အပြင်ကအမှန်တရားကိုတိုက်ရိုက် ကိုယ်စားမပြုနေပါဘူး။

ခံခွက်နှင့်တူသောစိတ်ကို ရှင်းပြမယ်။စိတ်ဟာ ခံယူသော ခွက်နဲ့တူတယ်
လက်ခံတဲ့ပစ္စည်းဟာ သန့်ရှင်းရင်တောင် ခွက်ကစင်ကြယ်အောင်ဆေးမထားရင်ပစ္စည်းသန့်သန့်မရနိုင်တော့ဘူး။တခါခါ ကိုယ့်စိတ်ဟာရှင်းနေရင်တဖက်ကကောင်းသောစကားဖြစ်ပါစေ နားခါးတယ်။ဒါ့ကြောင့်တဖက်ကပေးတဲ့သတင်းစကားကိုအကဲမဖြတ်မီ ခံခွက်နဲ့တူတဲ့ငါ့စိတ်ဟာစင်အောင်ဆေးထားရဲ့လား ။ပြန်ဆန်းစစ်ရမယ်။

ကိုယ့်ခွက်ကအောက်မှာပေါက်နေလို့ယိုစီးကုန်ရင် တဖက်လူပေးတာအလေးမပြည့်ဘူးဆိုပြီး စွပ်စွဲမိတတ်တယ်။ဒီနေရာမှာ ကိုယ်ကပစ္စည်းသန့်သန့်ပေးတယ်ထား။ တဖက်လူက စိတ်မသန့်ရင် ကိုယ့်ပစ္စည်းကို တန်ဖိုးထားမှာ မဟုတ်ဘူး။တန်ဖိုးအမှန်ကို မသိနိုင်ဘူး။
အဲ့ဒီလို အခြေအနေမှာ ကိုယ်ကမှန်ကန်ပေမယ့် အပြစ်တင်ခံရနိုင်တာကို သတိပြုပါ။

ကိုယ့်ခွက်ကသေးတဲ့အခါ တဖက်လူပေးတာများလို့လျှံကျကုန်တာလည်း ဖြစ်တတ်သေးတယ်။ ခံခွက်တိမ်တဲ့လူတွေကို များများစားစားမပေးမိဖို့။ ဥာဏ်တိမ်သူကို မလိုအပ်ဘဲ အချက်အလက်တွေ မပေးမိအောင် သတိထားရမယ်။အရေးအကြီးဆုံးက ဘယ်လိုအခြေအနေမျိုးမှ သူတပါးကို အပြစ်တင်မစောဖို့ပဲ။ကိုယ့်ကိုယ်ကို အပြစ်သားလိုမခံယူမိစေဖို့ပါပဲ။စိတ်ဆိုတာ သုံးတတ် ကိုင်တွယ်တတ်မယ်ဆိုရင်အစွမ်းထက်တဲ့လက်နက်တခုပါ …

ဘေးရန်အန္တရာယ်တွေ ကိုယ့်အပေါ်မကျရောက်လာအောင်ကာကွယ်ပေးပါလိမ့်မယ်။မသုံးတတ် မကိုင်တတ်ဖြစ်နေရင်တော့ကိုယ့်ဟာကိုယ်ပြန်ထိုးမိတတ်ပါတယ်။ရှိမနေတဲ့ ပြသနာတွေကိုတောင် ဖိတ်ခေါ်မိတတ်ပါတယ်။သင်သေချာသိမထားသော မသိစိတ်၏ လျို့ဝှက်ချက်တွေ ရှိပါတယ်။

လူတိုင်းရဲ့မသိစိတ်ဟာ ပင်မဖြစ်တည်ကတခုကနေပေါက်ဖွားလာပါတယ်။ ထိုပင်မဖြစ်တည်ရာဟာ စကြာ၀ဠာကြီးပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးအပေါ်ယံ ရုပ်နာမ်တွေ ဘယ်လောက်ပဲ မတူညီပါစေ။ မသိစိတ်ရဲ့အလုပ်လုပ်ပုံဟာ ထပ်တူညီပါတယ်။မသိစိတ်ဟာ ကတ္တား နှင့် နာမ်စားတွေကို မသဲကွဲပါဘူး။ကြိယာကိုသာ ဆွတ်ယူလေ့ရှိပါတယ်။ဥပမာ သူတပါးကို ကျိန်ဆဲတယ်ဆိုပါစို့မောင်မောင်အသေဆိုးနဲ့သေပါစေ။ဒါကို မသိစိတ်ကကြားတဲ့အခါ မောင်မောင်ကို ပြောနေတာလားကိုယ်ဟာကိုယ်ပြောနေတာလား မသဲကွဲပါဘူး။
ဒါ့ကြောင့် သူတပါးမကောင်းကြံ ကိုယ့်ဘေးဒဏ်ထိဆိုတဲ့ ရှေးစကားဟာ ဘယ်အတိုင်းအတာထိမှန်သလဲဆိုတာ တွေးစရာပါ။မသိစိတ်ဟာ ထပ်တလဲလဲ ခံစားချက်ထည့်သွင်းပြီး ရွတ်နေတာတွေကို အတိုင်းအတာတခုထိကြာတဲ့အခါ အမှန်တကယ်လို့ယုံကြည်ပါတယ်။

