၁)      စိတ်ဖိစီးမှုတွေကို လျော့ကျဖို့အချိန်ပေးနိုင်ခြင်း တစ်ပတ်လုံး အလုပ်ဖိအား၊ မိသားစုကိစ္စ မျိုးစုံဖိအား၊ ငွေကြေးကိစ္စ ပေါင်းစုံဖိအား စသည်ဖြင့် ဖိအားအများကြီးအောက်ကနေ စနေ၊ တနင်္ဂနွေအားလပ်ရက်လေးမှာ အားလုံးကို ခဏတဖြုတ်နားလိုက်သင့်ပါတယ်။ ထိုကဲ့သို့ အနားယူလိုက်ခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ကျဖို့အချိန်ပေးလိုက်သလိုဖြစ်သွားစေပါတယ်။

၂)       စိတ်ပိုင်းဆိုင်ရာစွမ်းအင်များ ပြန်လည်ဖြည့်တင်းနိုင်ခြင်း အလုပ်တွေဖိစီးမှုများလာတဲ့အခါ ကိုယ်ရောစိတ်ရော ထုံထိုင်းသွားတတ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအင် တွေ ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့အတွက် အနားယူသင့်ပါတယ်။

၃)      ဖိစီးမှုများကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်များမှ လျော့ကျစေနိုင်ခြင်း တစ်ပတ်လုံးဖိစီးမှုများကြောင့် နှလုံးရောဂါနှင့်ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။ စနေ၊ တနင်္ဂနွေနေ့မျိုးမှာ အနားယူခြင်းက ဖိစီးမှုတွေကို သက်သာစေတဲ့အတွက် နှလုံးရောဂါဖြစ်ပွား နိုင်တဲ့အန္တရာယ်များမှလျော့ကျစေနိုင်ပါတယ်။

၄)      ရှေ့ဆက်ပြီး လုပ်ရမယ့်အလုပ်တွေအတွက် အကြံသစ်၊ အမြင်သစ်တွေ ရနိုင်ခြင်း ဦးနှောက်ကို ဆက်တိုက်ဖိအားပေးခြင်းကနေ အနားယူလိုက်တဲ့အတွက် အကြံသစ်တွေ၊ အမြင်သစ်တွေ ထပ်ပြီးပေါ်ထွက်လာနိုင်ပါတယ်။

၅) အလုပ်ကိစ္စများမှ ကိုယ့်ကိုကိုယ်အနားပေးလိုက်ခြင်းကြောင့် ပိုပြီးဖန်တီးနိုင်လာခြင်း ဆက်တိုက်အလုပ်လုပ်လိုက်ခြင်းက ဦးနှောက်ကို ပိုပြီးထူပူစေတဲ့အတွက် ဘာကိုမှ ထပ်ပြီး ဖန်တီးနိုင်တော့မှာမဟုတ်ပါဘူး။ အသစ်တွေထပ်ပြီးဖန်တီးနိုင်ဖို့အတွက် စနေ၊ တနင်္ဂနွေနေ့ လိုမျိုးမှာ အနားယူလိုက်ပါ။ တနင်္လာနေ့ရုံးတက်ချိန်မှာ အသစ်တွေထပ်ပြီး ဖန်တီးနိုင်မှာပါ။

၆) ကိုယ်ခံစွမ်းအားစနစ် (immune system)ကို တိုးစေခြင်း တစ်ပတ်တစ်ခါ အလုပ်ကိစ္စတွေမှ အနားယူလိုက်ခြင်းကြောင့် စိတ်ဖိစီးမှုတွေ လျော့ကျသွားစေတဲ့အတွက် ကျန်းမာရေးလည်း ပိုကောင်းလာစေသလို၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးလာစေပါတယ်။ ၇) မှတ်ဉာဏ်စွမ်းအား ကောင်းစေခြင်း အလုပ်တွေအရမ်းဖိစီး၊ အရမ်းတွေများလာတဲ့အခါ မကြာခဏ ဟိုဟာမေ့….. ဒီဟာမေ့တာမျိုးကြုံဖူးကြမှာပါ။ အားလပ်ရက်မှာ အလုပ်တွေအားလုံးမေ့ထားပြီး နားနေလိုက် ခြင်းက မှတ်ဉာဏ်စွမ်းအားကိုတိုးစေပါတယ်။