စိတ်ဖိစီးမှုကြောင့်ဖြစ်စေ၊ ပျင်းရိတာကြောင့်ဖြစ်စေ၊ မပျော်ရွှင်တာကြောင့်ဖြစ်စေ၊ social media မှာ trend ဖြစ်တဲ့အရာတွေကို အမီလိုက်ဖို့ဖြစ်စေ၊အကြောင်းတခုခုကြောင့် celebrate လုပ်စရာရှိလို့ဖြစ်စေ မိမိတို့ အရေးတကြီး အသုံးမလိုတဲ့ပစ္စည်းတွေ ဝယ်ဖူးမိကြလား။
ပစ္စည်းတစ်ခုခုဝယ်လိုက်ရမှ စိတ်ပင်ပန်းနေရာကနေ စိတ်သက်သာရာရတာမျိုး ခံစားမိကြဖူးလား။ ဒါကို “Emotional Spending” သို့မဟုတ် “Impulse Buying” လို့ခေါ်ပါတယ်။
Emotional Spending ဟာ ပျော်တဲ့အချိန်ပဲဖြစ်ဖြစ် ဝမ်းနည်းတဲ့အချိန်ပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ negative emotions တွေဖြစ်တဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်ညစ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျှော့နည်းခြင်း (poor self-esteem) အစရှိတဲ့ ခံစားချက်တွေကြောင့် ပိုပြီးကြုံတွေ့ရနိုင်ပါတယ်။
ဝမ်းနည်းခြင်းဟာ ပိုက်ဆံသုံးချင်တဲ့ စိတ်ဆန္ဒကို ပိုဖြစ်စေတယ်လို့ Harvard University Researcher Jennifer Lerner က ဆိုပါတယ်။ ဒါဟာ ဝမ်းနည်းနေတဲ့အချိန် (သို့မဟုတ်) စိတ်ညစ်နေတဲ့အချိန်တွေမှာ မိမိအနာဂတ်အကျိုးအမြတ်အကြောင်းတွေကို ကြိုတင်မတွေးတောချင်တော့ဘဲ လက်ရှိခဏတာစိတ်အပန်းပြေမှု၊ ပျော်ရွှင်မှုတို့ကို ပိုပြီး အလေးပေး ခံစားချင်ကြလို့ ဖြစ်ပါတယ်။
ဒီလို emotional spending ပြုလုပ်တဲ့အချိန်မှာ Happiness Hormones တွေဖြစ်တဲ့ Serotonin၊ Oxytocin နဲ့ Dopamine hormones တွေထွက်တာကြောင့် စိတ်သက်သာရာရသလို ခံစားရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ ပစ္စည်းဝယ်ယူခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ ငွေရေးကြေးရေး ထိခိုက်မှုရှိနိုင်တဲ့အပြင် စိတ်ကျန်းမာရေးဆိုင်ရာပြဿနာတွေရဲ့ လက္ခဏာတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။
ဥပမာ Compulsive buying disorder ကဲ့သို့ shopping addiction ဖြစ်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်။
ဒါကြောင့်မို့ တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း ကိုယ့်စိတ် ခဏတာ ကျေနပ်မှုကနေ ရေတိုကုစားမှုကိုအမြဲအားကိုးမနေဘဲ နည်းမှန်လမ်းမှန်ထိန်းချုပ်တတ်ရန် လွန်စွာအရေးကြီးလှပါတယ်။
ဒီတော့ Emotional Spending လုပ်မယ့်အစား စိတ်ညစ်စရာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကျော်ဖြတ်ကြမလဲ။
အကုန်အကျ သက်သာတဲ့ activities လေးတွေကိုအစားထိုးလုပ်ပါ။
( ဥပမာ Journaling နဲ့ Diary ရေးတာမျိုးပါ။ ဒါတွေက မိမိစိတ်ခံစားချက်တွေကို ချရေးလိုက်ရတဲ့အတွက် စိတ်ထွက်ပေါက်တခုလိုဖြစ်စေပါတယ်)
- ကိုယ်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောပါ။
- ဝယ်ချင်တဲ့ ပစ္စည်းတွေ့ရင် ဝယ်သင့်မဝယ်သင့် အချိန်ယူစဉ်းစားပါ။
- မိမိဝယ်နေကြ Online shopping pages or websites တွေကို ခဏတာ Unlike or unsubscribe ပြုလုပ်ပါ။
- No spend challenge လုပ်ကြည့်ပါ ( ဘယ်နှရက်တော့ ပစ္စည်းတွေလျှောက်မဝယ်မိအောင်နေကြည့်မယ် ဆိုတာမျိုးပါ)
- Financial Goals များချမှတ်ပါ။ ( ဝင်ငွေရဲ့ ဘယ်နှရာခိုင်နှုန်းကို ဘယ်လိုသုံးမလဲ ဘယ်လိုစုမလဲစသဖြင့်ပါ )
- Credit card ကိုအလွယ်တကူ မသုံးမိအောင် information များ auto save မပြုလုပ်ထားပါနဲ့။
- ကိုယ်လက်လေ့ကျင့်ခန်းများမှန်မှန်ပြုလုပ်ပေးပါ။
- Wants နဲ့ Needs ကို သေချာခွဲတတ်တဲ့ အလေ့အကျင့်ပြုလုပ်ပေးပါ။
ကိုယ်က emotional spending ပြုလုပ်တတ်တဲ့ လူတယောက်ဆိုရင် အပေါ်မှာ ပြောပြခဲ့တဲ့ အချက်လေးတွေကို လက်တွေ့ကျင့်သုံးပြီး စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကို ကျော်ဖြတ်ကြည့်ကြပါနော်။
2022 ခုနှစ်မှာလည်း စိတ်ရောကိုယ်ပါကျန်းမာ ပျော်ရွှင်တဲ့သူတွေဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်