ဘယ်လို လက္ခဏာနဲ့ လာလဲ
လူနာ မိန်းကလေး သည် ကလေး မီးဖွားပြီး တစ်ပတ် အကြာမှာ ရင်တုန် မော ခြေထောက် ယောင်ရာမှ ရောဂါ လက္ခဏာကို သတိပြု ဆေးရုံလာပြသည်။ လိုအပ်သည့် အီးစီဂျီ ၊ဓာတ်မှန် ၊နှလုံး တယ်လီဗေးရှင်း echo ဖြင့် စစ်ဆေးကြည့်ရာမှ နှလုံး ယောင် နှလုံးညှစ်အားနည်း ရောဂါ ခံစားနေရကြောင်း သိရှိရသည်။ နဂိုက ဘာရောဂါ အခံမှ မရှိ ကျန်းမာ သောသူဖြစ်သည်။
❤️ဒီရောဂါ အဖြစ်များလား
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံများတွင် အယောက် ၁၃၀၀ မှာ တစ်ယောက် ဖြစ်နိုင်သည်ဆိုသည်။
❤️ဘယ်လို ကိုယ်ဝန်ဆောင် တွေပိုဖြစ်နိုင်လဲ
အသက်ကြီးတဲ့ကိုယ်ဝန်ဆောင်တွေ ၊ ၃ ယောက်နဲ့ အထက် မွေး ကိုယ်ဝန်ဆောင်သူတွေ၊ သွေးတိုးရှိတဲ့သူ၊ ကိုကိန်း သုံးစွဲသူတွေ၊ အမွှာပူးကိုယ်ဝန်ဆောင်သူတွေမှာ အဖြစ်များတယ်။ ဆင်းရဲတာက လဲ ပိုဖြစ်စေတယ် ဆိုပါတယ်။
❤️ အန္တရာယ်ရှိလား
ရာနှုန်းပြည့် ပြန်ကောင်းနိုင်တယ် သေသေချာချာ ကုသမူ့ မရရင်လဲ သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။
❤️ဘာကြောင့်နှလုံးယောင် အားနည်း ဖြစ်သွားရတာလဲ
တိတိကျကျ ကွဲကွဲပြားပြား မပြောနိုင်ပေမဲ့ ဖြစ်နိုင်တဲ့ အကြောင်းတွေကတော့ နှလုံးကြွက်သား က ဗိုက်ရပ်စ် ပိုးတွေကြောင့်ယောင် ယမ်းတာ ၊ခန္ဓာကိုယ်တွင်း ကိုယ်ခံအားစနစ် မညီမျှခြင်းကြောင့်ဖြစ်တာ ၊ မွေးရာပါ မျိုးရိုး ဗီဇ ချွတ်ယွင်းတာ၊ စီလီနီယမ် အဟာရ ချို့တဲ့တာ၊ အမျိုးသမီးဟောမုန်း အပြောင်းအလဲ၊ နှလုံး သွေးကြောကျဉ်းခြင်းကြောင့်၊ သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင်ကာလ စိတ်ဖိစီးမူ များသောကြောင့် အစရှိတဲ့ အချက်တွေကြောင့် ပို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
❤️ဘယ်အချိန်မှာ ဒီရောဂါ ဖြစ်တတ်လဲ
နေ့စေ့ လစေ့ မီးဖွားကာနီး တစ်လ အလိုရယ် မီးဖွား ပြီးကာစ တစ်ပတ်ကနေ ၅ လ ထိ ဖြစ်ပွားနိုင်ပါတယ်။
❤️ဘယ်လိုကုသကြမလဲ
beta blocker ACEI diuretic ဆေးတွေနဲ့ အဓိကထား ကုသမူ့ခံယူလျင် အခြေအနေ တိုးတက်လာနိုင်ပါတယ်။
ဒေါက်တာ သက်ဟိန်း ( နှလုံးအထူးကု) #puerperium cardiomyopathy# ဒီဓာတ်မှန်နဲ့ လူနာ မိန်းကလေးကတော့ သားဦးမွေးပြီးပြီးခြင်း နှလုံးယောင် နှလုံးအားနည်း ခံစားရပြီး ဆေးကုသမူ့ ခံယူခဲ့ပါတယ်။တစ်လ အကြာမှာ နှလုံး ညှစ်အား တိုးတက်လာတဲ့ အတွက် ရာနှုန်းပြည့် ပြန်ကောင်းနိုင်ချေ ရှိပါတယ်။ အားလုံးပဲ သက်ရှည် ကျန်းမာနိုင်ကြပါစေ။