သိန်းငှက်မတစ်ကောင်ဟာ ဥဥဖို့အတွက်တောင်ပေါ်မှာပေါက်တဲ့ သစ်ပင်ရှာတယ်။အဲ့ဒီသစ်ပင်ထဲမှာတောင် အမြင့်ဆုံးသစ်ပင်
ပေါ်မှာ အသိုက်ကိုဆောက်တယ် ။ပထမတော့ အသိုက်ကို ကြီးတဲ့သစ်ကိုင်းသစ်ခက်တွေနဲ့ ဆောက်လုပ်ပါတယ် ။အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေထည့်တယ်။ နောက်တော့မှ သူမရဲ့အမွေးနုတွေကို နှုတ်သီးနဲ့ ဆွဲနှုတ်ပြီးထည့်တယ် ။ နောက်တော့ အဲ့ဒီအပေါ်မှာဥကို ဥလိုက်ပါတယ် ။ ဥကများများ မဥပါဘူး။ တစ်လုံး နှစ်လုံးပါပဲ။ အဲဒီဥပေါ်မှာသိန်းငှက်မကြီး ဝပ်တယ် ။အချိန်တန်တော့လည်း ဥထဲက
သိန်းငှက်ကလေးတွေ ပေါက်လာတယ် ။သိန်းငှက်မကြီး ငယ်သေးတဲ့ သိန်းငှက်ကလေးတွေအတွက် အစားရှာကျွေးပါတယ်
သိန်းငှက်ကလေးတွေ အမွှေးနုတွေထွက်လာပြီ ဆိုရင် သိန်းငှက်မကြီးက အသိုက်ထဲမှာရှိတဲ့ အမွေးနုတွေကို ဖယ်ရှားပစ်တယ် ။
နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေရဲ့ အမွေးတွေရှည်လာရင် သိန်းငှက်မကြီးက သစ်ရွက်ခြောက်တွေ ဖယ်ရှားလိုက်
တယ်။ သဘောကတော့ ကြမ်းတမ်းတဲ့သစ်ကိုင်းသစ်ခက်တွေရဲ့ အထိအတွေ့နဲ့ကြီးပြင်စေချ င်လို့ပါ ။နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေရဲ့ အတောင်ပံတွေက ရှည်သထက်ရှည်လာတယ်။ ပျံသန်းလို့ ရနိုင်တဲ့အချိန်ကို ရောက်ပြီလို့ သိန်းငှက်မကြီးက
ယူဆတဲ့အချိန်မှာ သိန်းငှက်ကလေးတွေကိုအသိုက်ထဲက တွန်းချလိုက်တယ် ။သိန်းငှက်ကလေးတွေက ယက်ကန်ယက်နဲ့
တောင်ပေါ်အသိုက်ထဲက ပြုတ်ကျသွားတယ်။ မပျံ နိုင်သေးလို့ ကျောက်ကြိုကျောက်ကြားထဲကျလို့မရသေးဘူး ထင်ရင်
သိန်းငှက်မက အသိုက်ထဲကို ပြန်ချီလာတယ်သိပ်မကြာခင်မှာပဲ သိန်းငှက်မကြီးက သူရဲ့သားသမီးတွေကို အသိုက်ထဲက တွန်းချပြန်
တယ် ။ ဒီလိုနည်းနဲ့ပဲ အကြိမ်ကြိမ် အခါခါတွန်းချပါတယ် ။သိန်းငှက်ကလေးတွေဟာ လေထဲမှာဝဲပြီးပျံသန်းနိုင်ပြီဆိုတာနဲ့ အစစအရာရာ
ကိုယ့်တာဝန် ကိုယ်ယူပေတော့ ………သိန်းငှက်မကြီးရဲ့ တာဝန်ပြီးပြီ ။အမေရိကန်နိုင်ငံသားတွေဟာသိန်းငှက်ပုံပြင်လိုပဲ သူတို့သားသမီးတွေကိုလမ်းလျှောက်တတ်ကာစမှာပဲ အမှိုက်ပုံးမှာကိုယ့်အမှိုက်ကို ကိုယ်ပစ်တတ်အောင်သင်ပေးတယ် ။အရွယ်နဲ့အမျှ တတ်နိုင်တဲ့ တာဝန်ကိုထမ်းဆောင်ဖို့ လေ့ကျင့်ပေးတယ် ။အသက်( ၁၈ ) နှစ်ပြည့်ရင်တော့သိန်းငှက်မက အသိုက်ထဲက တွန်းချလိုက်သလိုမျိုး တွန်းချလိုက်တာပဲ ။ကိုယ့်စရိတ်ကိုယ်ရှာပြီး ကောလိပ်တက္ကသိုလ်တက်ပေတော့ ဘွဲ့မရခင်မှာဘဲလုပ်ငန်းအတွေ့အကြုံက အမျိုးမျိုးရနေပြီ။ယောက်ျားရော မိန်းမပါ အရွယ်ရောက်တာနဲ့ ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်နေပြီ။ သေနတ်တိုင်းကိုလည်း
ကျွမ်းကျွမ်းကျင်ကျင်ပစ်တတ်နေပြီ။ရေကူးခြင်းအတတ်ပညာကိုလည်းကောင်းကောင်းကျွမ်းကျင်နေပြီ။နိုင်ငံပေါင်းမြောက်များစွာကိုလည်းရောက်ဖူးနေပြီ ။သားသမီးတွေကို မိဘများအနေနဲ့ဘဝမှာ အကောင်းဆုံးလက်ဆောင်ဟာတစ်သက်လုံး သုံးလို့ မကုန်တဲ့ ငွေမဟုတ်ပါဘူး ။ရင်ခွင်ထဲမှာ အမြဲတမ်းထည့်ထားဖို့လည်းမဟုတ်ပါဘူး။ ဘွဲ့လက်မှတ်လည်းမဟုတ်ပါဘူး ။ အိမ်ထောင်ဖက်ကောင်းကောင်းကိုရွေးပေးတာလည်း မဟုတ်ပါဘူး ။မိဘများအနေနဲ့ သားသမီးတွေကိုပေးသင့်တဲ့ အကောင်းဆုံးလက်ဆောင်ကတော့ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးတဲ့စိတ်ဓာတ်ပါ ။ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်ကိုရနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုက
တော့သူတို့ကြောက်နေတဲ့ အလုပ်ကိုသူတို့ကို လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်တယ် ။မိဘများအနေနဲ့ ထိန်းကြောင်းပေးဖို့ပဲလိုပါတယ်။ သူတို့ကို အကြိမ်ကြိမ်အခါခါတွန်းချဖို့ လိုပါတယ်။