Mummy issues ဆိုတာ Clinical term တစ်ခုတော့ မဟုတ်ပါဘူး။ မိခင်နဲ့ကြားမှာ Healthy မဖြစ်တဲ့ ဆက်ဆံရေး‌တွေ ရှိနေခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ မိဘတွေရဲ့ ဆက်ဆံရေးက ကိုယ့်ရဲ့ Romantic relationship အ‌ပေါ်ထားတဲ့ ခံယူချက်၊ အတွေးအခေါ်တွေကို အနည်းနဲ့အများ သက်ရောက်နိုင်ပါတယ်။

Mummy issues ရှိတဲ့သူတွေမှာ ယေဘူယျအနေနဲ့

ရေရှည်ဆက်ဆံရေး တည်ဆောက်ဖို့ ခက်ခဲခြင်း၊

Self-esteem အားနည်းခြင်း၊

Healthy ဖြစ်တဲ့ boundaries မရှိခြင်း

Toxic relationship တွေကိုပဲ ရွေးခြယ်မိခြင်း၊

Fear of Abandonment  စတဲ့ ပြသာနာတွေ တွေ့ရတတ်တယ်။

ဥပမာ- မိခင်က အိမ်ထောင်ရေးဖောက်ပြန်တာ၊ မိခင် ထားသွားတာ ခံရတဲ့သူတွေမှာ စိတ်မလုံခြုံမှု တွေ ရှိတတ်ပါတယ်။ သူတို့တွေက Relationship အပေါ်မှာ စိုးရိမ်စိတ် အတေည်များတတ်ပါတယ်။ Partner က ချစ်သေးရဲ့လား သံသယဝင်တာ၊ အရမ်းတွယ်ကပ်တာ၊ သဝန်‌တိုတာတွေတော် တော်များတတ်ပါတယ်။

ယောင်္ကျားလေးတွေ ဆိုရင် Partner ဆီက ထားခဲ့ခံရမှာ ကြောက်တာကြောင့် Commitment မပေးချင်ကြတာ၊ ရင်းနှီးမှာ ကြောက်တာ‌၊ ရှောင်ဖယ်လိုစိတ် ရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ မိခင်ဆီက စိတ်လုံခြုံမှု၊ ဂရိုက်မှုကို မရခဲ့လို့ ကိုယ့်ရဲ့ ညီအစ်ကို၊ မောင်နှမတွေကို ငယ်ငယ်ကတည်း က စောင့်ရှောက်ပေးခဲ့ရတယ်။ သူတို့တွေက Relationship မှာလည်း ကိုယ်တိုင်ရဲ့ စိတ်ခံစားချက်၊ ဆန္ဒ‌တွေကို အမြဲနောက်မှာပဲ ထားမိတတ်ပြီး တစ်ဖတ်သူအတွက်ပဲ စဉ်းစား၊ Support ပေးကြပါတယ်။

မိခင်ဆီက ဂရုစိုက်ခံမှု၊ အုပ်ထိန်းမှုက Over ဖြစ်လွန်းတဲ့သူတွေ၊ အရမ်း Control လုပ်ခံရတဲ့သူ‌တွေ ကျပြန်တော့လည်း သူတို့နဲ့ Partner အပေါ် မှီခိုလွန်းတာ၊ ဆုံးဖြတ်ချက်ချ စရာတွေအားလုံးတစ်ဖတ်သူ သဘောအတိုင်း လိုက်လျောတာမျိုးတွေ ဖြစ်တတ်ပါတယ်။

မိခင်က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ Abusive ဖြစ်တာ၊ မိဘတွေ ရန်ဖြစ်စကားများ တာကို မြင်တွေ့ပါများတဲ့သူ တွေအနေနဲ့   သူတို့ရဲ့ Trust issues နဲ့ စိတ်ပိုင်းဆိုင်ရာ ပြသာနာ‌တွေက  Relationship အပေါ်သက်ရောက်ပြီး၊ အဆင်မပြေဖြစ်စေတာ တွေ ရှိလာနိုင်ပါတယ်။

စည်းကမ်းတင်းကြပ်ပြီး၊ အပြစ်တင်ဝေဖန်တာ များတဲ့ အမေနဲ့ကြီးပြင်းတဲ့သူတွေမှာ အမှား မခံနိုင်တဲ့စိတ်၊ Perfect ဖြစ်ချင်တဲ့စိတ်တွေ များတတ်ပါတယ်။ Relationship အပေါ်မှာ လည်း ပြသာနာအသေးအမွှားလေးကအစ လက်မခံနိုင်တာ၊ စိတ်တိုလွယ်တာတွေ ရှိတတ်ပါတယ်။

မိခင်နဲ့ ဆက်ဆံရေး၊ Issues တွေ အပေါ်လိုက်ပြီး ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာအ‌ပေါ် သက်ရောက်မှု၊ အခြေအနေတွေကလည်း အမျိုးမျိုး ကွာခြားနိုင်ပါတယ်။ ကေင်းမွန်တဲ့ Relationship ကို ကြိုးစားတည်ဆောက်ချင်တယ်ဆိုရင် အဓိကက Mummy issues ကြောင့် ဖြစ်လာတဲ့ သက်ရောက်မှု၊ Relationship Pattern တွေကို သတိပြုမိဖို့လိုပါတယ်။ ကိုယ့်ရဲ့ စိတ်ဒဏ်ရာ၊ အတွေးတွေကို တစ်ဆင့် ပြန်ပြောင်းနိုင်ဖို့ Therapy၊ Counseling အကူအညီတွေ ရယူနိုင်သင့်ပါတယ်။

Relationship, Family issues တွေအတွက် mental heal မှာလည်း ကျွမ်းကျင်တဲ့ Professional တွေနဲ့ Counseling service ရယူနိုင်ပါတယ်ဆိုတာလေးလည်း အသိပေးလိုက်ပါတယ်နော်။ 🤍