ကွန်ပျူတာနဲ့ဖုန်းချိတ်ဆက်ပြီး အင်တာနက်မသုံးတတ်သေးသူတွေအတွက် တစ်ဦးချင်းမဖြေပေးနိုင်လို့ ချိတ်ဆက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ကွန်ပျူတာထဲကို ဖုန်း hotspot လွင့်ပြီး အင်တာနက်သုံးဖို့ဘာတွေလိုအပ်သလဲဆိုတော့ Wifi မပါတဲ့ လက်တော့နဲ့ Desktop ကွန်ပျူတာအသုံးပြုတဲ့သူတွေက wireless driver နဲ့adapter လိုအပ်ပါတယ်။ Wireless adapter ဆိုတာဘာလဲ။ အလွယ်ဆုံးပြောရရင် wifi ရှာပြီးချိတ်လို့ရတဲ့ တိုင်တစ်တိုင် သို့မဟုတ် နှစ်တိုင်ပါတဲ့ adapter ကို ခေါ်ပါတယ်။ TP-Link လို wireless adapter ကို တွေ့ဖူးကြမှာပါ။ အခုနောက်ပိုင်း wireless adapter တွေက USB Stick လိုပဲ အသေးစားတွေရှိပါတယ်။


USB Wireless adapter သို့မဟုတ် တိုင်ပါတဲ့ Wireless adapter ကို ကွန်ပျူတာမှာထိုးထည့်လိုက်ပါ။ Wifi ပါတဲ့ ကွန်ပျူတာတွေဆိုမလိုဘူးနော်။ ကွန်ပျူတာမှာပေါ်လာရင် Setup.exe သို့မဟုတ် drivers ဆိုတာကို အရင် Install လုပ်ပေးရတယ်။ တစ်ချို့Wireless adapter တွေက စက်ထဲကိုထိုးထည့်လိုက်တာနဲ့Wireless adapter driver ကို Auto install လုပ်ပေးတယ်။ ကိုယ်ဝယ်လိုက်တဲ့ Wireless adapter မှာ driver ခွေ သို့မဟုတ် Auto run လုပ်ပေးတဲ့ driver မပါရင် google မှာ Wireless driver for pc လို့ရိုက်ရှာပြီး ဒေါင်းလုဒ်ဆွဲပါ။ သိပ်မကြာပါဘူး။ ပြီးရင် install လုပ်လိုက်ပါ။ မိမိစက်မှာ Driver နဲ့ Wireless adapter ကို install လုပ်ပြီးသွားရင် ကွန်ပျူတာ Taskbar မှာ Wifi icon ကို နှိပ်လိုက်ပါ။ သူများလွင့်ထားတဲ့ wifi တွေတွေ့ရမယ်။ Airplane mode ကို Off လုပ်ထားရမယ်နော်။ On လုပ်ထားရင် ဘာမှ တွေ့ရမှာမဟုတ်ဘူး။ မိမိဖုန်း Settings ကိုဖွင့်လိုက်ပါ။ Personal Hotspot ကိုရှာပြီး ဝင်လိုက်ပါ။ မတွေ့ရင် More Setting မှာရှာပါ။ Portable hotspot ကို On လုပ်ပြီး နှိပ်ဝင်လိုက်ပါ။ Setup portable hotspot ရဲ့SSID မှာ မိမိကြိုက်တဲ့ ဖုန်းနာမည်ပေးပါ။ ကျနော်ကတော့ အခုစာရေးသူဖြစ်တဲ့ စော်ကြည်၊ရုပ်ချော၊ သဘောကောင်း၊ စိတ်ကောင်းရှိတဲ့သူဖြစ်တဲ့ နာမည်အတိုကောက် ATRW လို့ပေးလိုက်တယ်။ Security မှာ WPA2 PSK ကို ရွေးပြီး အောက်မှာ atrw8884 လို့ ကြိုက်တဲ့ password ရှစ်လုံးပေးပြီး အပေါ်က Ok ကိုနှိပ်ပါ။ Password မပေးထားရင် ကိုယ့် Wifi ကို လူတိုင်း သုံးလို့ရနေမယ်။ Portable hotspot ကိုဖွင့်ထားပြီး ATRW active လို့ဖြစ်နေရမယ်။ အင်တာနက်လည်းဖွင့်ထားရမယ်နော်။ ပြီးရင် ကွန်ပျူတာမှာ wifi icon ကိုတစ်ချက်နှိပ်လိုက်ပါ။ အဲ့မှာ သူများလွင့်ထားတဲ့ wifi တွေ တွေ့ရမယ်။ လွင့်မထားရင် မတွေ့ ဘူး။ ကိုယ်လွင့်ထားတဲ့ Wifi ကိုရွေးပြီး တစ်ချက်နှိပ်လိုက်ပါ။Connect Automatically ကို အမှန်ခြစ်ပြီး Connect ကိုနှိပ်ပါ။ ဖုန်းမှာ ကိုယ်ပေးခဲ့တဲ့ password ကိုရိုက်ထည့်ပြီး Next ကိုနှိပ်ပါ။ Yes or No မေးလာရင် စာဖတ်ပြီး Yes လို့ပေးပါ။ ခဏလောက်စောင့်နေပြီးရင် Connected ဖြစ်သွားရင် ကွန်ပျူတာနဲ့ဖုန်းကို အင်တာနက်ချိတ်လို့ရသွားပါပြီ။

