ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါသည်။

  1. အစာချေဖျက်မှုကို ကူညီပေးသည်
    နံနက်စောစော အစာမစားမီ သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးတစ်ခွက်သောက်သုံးခြင်းက အစာအိမ်အူလမ်းကြောင်းကို နှိုးဆွပေးသည်။ အစာချေဖျက်မှုအားကောင်းလာပြီး ရင်ပူရင်ဆာဖြစ်ခြင်း လျှော့ချပေးကာ အစာအိမ်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို ကူညီပေးသည်။
  2. အဆိပ်ပြေစေနိုင်သည်
    သံပရာသီးတွင် အင်ဇိုင်းများ လုပ်ဆောင်ချက်ပိုကောင်းလာအောင် ကူညီနိုင်သည့် စီးထရစ်အက်စစ်ပါ၀င်သည်။ စီးထရစ်အက်စစ်က အသည်းကိုလည်း နှိုးဆွပေးပြီး အဆိပ်ဖြေရာတွင် ကူညီပေးနိုင်သည်။
  3. ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းပေးနိုင်သည်
    သံပရာသီးညှစ်ထည့်ထားသောရေကအန္တရာယ်ဖြစ်စေသော ကိုယ်ခန္ဓာထဲမှ အက်စစ်ဓာတ်ကို လျှော့ချပေးနိုင်သည်။ သံပရာရည်တွင် စီးထရစ်အက်စစ်ပါ၀င်သော်လည်း ယင်းတွင်ပါ၀င်သည့် သတ္တု ဓာတ်နှင့် အာဟာရဓာတ်များမှာ အယ်လ်ကာလီသဘာ၀ရှိသည်။ စီးထရစ်အက်စစ်မှာ မပြင်းသော အက်စစ်ဖြစ်သောကြောင့် ချွေးထွက်ခြင်းကဲ့သို့ ရှင်းထုတ်လိုက်သော လုပ်ငန်းစဉ်များကြောင့် ခန္ဓာကိုယ်မှ အလွယ်တကူဖယ်ရှားပစ်
    နိုင်သည်။ သံပရာရည်သည် ခန္ဓာကိုယ်ထဲရှိ အခြားပြင်းထန်သော အက်စစ်ဓာတ်များကို ပျက်ပြယ်သွားစေသည့် ကယ်လ်ဆီယမ်ကာဗွန်နိတ်ဖွဲ့စည်းပုံကို အားကောင်းစေသည်။ ပရိုတင်းဓာတ်များစွာ ပါ၀င်သည့် အသားများနှင့် ချိစ်များစားလေ့ရှိသူအတွက် အထူးကောင်းမွန်သည်။ သွေးထဲရေပါ၀င်မှုကို ထိန်းညှိပေးနိုင်ပြီး ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများကိုလည်း ဖြေရှင်းပေးနိုင်သည်။
  4. ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင်သည်
    စီးထရစ်အက်စစ်ပါ၀င်သော အစားအစာများ အားလုံးတွင် ဗီတာမင်စီပါ၀င်သည်။ ဗီတာမင်စီမှာ အအေးမိခြင်းကို ကာကွယ်နိုင်ပြီး ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်သည်။ သံပရာသီးတွင် ပိုတက်စီယမ်ပါ၀င်သောကြောင့် ဦးနှောက်ကိုနှိုးဆွပေးနိုင်ပြီး အာရုံကြောလုပ်ဆောင်မှု အားကောင်းစေကာ သွေးကို ထိန်းချုပ်ပေးနိုင်သည်။
  5. အသားအရေကြည်လင်လန်းဆန်းစေနိုင်သည်
    ဗီတာမင်စီသည် အရေပြားထဲရှိ ပရိုတင်းဓာတ်ထုတ်လုပ်မှုကို ကူညီပေးသောကြောင့် နုပျိုသော အသားအရေအတွက် အထူးကောင်းသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ညိုညစ်ညစ် အသားအရေကို တစ်ခါပြန်တောက်ပလာစေပြီး ကျန်းမာလာစေသည်။ သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးက သွေးကြောများထဲရှိ အဆိပ်များကို ဖယ်ရှားပေးနိုင်သည်။ အမည်းစက်များပေါ် လိမ်းပေးပါကလည်း အရောင်ဖျော့သွားစေနိုင်သည်။

credit: