Self-care ကို အလေးထားပါ။ အနေထိုင် အစားသောက် အလှပကအစ စိတ်ခံစားချက်အတက်ကျအဆုံး ဂရုစိုက်ပါ ။ အလုပ်ကြိုးစားပါ ။အခြားသူတွေကို ဂရုမစိုက်အားအောင် အရေးမပါတာတွေ အရာမပေးမိအောင် သတိရစိတ်တွေဝင်မလာရအောင် မအားအောင်နေပြီး အလုပ်ကြိုးစားပါ။ First priority က ကိုယ်ပဲဖြစ်ပါစေ။ အားနာတာတွေ လိုက်လျော့ရတာတွေ မလုပ်တော့ပဲ … ကိုယ့်စိတ်အတိုင်းနေပါ။ ကိုယ့်ခံစားချက်ကောင်းမှ လုပ်ပါ။ ကိုယ့်ကိုကိုယ် ဦးစားပေးရွေးချယ်ပါ။ ဆုချပါ။ လိုချင်တာတွေ မြိုသိပ်မနေပဲ အလုပ်ကြိုးစားတဲ့ ကိုယ့်အတွက် ဆုချပါ။ လက်ခံပြီးချစ်ပါ။ အရပ်ပုလည်း အသက်ရှင်ရမှာပဲ အသားမဲလည်းအသက်ရှင်ရမှာပဲ ရုပ်မလှလည်း အသက်ရှင်ရမှာပဲ ဘယ်မိဘကပဲမွေးဖွားလာလာ ကိုယ်က အသက်ရှင်ရမှာပဲ ။ ကိုယ့်အရာရာကို ကိုယ်ကမချစ်ရင် ဘယ်ဖြစ်ပါ့မလဲ။ ပြောင်းလဲလို့မရတာတွေကို Insecurity တွေ ခံစားမနေပဲ မပြောင်းလဲပါပဲနဲ့ လက်ခံပါ ..ချစ်ပါ။ ပျော်နေပါ။ ကိုယ့်မှာရှိတဲ့ အရာတွေနဲ့ ပျော်တတ်အောင်နေပါ။ ငါဟာ ပြည့်စုံတယ်ဆိုတဲ့ စိတ်ကလေးနဲ့ အသက်ရှုပါ။ ကိုယ့်ကိုကိုယ်ယုံကြည်ပါ။ ဘယ်သူမှမရှိလည်း ရပ်တည်နိုင်ကြောင်းသိပါ။
ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့အထိ သန်မာပါ။ အဆုံးသတ်မှာ မြင်းဖြူကြီးစီးပြီး လာကယ်မဲ့ မင်းသားလေးလည်း မရှိသလို … ကိုယ်ဟာ အချစ်စစ်အနမ်းနဲ့မှ အသက်ဆက်ရှင်ခွင့်ရမဲ့ ကျိန်စာသင့် မင်းသမီးလေးလည်း မဟုတ်တာမို့ ဘယ်သူ့ကိုမှ လာဂရုစိုက်ဖို့ စိတ်ဒဏ်ရာတွေကိုလာကုပေးဖို့ မမျှော်လင့်ပဲ အရာရာဟာ ကိုယ်တိုင် ကုစားမှ လွန်မြောက်မယ်ဆိုတဲ့အသိလေးကို ကပ်ထားပေးပါ။ နောက်ဆုံးတစ်ခုက ကိုယ့်ကိုကိုယ် ချစ်စိတ်ပါ။ လူတွေမှာ ကိုယ့်ကိုကိုယ် ချစ်စိတ်ရှိနေဖို့က အရေးကြီးဆုံးပဲ ။ ကိုယ့်ကိုကိုယ် သေချာချစ်တတ်ရင် … ကိုယ့်ကိုကိုယ် နှမြောတတ်လာတယ် အဘက်ဘက်က ဂရုစိုက်တတ်လာတယ်။ မတည့်တာတွေ မစားတော့ဘူး မလှအောင် မနေတော့ဘူး ခံစားချက်မကောင်းတဲ့ နေရာတွေ မသွားဘူး အများကြီး မခံစားစေဘူး ကိုယ့်ရုပ်ရည်၊ ခန္ဓာ နှင့် စိတ်ကို ပျက်စီးစေမဲ့အရာတွေ ဝေးဝေးရှောင်လာတယ်။ မကြိုးစားပဲမနေဘူး ကိုယ့်ကိုကိုယ်ပဲ ဦးစားပေးရွေးချယ်တယ် ။ လိုအပ်ချက်တွေကို အပြစ်မမြင်ပဲ ကျေးဇူးတင်စိတ်နဲ့ ကိုယ့်ဘဝကို ကျေနပ်လာတယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်ရင် ကိုယ့်တန်ဖိုးကို မြင့်မြင့်ထားတတ်လာပြီး ပိုကောင်းတဲ့ ရွေးချယ်မှုတွေ လုပ်လာနိုင်တယ်။ ကောင်းမွန်တဲ့ အရာရာဟာ Self-love ကနေပဲ အခြေခံတာမို့ ကိုယ့်ကိုကိုယ် ချစ်ဖို့မမေ့ပါနဲ့ ။