လေ့ကျင့်ခန်းတွေစကြစို့

အဆင့်မြင့်စိတ်စွမ်းအားတည်ဆောက်ခြင်း
Day(1)

သင့်ရဲ့အတိတ်ကို ဘယ်တုန်းကမှ မရှိသကဲ့သို့ မေ့ပစ်လိုက်ပါ။နောက်၃နှစ်အတွင်းဖြစ်ပေါ်လာမယ့်အလားအလာကောင်းတွေကိုစိတ်ကူးကြည့်ပါ။စာရွက်ပေါ် ရှင်းလင်းစွာချရေးထားပါ။မနက်တကြိမ်ညအိပ်ရာမဝင်မီ တကြိမ်ဖတ်ပါပြန်သုံးသပ်ပါ။တရက်စီသာ အသက်ရှင်ပါ။၂၄နာရီအတွင်း လုပ်ကိုလုပ်ရမည့်အရေးကြီးသည့် လုပ်ရန်ကိစ္စအဝဝကို
ချရေးထားပါ။

တခုပြီးသွားတိုင်း ဘောပင်ဖြင့်ဖျက်ပစ်ပါ။မိမိကိုယ်ကို ချီးမွမ်းပါ။မင်း ပိုတော်လာပြီ လို့ပြောပါ။လုပ်ဆောင်ချက်တခုပြီးတိုင်းလေဝဝ သုံးကြိမ်ရှုသွင်းထုတ်လုပ်ပြီးနောက်တခုကို လုပ်ရန် စိတ်အာရုံကိုစူးစိုက် ကျပါ။ညအိပ်ရာပေါ်ရောက်ရင်မင်းအကောင်းဆုံးလုပ်ခဲ့ပြီးလိုကျေးဇူးတင်လိုက်တာလို့မိမိကိုယ်ကို ပြောလိုက်ပါ။ကယ် နေ့သစ်တရက်ကိုအကောင်းဆုံးစတင်လိုက်ရအောင်။

အဆင့်မြင့်စိတ်စွမ်းအားတည်ဆောက်ခြင်း
Day(2)

စိတ်ကိုစောင့်ကြည့်ခြင်းအနုပညာ

(၁)စိတ်ဟာ အင်မတန်လှည့်စားတတ်ပါတယ်စိတ်ကပြောနေတဲ့စကားတွေဟာအမြဲယုံနေလို့မရပါဘူး။ဘယ်အခြေအနေမှာယုံလို့ရမလဲ?
ကိုယ့်ဘဝတိုးတက်ကောင်းစားရေးအတွက် စိတ်ထဲကပြောလာရင်တော့ ချင့်ယုံလို့ရပါတယ်။ကိုယ့်ကိုအခက်တွေ့အောင်လုပ်နေရင်တော့ ဆောရီး အသုံးမလိုသေးဘူး။ မျှဝေလို့ကျေးဇူးတင်ပါတယ်လို့ပြောလို့ရပါတယ်။ သိမ်မွေ့စွာကိုင်တွယ်ဖို့ လိုပါမယ်။

(၂)အရေးအကြီးဆုံးက ခံစားချက်ဆိုးတွေကို အလျဉ်စလို မတုံ့ပြန်မိဖို့။စိတ်ထဲမှာ အခုပဲသူရေးကြီးခွင်ကျယ်လို့ ထင်နေတာတွေဟာ တအောင့်နေလိုက်ရင် ဘာမှသိပ်အရေးမကြီးတာမျိုးကြုံဖူးမယ်။ဒါ့ကြောင့် ခံစားချက်ဆိုးတွေကို အရေးတယူမလုပ်မိစေနဲ့။ မိမိကိုယ်ကို သေကြောင်းကြံစည်သူတွေဟာ အခိုက်အတံ့ဖြစ်လာတဲ့ခံစားချက်ဆိုးကို တသက်လုံးခံစားရမယ်လို့ထင်မှတ်မှားရာက သတ်သေလိုက်ကြတာပါ။

