နွေပူလာရင် အေးတာလေး သောက်ချင်တယ်။ ဒါပေမယ့် ကျန်းမာရေး ထိခိုက်မှာစိုးလို့ အချိုရည်တွေလည်း မသောက်ချင်ဘူး။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အပူဒဏ်ကိုလည်း သက်သာစေတဲ့ သောက်စရာအေးအေးလေး သောက်ချင်တယ်။ ဒါဆိုရင် ကျန်းမာရေးကို ထောက်ကူပေးတယ်ဆိုတဲ့ Detox Drink လေးတွေထဲမှာရော နွေရာသီနဲ့ ကိုက်ညီတာမျိုး မရှိဘူးလား မသိဘူးလို့ တွေးနေပြီလား ……..
ဒီအခြေလေး သိနိုင်ဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီတစ်ခေါက် နွေရာသီအတွက် အသင့်တော်ဆုံး Detox Drink တွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို ပြောပြပေးပါမယ်။
နွေပူပူမှာ အေးမြနေစေဖို့ အခုပြောပြမယ့် Detox Drink လေးတွေကို သောက်ပေးလို့ ရပါတယ်။
နွေရာသီမှာ ချိုအေးပြီး အသင့်သောက်နိုင်တဲ့ အအေးတွေ၊ ဖျော်ရည်ဘူးတွေက မျက်စိကျစရာပါ၊၊ ဒါပေမယ့် ဒါတွေက သကြားပါဝင်မှုများတာကြောင့် တတ်နိုင်သမျှ ရှောင်တာကောင်းပါတယ်၊၊
အဲ့ဒါတွေအစား အသီးအရွက်လေးတွေနဲ့ လုပ်ထားတဲ့ Detox Drink လေးတွေ သောက်ပေးနိုင်ပါတယ်၊၊ ဖျော်ရည်ဘူးတွေထက်စာရင် Detox drinksတွေက ကယ်လ်လိုရီ တက်တာမျိုး မဖြစ်စေဘဲ လန်းဆန်းစေပြီး အစာလည်းကြေစေနိုင်ပါတယ်။ သကြားဓာတ် ပါဝင်မှု နည်းတာကြောင့် နွေပူပူမှာ သွေးတွင်းသကြားဓာတ် မြင့်တက်မှာမျိုးလည်း ပူစရာ မလိုတော့ဘူးပေါ့။