အထိအ​တွေ့နဲ့ ကိုင်တွယ်လို့မရတဲ့ စိတ်ခံစားမှုဆိုတဲ့ စိတ္တဇနာမ်ဟာ ဦး​နှောက်ရဲ့လုပ်​ဆောင်မှု​တွေနဲ့အတူ emotions ​တွေကိုပြုလုပ်​ပေးပါတယ်။ သက်ရှိတိုင်းမှာ​ငိုမယ် ၊ရယ်မယ်၊ ​ဒေါသထွက်မယ်၊ စိတ်ဆိုးမယ်၊ဝမ်းနည်းမယ် အစရှိတဲ့စိတ်ခံစားချက်​​တွေရှိ​နေတာပုံမှန်ပါပဲ။

စိတ်ခံစားမှု​တွေရဲ့သက်​ရောက်မှုကလည်းတ​ယောက်နဲ့တ​​ယောက်အ​ပေါ်မတူညီကြပါဘူး။
ဒီ​နေ့ အတွက် 11:11 team က​နေပြီး ​ပြောပြ​ပေးမှာက​တော့ ဝမ်းနည်းဆို့နင့်တဲ့အချိန်​တွေကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ​လေးပါ။
ဝမ်းနည်းဆို့နင့်​ကြေကွဲမှု​တွေဟာ အင်မတန်ကိုမှခံစားရခက်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး Covid-19 ​ရောဂါ​ကြောင့် မိမိချစ်ခင်ရသူ​တွေ၊ မိသားစုဝင်​တွေကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့အခါ ဝမ်းနည်းမှု​တွေ ခံစားရကြရပါတယ်
ဝမ်းနည်းမှုကိုအ​ခြေခံတဲ့ အ​ကြောင်း​လေး​တွေက​တော့
• ပတ်သက်ခဲ့သမျှအမှတ်တရ​တွေ
• မကြားချင်တဲ့
ပတ်ဝန်းကျင်က​ပြောစကား​တွေ
• Self guilt လို့​ခေါ်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်​နေတာ​တွေ
• ဝမ်းနည်း​စေမယ့် အ​ကြောင်းအရာတိုက်ဆိုင်မှု​တွေ အစရှိတာ​တွေကို​ တွေ့ရ​လေ့ရှိပါတယ်။
ဝမ်းနည်းမှုက လိင်မခွဲခြားပါဘူး။ ကျွန်တော်တို့ ​ပြော​နေကြစကား​တွေဟာ လူတစ်​ယောက်ရဲ့ဖြစ်တည်မှုကို ထိခိုက်​စေတာ​ကြောင့် သတိပြုသင့်ပါတယ်။​ ဥပမာအားဖြင့် “ယောကျ်ား​လေးဆိုတာမငိုရဘူး”
“မိန်းက​လေးငိုရင် ကျက်သ​ရေယုတ်တယ်”
ဆိုတဲ့စကား​တွေဟာ အားငယ်သူကို အား​ပေး​ရာမရောက်ဘဲ သူတို့ရဲ့စိတ်ခံစားချက်တွေကို ကန့်သတ်လိုက်သလိုပါပဲ။
ဝမ်းနည်းမှုက​နေ ရုန်းထွက်ဖို့အတွက် သတ္တိရှိပါ။ ကိုယ့်ကိုဖိအား​ပေး​နေတာ​တွေကို အဆင်​ပြေသွားမှာပဲဆိုပြီး အတင်းကြီးသည်းညည်းခံ​နေဖို့ မလိုပါဘူး​နော်။
ကိုယ့်ကိုယ်ကိုချစ်တတ်တဲ့ Self Love and Self Care ကို တားဆီးပိတ်ပင်ဖို့အတွက် ခံစားချက်တွေကို ဖွင့်ထုတ်ခွင့်မ​ပေးတာမျိုး၊ ကိုယ့်ကိုယ်ချစ်တယ်ဆိုတာ မလိုအပ်တဲ့ အပိုအလုပ်​တွေ၊ တစ်ကိုယ်ကောင်းဆန်တဲ့အလုပ်ဆိုပြီး သတ်မှတ်တာတွေကြောင့်ရေရှည်မှာ စိတ်​ဝေဒနာ (Mental Illness)က မသိမသာနဲ့ တိုးဝင်ခိုကပ်​နေပါတယ်။
အဲ့ဒါဆိုရင် ဝမ်းနည်းရင်ဘာလုပ်ရမလဲ?
• ငိုချလိုက်ပါ။ ငိုလိုက်ခြင်းအားဖြင့် စိတ်ခံစားမှု​တွေဟာ အထိုက်အ​လျောက်​ပြေ​လျော့သွားပါတယ်။
• ရင်ဖွင့်ပါ။ ကိုယ်ယုံကြည်ရတဲ့ မိတ်​ဆွေသူငယ်ချင်း​တွေဆီဖွင့်ထုတ်​ပြောပြပါ။ ကိုယ့်ရဲ့လျှို့ဝှက်ချက်​တွေကို ပိုပြီးလုံခြုံ​စေချင်ရင်​တော့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်း (counselling ပြုလုပ်ခြင်း) ဖြင့် နှစ်သိမ့်​ဆွေးနွေးမှု ခံယူနိုင်ပါတယ်။
• Social media ​ပေါ်မှာ အချိန်မကုန်ဆုံးပါနဲ့။ Facebook ​ပေါ်က ပွဲ​တွေ၊​ စောင်းချိတ်​ရေးတာ​တွေဟာ အမှိုက်ပုံလိုပါပဲ။ မိမိစိတ်အတွက် အကျိုးပြုတဲ့အ​ကြောင်းအရာ ​တွေကိုသာရှာ​ဖွေပါ။
• စိတ်​ပြေလက်​ပျောက်အ​နေနဲ့ ရုပ်ရှင်ကြည့်တာ၊ သီချင်းနား​ထောင်တာတွေက အင်မတန်မှ ဝမ်းနည်းမှုကို​ဖြေသိမ့်ရာမှာ အကျိုးပြုပါတယ်။
• ဝမ်းနည်းစရာအ​ကြောင်းအရာ ​တွေကို​ရှောင်ပါ ။ မိမိကိုအကျိုးမပြုတဲ့ကိစ္စမှန်သမျှ အပြတ်ဖြတ်လိုက်ပါ။
• ကိုယ့်ကိုယ်ကိုချစ်ပါ။ (ကိုယ်ကြိုက်တဲ့ မုန့်​လေး မှာစားလိုက်တာကလည်း Self Love ပါပဲ)
အခု​ဖော်ပြထားတဲ့ ဝမ်းနည်းမှုကိုကိုင်တွယ်​ဖြေရှင်းနိုင်တဲ့ နည်း​လေး​တွေက မိတ်​ဆွေတို့အတွက် အင်မတန်မှအကျိုးရှိမယ်လို့​ မျှော်လင့်မိပါတယ်။​ လုံးဝထိန်းချုပ်လို့မရဘဲ ဝမ်းနည်းဆို့နင့်မှု​တွေ ပြင်းထန်ပြီးသတိလွတ်မတတ် ခံစားရ​နေပြီဆိုရင်​တော့ ကျွမ်းကျင်တဲ့ပညာရှင်​တွေနဲ့ နှစ်သိမ့်​ဆွေး​​နွေးကုသမှု ခံယူကြဖို့အကြံ​ပေးပါရ​စေ​နော်။
credit-11:11 Campaign
photo credit