နှစ်သက်ရာ ငါးတစ်ကောင်
ငါးကိုအကြေးခွံထိုးဗိုက်ခွဲရေဆေးသန့်စင်ပါတယ်။
သံပုရာသီး၂စိတ်
ဆားနနွင်းတို့ကိုရောနယ်ပြီး
ငါးကိုပွတ်နယ်မယ်။ ပြီးရင်
၅မိနစ်လောက်ခဏနှပ်ထားပြီးရေစင်စင်ဆေးချပါတယ်။
အညှီအချွဲတွေပျောက်အောင်ပါ။
ရေခဏစစ်ထားပြီး မီးဖိုးချောင်သုံးစက္ကူနဲ့သုတ်ပြီး
ငါးက်ုဆားနနွင်းငရုတ်ကောင်းနဲ့နယ်ပြီးနာရီဝက်ခန့်နှပ်ထားပါတယ်။
နှပ်ထားတဲ့အချိန်မှာ အနှစ်အတွက်ပြင်ဆင်ထားပါတယ်။
ကြက်သွန်ဖြူ
၆မွှာနုတ်နုတ်စင်း
ဂျင်းလက်တစ်ဆစ်
ကြက်သွန်မိတ် ၃ပင်
သစ်ဂျပိုးသေးသေး
နာနတ်ပွင့်
ငရုတ်ခြောက် ၅ခု
ငရုတ်ကြမ်းဖတ် အနည်းငယ်
ငရုတ်နှစ်ထမင်းစားဇွန်း ၁ဇွန်း
ငရုတ်ချဉ်ပဲငပိနှစ်
ပဲငံပြာရည်
သကြား
ငံပြာရည်
ရှလကာရည်
ကော်မှုန့်အနည်းငယ်စီလိုအပ်ပါတယ်။
စချက်ဖို့အတွက် အိုးထဲကို
ဆီစားပွဲတင်၁ဇွန်းထည့်ပြီး ပူလာလျှင် ငါးကိုထည့်ပြီး
တဖက်ကို၃ မီနစ်စီကြော်ပါတယ်။
အရေပြားတင်းရုံလောက်ပါ။
ပြီးရင်ဆယ်ထားပြီးကျန်တဲ့ဆီထဲကို
ငရုတ်အကြမ်းဖတ်နဲ့ ငရုတ်ခြောက်ထည့်ကြော်ပါတယ်။
အနံမွှေးလာလျှင်ဆယ်ထားပြီး
အိုးထဲသို့ကျန်တဲ့ပစ္စည်းတွေဖြစ်တဲ့
ကြက်သွန်ဖြူ
ဂျင်း ငရုတ်နှစ်
သစ်ကြပိုး
နာနတ်ပွင့်ထည့်ဆီသတ်ပါတယ်။
မွှေးလာမှ
ငရုတ်ချဉ်၊
ငံပြာရည်၊
ပဲငံပြာရည်သကြားထည့်မွှေပြီး
ခဏကြာမှရေနို့ဆီဗူးတဝက်ခန့်ထည့်ပြီး
ဆူအောင်တည်ပါတယ်။
ဆူလာမှမီးလျော့ပြီး
ငါးကိုထည့်ကာအိုးထဲမှအရည်ကိုဇွန်းနဲ့ခက်ပြီး
ငါးပေါ်လောင်းချပေးပါတယ်။
အဖုံးအုပ်ထားပြီး ၅မိနစ်တစ်ခါ အဖုံးဖွင့်ကာ
ငါးပေါ်ကိုလောင်းချပေးပါ။
၂ဖက်မျှပြီးအရသာဝင်အောင်ပါ။
မိနစ်၂၀လောက်ကြာပြီဆိုငါးလဲကျက်ပြီးမို့
ဖြေးဖြေးဆယ်ပြီးပန်းကန်ထဲထည့်ပါ။
အိုးထဲမှ ကျန်တဲ့အရည်ထဲကိုကြက်သွန်မိတ်ထည့်မွှေပါ။
ဆယ်ထားသောငရုတ်ခြောက်များထည့်ပါ။
နောက်ဆုံးမှာ ကော်မှုန့်ရေဖျော်ထည့်ပြီးမွှေကာ ငါးပေါ်သို့လောင်းချကာ အရသာရှိတဲ့ ငါးချဉ်စပ်ရပီနော်။

အကုန်ကျလည်းသက်သာ ထမင်းနဲ့စားစား၊ ဒီအတိုင်းစားစား
အဆင်ပြောပါတယ်။ စားကောင်းကြပါစေ။
Credit-original uploader
photo credit