(၃)စိတ်ဟာ ကာကွယ်ဖို့နဲ့သာယာမှုနောက်ကို လိုက်ဖို့ပဲ သိပါတယ်။အန္တရာယ်ကနေကာကွယ်တာဟာ ကောင်းပေမယ့် တိုးတက်ဖို့comfort zones ကမထွက်အောင် ကာကွယ်နေရင်တော့ မဟန်ပါဘူး။ စိတ်ဟာသာယာမှုနောက်ကို လိုက်ပြီး နာကျင်မှုတွေ ကျောခိုင်းတတ်ပါတယ်။ ကိုယ့်ဘဝတက်လမ်းအတွက်နာကျင်ရမယ့် အနေအထားမျိုးတွေမှာတော့ စိတ်ရဲ့လှည့်စားမခံရဖို့သတိထားရပါလိမ့်မယ်။

(၄)ကိုယ့်ရဲ့စိတ်ကို အကောင်းဆုံးမိတ်ဆွေဖြစ်အောင် လုပ်ဆောင်မှသာအကျိုးတူပူးပေါင်းနိုင်မှာပါ။လူတချို့ဟာ သူတို့ကိုယ်နဲ့သူတို့စိတ် ငြိမ်းချမ်းရေးမရကြလို့ အမြဲပူလောင်နေကြတယ်။ အဲ့ဒီလို လူမျိုးတွေကိုတော့ သတိထားပြီးဆက်ဆံကြရမယ်။

(၅)စိတ်ဟာ ပန်းဥယျာဉ်နဲ့တူပါတယ်။ ကောင်းသောအတွေးကိုမှ တွေးမနေရင် မကောင်းတဲ့အတွေးဟာ အလိုလို ဝင်ရောက်လာလေ့ရှိပါတယ်။ ဒါကြောင့် ဘယ်လိုအတွေးကို အဝင်ခံမလဲ သေချာရွေးချယ်ဖို့လိုပါမယ်။မိမိ၏ စိတ်တွင်းအခြေအနေအရပ်ရပ်ကို လုံခြုံရေးမှူးသကဲ့သို့စောင့်ကြည့်နေဖို့လိုပါမယ်။တိုးတက်စေမယ့်အတွေးတွေလားဆုတ်ယုတ်စေမယ့်အတွေးတွေလားသတိလေးကပ်ထားရင် အဆင်ပြေပါတယ်။စိတ်ရဲ့အရူးလုပ်လှည့်စားခံရခြင်းမှ ကင်းဝေးကြပါစေ။

အဆင့်မြင့်စိတ်စွမ်းအားတည်ဆောက်ခြင်း
Day(3)

ကြံစည်စိတ်ကူးခြင်းအနုပညာ

ငါ ဘာလုပ်သင့်လဲဆိုတဲ့အဖြေကို ရဖို့ငါဖြစ်ချင်တာဘာလဲသိဖို့ လိုပါတယ်။ငါဖြစ်ချင်တာဘာလဲ မသိခဲ့ရင် ငါ့ဘယ်လိုရလဒ်ဖော်ဆောင်နိုင်မယ်ဆိုရင် ပျော်ရွှင်ကျေနပ်မှာလဲ သိအောင်လုပ်ရမယ်။အကြောင်းတစုံတရာကြောင့် ကိုယ်ဖြစ်ချင်တာတခုခု ဖြစ်မလာခဲ့ရင် အခြားလူများနဲ့ဖြစ်နေတဲ့အခြေအနေအပေါ် အပြစ်မတင်မိစေနဲ့။ကိုယ့်အောင်မြင်မှုအတွက်တာဝန်ဝတ္တရားအားလုံးကို ကိုယ့်လက်ထဲမှာသာ ထားပါ။ကိုယ်ဘာကိုဆောင်ရွက်ရမလဲဆိုတဲ့ အဖြေတွေရဖို့အေးအေးဆေးဆေးနေ့စဉ် ၅မိနစ်လောက် အချိန်ပေးပြီး စိတ်ကူးတဲ့အလေ့အကျင့် လုပ်ဖို့လိုပါမယ်။

စိတ်ရဲ့သဘာဝဟာ တနှစ်အတွင်းလုပ်နိုင်တာတွေမှန်းဆတဲ့အခါ ပိုပိုသာသာမှန်းဆတတ်ပြီး နောင်ဆယ်နှစ်ဖြစ်လာမယ့်အရာတွေကို ခန့်မှန်းရာမှာတော့ လျှော့ပြီးတွက်ဆလေ့ရှိပါတယ်။ ဒီသဘောတရားကို နားလည်ထားရင်တော့ ရေတိုရေရှည်တွက်ဆမှုတွေကို အနီးစပ်ဆုံး လုပ်နိုင်လာမှာဖြစ်ပါတယ်။

Credit: