❤လေးဘက်နာ နှလုံးရောဂါ Rheumatic Heart diseaseသည် မွေးရာပါ နှလုံးရောဂါမဟုတ်ဘဲ အသက်အရွယ် ငယ်ရွယ်သူများဖြစ်သည့် ၅ နှစ်မှ ၁၅ နှစ်အတွင်း အရွယ်များတွင် အများဆုံး ဖြစ်ပွားတတ်သော ရောဂါဖြစ်သည်။ ထိုကဲ့သို့ ရောဂါဖြစ်စေသည့် အဓိကအကြောင်း အရင်းသည် လေးဘက်နာရောဂါပိုးကြောင့်ဖြစ်သည်။

  • မိဘများနှင့် ဝေဒနာခံစားနေရသူ တော်တော်များများသည် အဆစ်အမြစ်ယောင် ရောဂါဖြစ်နေသည်၊ ASO များနေသည်၊ လေးဘက်နာရောဂါဖြစ်နေသည်ဟု ပြောကြသော် လည်း အများစုမှာ လေးဘက်နာရောဂါ၏ ရောဂါလက္ခဏာ၊ မည်ကဲ့သို့စစ်ဆေးသင့်သည်၊ ဘယ် လောက်ကြာကြာ ဆေးသောက်သင့်သည်၊ ဆေးကုသမှုမခံယူပါက မည်သည့်အန္တရာယ် ရှိ သည် စသည့် ပိုးလေးဘက်နာရောဂါ (Rheumatic Fever) နှင့် ပတ်သက်í ဆေးပညာ ဗဟုသုတ နည်းပါးကြသည်ကို အများဆုံးတွေ့ရှိရသဖြင့် အများပြည်သူ ဆေးပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ကြိုတင်ကာကွယ် ကုသနိုင်ရန်အတွက် ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။
  • ပိုးလေးဘက်နာရောဂါသည် group A Streptococcus ခေါ် ဘက်တီးရီးယားပိုး ကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်သည်။ ရောဂါပိုး ခန္ဓာကိုယ်တွင်း ၀င်ရောက်ပါက လည်ချောင်းနာí အဖျားကြီးမည်။ သတိပြုရမည့်အချက်မှာ လည်ချောင်းနာတိုင်း လေးဘက်နာပိုးကြောင့် မဟုတ်ပါ။ အများအားဖြင့် ဗိုင်းရပ်စ် ပိုးများကြောင့်ဖြစ်သည်။ ငုံဆေးသောက်သုံးခြင်း၊ ဆားရည်ဖြင့် ပလုတ်ကျင်းခြင်းများဖြင့် ပျောက် ကင်းနိုင်သည်။ ၅ ရက်ခန့်ကြာသည်အထိ အဖျားမပျောက်ခြင်း၊ လည်ချောင်းနာမပျောက်ခြင်း၊ အာသီး အလွန်အမင်း ယောင်ယမ်းခြင်း၊ ပြည်တွေ့ရှိခြင်း စသည့်ရောဂါလက္ခဏာ တို့သည် လေးဘက်နာရောဂါပိုးကို သံသယရှိသင့်သည့် အချက်များပင်ဖြစ်သည်။ ထိုအဆင့်တွင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့ စစ်ဆေးပြသသင့်သည်။ ဆေးကုသမှုအချိန်မှီ မခံယူပါက လေးဘက်နာပိုးမှတဆင့် လေးဘက်နာ နှလုံး ရောဂါ ဖြစ်စေနိုင်သော အန္တရာယ်ရှိပါသည်။
  • ဗဟုသုတအနေဖြင့် တင်ပြရသော် ကျွန်တော်တို့ ဆရာ၀န်များ အနေဖြင့် ထိုကဲ့သို့သော လူနာများ လာရောက်ပြသပါက ပိုးလေးဘက်နာ ရောဂါဟု သတ်မှတ်ရန် အောက်ပါအချက်များဖြင့် သတ်မှတ်ပါသည်။ အဓိက အချက်များ အနေဖြင့် (၁)အဆစ်အမြစ် ကိုက်ခဲခြင်း၊ ယောင်ရမ်းခြင်း(Arthritis) ( ၂) နှလုံးအဆို့ရှင်ကြွက်သားများ ယောင်ရမ်းခြင်း(Carditis) (၃) အကြောဆွဲခြင်း၊ ကိုယ်လက်များ အလိုလျှောက်လှုပ်ရှား ခြင်း(chorea) (၄)လက်၊ခြေထောက်နှင့် ကျောပြင် တစ်လျှောက်တွင် အဖုငယ်ကလေးများ ထွက်ခြင်း (Subcutaneous nodules) နှင့် အရေပြားပေါ်တွင် အနီရောင်အကွက်ငယ် ကလေးများ ထွက်ခြင်း (Erythema Marginatum)တို့ကို စစ်ဆေးကြည့်ရှုသတ်မှတ်ပါသည်။
  • သာမာန် အချက်များ အနေဖြင့် (၁) ခြေဆစ်၊ လက်ဆစ်များနာခြင်း(Arthralgia) (၂)ဖျားခြင်း (Fever) (၃)ယခင်က လေးဖက်နာရောဂါဖြစ်ပွားဖူးခြင်း(သို့)လေးဖက်နာပိုး ကြောင့် နှလုံးယောင်ရောဂါရှိခဲ့ခြင်း (Previous rheumatic fever) (၄) နာတာရှည်ရောင်ယမ်း သည့် သွေးလက္ခဏာ (ESR) သွေးစစ်လျှင် တက်နေခြင်း(သို့)(c-reactive protein) သွေးစစ်လျှင် တက်နေခြင်း (5) နှလုံးစစ်ဆေးသည့်စက် ECG ဖြင့် စစ်ဆေးပါက နှလုံးလျှပ်စီး လမ်းကြောင်း နှေးကွေးနေခြင်း (Prolonged PR interval on ECG) (၆) သွေးစစ်ဆေးပါက သွေးဖြူဥများ များနေခြင်း(Leuco cytosis) စသည့်အချက်များ ကိုအဓိကထားစဉ်းစားရပါ သည်။
  • အဓိက ရောဂါလက္ခဏာ တစ်ခုနှင့် သာမာန်လက္ခဏာ (၂)ခုရှိမှသာ ပိုးလေးဖက်နာ (Rheumatic Fever) ဟုခေါ်ဆိုသတ်မှတ်ရမည်ဖြစ်သည်။ ထို့ပြင် သွေးဖောက်စစ်ဆေးပါက ASO တက်နေခြင်း (> 250 Unit) နှင့် နာတာရှည်အဖျားရောဂါ တစ်မျိုးဖြစ်သည့် (scarlet Fever)မကြာသေးမှီက ဖြစ်ပွားဖူးခြင်းစသည့် အချက်များ မဖြစ်မနေ ပါရှိရမည်ဖြစ်သည်။
  • အထက်ပါအချက်များကြည့်ရှုခြင်းဖြင့် အဆစ်အမြစ်ယောင်ပြီး ASO များတိုင်း ပိုးလေးဖက်နာ ရောဂါဟုယူဆíမရပါ။ လည်ချောင်းနာ ASO များအတိုင်းလည်း Penicillin ထိုဆေး၊သောက် ဆေးကို နှစ်ရှည်လများ ကုသမှုခံယူရန် မလိုအပ်ပါ။ ပိုးလေးဖက်နာ၏ အဓိကနှင့်သာမာန် ရောဂါလက္ခဏာအချက်အလက်များနှင့့်် ပြည့်စုံမှသာ ပိုးလေးဖက်နာ ရောဂါဟု သတ်မှတ်ပြီး ဆေးကုသမှု လုံလောက်သောကာလအထိ ခံယူရမည်ဖြစ်သည်။
  • ❤လေးဖက်နာရောဂါ ဟုသေချာပါက Penicillin ပိုးသတ်ဆေးတစ်ပတ်ခန့် သောက်ရုံ ဖြင့်ရောဂါ ပျောက်ကင်းနိုင်မည်ဖြစ်သည်။ ပြင်းထန်သော လေးဖက်နာရောဂါ ဝေဒနာနှင့် အထူးသဖြင့် လေးဖက်နာပိုးကြောင့်ရုတ်တရက် နှလုံးယောင်သူများသည် နာတာရှည် လေးဖက်နာနှလုံးရောဂါကို ကာကွယ်ရန် Penicillin ထိုးဆေး တစ်လတစ်ကြိမ်မှန်မှန် ထိုးခြင်းဖြင့် လည်းကောင်း Penicillin သောက်ဆေးကို တစ်ရက်နှစ်ကြိမ်မှန်မှန်သောက် ခြင်းဖြင့် လည်းကောင်း Penicillin မတည့်ပါက Erythromycin ပိုးသတ်ဆေးကို တစ်ရက်နှစ် ကြိမ် အနည်းဆုံး (၅)နှစ်ခန့် မှန်မှန် သောက်သုံးရမည့်ဖြစ်သည်။ ငယ်ရွယ်သူများတွင် ဖြစ်ပွားပါက အသက်(၂၀)အထိ ဆေးကုသမှုခံယူရမည်ဖြစ်သည်။ သို့မှသာ ပိုးလေးဖက်နာ ရောဂါကြောင့် ဖြစ်ပွားသည့် နှလုံးရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။
  • ပိုးလေးဖက်နာရောဂါကို ထိထိရောက်ရောက်အချိန်မှီ ကုသမှုမခံယူခဲ့ပါက နှစ်ကာ လကြာမြင့်သည့်နှင့်အမျှ နှလုံးအဆို့ရှင်များပျက်စီးí၊ကျဉ်းခြင်း၊ ကျယ်ခြင်း၊ နှလုံးကြွက်သား များအားနည်းခြင်းတို့မှတဆင့်နှလုံးခုန်မမှန်ခြင်းများဖြစ်ပွားခြင်းစသည့်နောက်ဆက်တွဲ ပြင်း ထန်သောရောဂါများ ဖြစ်ပွားစေပါသည်။
  • ထို့ကဲ့သို့ ဖြစ်ပွားပါက နှလုံးခွဲစိပ်ကုသမှုများခံယူရခြင်း၊ အများနည်းတူ သက်တမ်းစေ့ မနေရတော့ခြင်း၊ ငွေကြေးကုန်ကျမှုများခြင်း၊ နာတာရှည်ရောဂါဖြစ်သဖြင့် ကိုယ်ရောစိတ်ပါ နာကျင်ခံစားရခြင်းများဖြစ်စေနိုင်သဖြင့် ပိုးလေးဖက်နာရောဂါကို အထူးဂရုပြုကုသမှုခံယူ သင့်ကြောင်းတင်ပြအပ်ပါသည်။

 Credit;ဒေါက်တာသက်ဟိန်း နှလုံးဆရာဝန်