Detoxက စျေးကွက်တစ်ခုလို ဖြစ်လာတဲ့အခါကျတော့ နည်းလမ်းတွေလည်း စုံလာပါတယ်၊၊
- အချိန်ပိုင်း အစာငတ်ခံတာ
- အသီးအရွက်တွေပဲ ကြိတ်သောက်တာ
- ကစီဓာတ်လုံးဝဖြတ်ပြီး အသီးအရွက်ပဲစားတာ
- Detox ကော်ဖီတွေ၊ ဆေးတွေ၊ ဖြည့်စွက်အာဟာရမှုန့်တွေ သောက်တာ
- အူလမ်းကြောင်းဆေးတာ (ဝမ်းနှုတ်ဆေးတွေ သောက်ပြီး ရှင်းတာ များပါတယ်၊၊ အူမကြီး မှန်ပြောင်းကြည့်ခါနီး ကြိုပြင်တာနဲ့ တူပါတယ်၊၊)
- ချွေးပုပ်ထုတ်တာ စသဖြင့် မျိုးစုံရှိပါတယ်၊၊
- Detox တွေက တကယ်အလုပ်ဖြစ်ရဲ့လား၊၊
Detoxနဲ့ ပတ်သက်ပြီး လေ့လာထားတာတွေက နည်းနေသလို ကောင်းတယ်ဆိုပြီး ထွက်ထားတာတွေကလည်း တိတိကျကျ၊ လူများများနဲ့ လေ့လာထားတာ မဟုတ်ပါဘူး၊၊ ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ လေ့လာချက်မှာ Detox dietတွေက ကိုယ်အလေးချိန်ကျဖို့၊ အဆိပ်အတောက်တွေ ထုတ်ဖို့အတွက် ထိရောက်မှု မရှိဘူးလို့ ဆိုထားပါတယ်၊၊ ၂၀၁၇ ခုနှစ်က စာတမ်းမှာတော့ Detoxစလုပ်စမှာ ပိန်သွားသလို ခံစားရပေမယ့် ပုံမှန်အတိုင်း ပြန်စားတဲ့အခါ ကိုယ်အလေးချိန်ပြန်တက်လာတာကို တွေ့ရပါတယ်၊၊ ရေရှည်မှာ Detoxက တကယ်ပဲ အလုပ်ဖြစ်သလားဆိုတာနဲ့ ပတ်သက်ပြီး လေ့လာချက်တွေလည်း မရှိသေးပါဘူး၊၊
- Detox လုပ်ပြီး ပိန်သွားတယ်၊ နေရတာ ပေါ့သွားတယ်လို့ ထင်ရတာ ဘာကြောင့်လဲ၊၊Detoxလုပ်လိုက်တာ planလည်း ပြီးရော ဗိုက်ချပ်သွားတယ်တို့၊ ဘယ်နှပေါင်ကျသွားတယ်တို့ ပြောတာ ကြားဖူးမှာပါ၊၊ ဒါက အဆီကျသွားတာ မဟုတ်ပါဘူး၊၊ ရေဝိတ်ကျသွားတာပါ၊၊ ဒါ့ပြင် နေ့စဉ်အသီးအရွက်တွေပဲ စားတဲ့အခါကျတော့ ဝမ်းမှန်ပြီး နေရတာ ပေါ့လာတာပဲ ဖြစ်ပါတယ်၊၊နေ့စဉ် အာဟာရမဖြစ်တဲ့ အဆီအစိမ့်တွေ၊ အချိုကဲတာတွေပဲ စားနေရာကနေ အသီးအရွက်စား၊ ရေများများသောက်တာ ဒါမှမဟုတ် ဘာမှမစားဘဲ နေလိုက်တဲ့အခါကျတော့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်၊ ရေဓာတ်တွေရပြီး နေလို့ကောင်းလာတာပဲ ဖြစ်ပါတယ်၊၊ ပုံမှန်ဆို အသီးအရွက်စားတာရော၊ ရေသောက်တာရော နည်းကြတာကိုး၊၊ ရေဆာလည်း အချိုရည်ပဲ သောက်ကြတယ်လေ၊၊နောက်တစ်ခုက စိတ်ကြောင့်ပါ၊၊ ကျန်းမာရေးနဲ့ ညီညွတ်တာပဲ စားနေတာ၊ နေလို့ကောင်းတော့မှာဆိုပြီး ယူဆတဲ့အတွက် စိတ်ဖိစီးတာတွေလည်း သက်သာပြီး နေလို့ထိုင်လို့ ကောင်းတာပဲ ဖြစ်ပါတယ်၊၊ဒါပေမယ့် ဒါတွေက ယာယီပဲ ဆိုတာ သိထားဖို့ လိုပါတယ်၊၊ Planရပ်ပြီး ပုံမှန်အတိုင်း ပြန်စားတဲ့အခါမှာ နဂိုအတိုင်း ဖြစ်သွားနိုင်ပါတယ်၊၊
ဒါဆို Detoxကို ရေရှည်စွဲလုပ်လို့ မရဘူးလား၊၊
Detoxက Balanced diet မျှတတဲ့ အာဟာရမဟုတ်ပါဘူး၊၊ ဆိုလိုတာက Detoxပဲ ရေရှည်လုပ်မယ်ဆိုရင် အာဟာရချို့တဲ့လာမှာပါ၊၊ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီတွေ၊ အသားဓာတ်တွေကို လုံလုံလောက်လောက် ရမှာ မဟုတ်ပါဘူး၊၊ ဒါ့ပြင် အသီးအရွက်တွေပဲ စားတဲ့အတွက် လေပွတာ၊ အစာမကြေတာလိုမျိုး အူလမ်းကြောင်း ပြဿနာတွေ ခံစားရတတ်ပါတယ်၊၊ဝမ်းချူပြီး အူလမ်းကြောင်း သန့်တဲ့ နည်းဆိုရင် ရေဓာတ်ဆုံးရှုံးမှု များတာကြောင့် နေထိုင်မကောင်း ဖြစ်တတ်ပါတယ်၊၊ဒါကြောင့် Detox planတွေကို ရက်ပိုင်း ဒါမှမဟုတ် တစ်လလောက်ပဲ ဆွဲကြတာပါ၊၊ဒါဆို Detoxမလုပ်သင့်ဘူးလား၊၊
Detox လုပ်တယ်ဆိုတာ နေ့စဉ်စားနေတဲ့ အာဟာရမဖြစ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကနေ ခဏနားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေ ဖြစ်တဲ့ ရေများများသောက် အသီးအရွက်များများစားတဲ့ဘက်ကို ခဏပြောင်းလိုက်တာ ဖြစ်ပါတယ်၊၊ ဒါကို အတုယူပြီး နေ့စဉ်စားသောက်တဲ့ထဲမှာ အဆီအစိမ့်တွေ၊ အချိုတွေ၊ အသင့်စားအစားအသောက်တွေကို လျှော့ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပုံစံကို အမြဲစားပေးမယ်ဆိုရင် တကူးတက Detoxလုပ်စရာတောင် မလိုပါဘူး၊၊စားတိုင်း စားတိုင်းမှာ သတိလေးကပ်ပြီး ပမာဏကို ချင့်ချိန်မယ်၊၊ အာဟာရရှိတာကိုပဲ ရွေးစားမယ်ဆိုရင် Detoxမလုပ်လည်းပဲ ခန္ဓာကိုယ်က သန့်စင်ပြီး ကျန်းမာနေမှာ ဖြစ်ပါတယ်၊