Bluetooth ချိတ်နည်း
ဖုန်းထဲကဘလူးတူကို နာမည်ပေးပြီး On လုပ်ထားပါ။ ကျနော်ကတော့ iPhone လို့ပေးလိုက်တယ်။ ကွန်ပျူတာမှာ ဘလူးတူ driver ကို install လုပ်ထားရမယ်။ Bluetooth driver for pc ကို ရှာဒေါင်းပြီး install လုပ်ပါ။ ပြီးရင် ကွန်ပျူတာ Taskbar ပေါ်က show hidden icon ဆိုတဲ့ မြှားလေးပြထားတာကိုနှိပ်ပြီး bluetooth device ကိုရှာပါ။ မတွေ့ရင် Search box မှာ bluetooth ရိုက်ရှာကြည့်ပါ။ သို့မဟုတ် All settings\Devices\Bluetooth & other devices ကိုနှိပ်ပါ။ Bluetooth ကို On လုပ်ပါ။ အပေါ်မှာ Add bluetooth & other devices ကိုနှိပ်ပြီး bluetooth ကို ထည့်ပါ။ အဲ့မှာ bluetooth ကို ရှာမတွေ့ရင် Bluetooth & other devices အောက်က ညာဘက်ဘေးမှာ More Bluetooth options ကိုနှိပ်ပြီးရှာပါ။ Bluetooth Settings ပေါ်လာရင် Allow bluetooth device to find this pc ကိုအမှန်ခြစ်ပေးပြီး OK နှိပ်။ ပြီးရင် ကိုယ့်ဖုန်း bluetooth နာမည်ကိုရှာပါ။ တွေ့ရင် တစ်ချက်နှိပ်ပြီး Connect ကိုနှိပ်ပါ။ ဖုန်းမှာ Cancel or Pair လို့ပေါ်လာရင် pair ကိုနှိပ်ပါ။ တစ်ချို့စက်တွေကတော့ Code နံပါတ်တောင်းလားတတ်ပါတယ်။ ဘလူးတူးနာမည်အောက်မှာပါတဲ့ code 6 လုံးကို ရိုက်ထည့်ပေးလိုက်ပါ။ ဒါက ကွန်ပျူတာကနေ ချိတ်တဲ့နည်းပါ။ ဖုန်းကနေဆိုရင် ဘလူးတူကိုဖွင့်ပြီး ကွန်ပျူတာနာမည်ရှာပါ။ တွေ့ရင် pair လုပ်လိုက်ပါ။ Done ကိုနှိပ်ပါ။ Paired ဖြစ်သွားရင် သီချင်း၊Video စတာတွေကို ကွန်ပျူတာ၊ဖုန်းကနေ အပိတ်၊အဖွင့်၊ ဖိုင်တွေ ကူး စတာတွေ လုပ်လို့ရသွားပါပြီ။

credit-Netplus