Overthinking “ ဆိုတာဘာလဲ?
Overthinking ဆိုတာကတော့ တစ်စုံတစ်ခုအပေါ်မှာ အကြာကြီးတွေးတာ ..အတွေးလွန်တာဘဲဖြစ်ပါတယ်

ဥပမာပြောရမယ်ဆိုရင်​တော့… ငါ မနက်ဖြန် အလုပ် interview အတွက် စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ အတွေးကစပြီးတော့ interview မှာ အလုပ်ခေါ်တဲ့ဘက်က ငါ့ကိုသဘောကျပါ့မလား ..ငါက သူတို့လိုချင်တဲ့ အရည်အချင်းတွေ ရှိပါ့မလား? ငါသေချာပေါက် အလုပ်မရနိုင်လောက်ပါဘူး ” အစရှိသဖြင့် မဖြစ်လာသေးတဲ့ အကြောင်းအရာတွေ အပေါ်မှာ စိုးရိမ်ပူပန်လာပြီး ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေ ဖြစ်လာခြင်းကို “Overthinking“ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။

သုတေသနတွေမှာလဲ ဖော်ပြထားတာတွေကတော့..
“Overthinking” ဟာ ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို တိုးမြှင့်စေပြီး ထီထွင်ဖန်တီးနိုင်မှုစွမ်းရည်လို့ ခေါ်တဲ့ Creativity ကို လျော့ကျစေပါတယ် ဒါ့အပြင် ကိုယ့်ရဲ့ decision making လုပ်နိုင်တဲ့စွမ်းရည်ကိုပါထိခိုက်စေပါတယ်

“Overthinking” အတွေးလွန်ခြင်းပြသာနာကို ဖယ်ရှားဖို့ အချက် (၅) ချက်ရှိပါတယ်

၁။ မိမိကိုယ်တိုင် အတွေးလွန်နေတယ် ဆိုတဲ့ အချက်ကို စတင်သတိထားမိခြင်း
ပထမဦးဆုံးအဆင့်ဖြစ်တဲ့ ကိုယ့်ရဲ့ အတွေးတွေဟာ negative thought တွေများနေတယ် စိုးရိမ်ပူပန်မှုတွေများနေပြီး ဒီအကြောင်းအရာတွေပဲ ထပ်တလဲလဲ တွေးမိနေတယ် ဆိုရင်တော့ သေချာပါတယ် ဒါဟာ overthinking ဆိုတဲ့ အတွေးလွန်ခြင်း ပြသာနာရဲ့ အစပါပဲ။

၂။ အတွေးတွေကို ရင်ဆိုင်ဖြေရှင်းခြင်း
ကိုယ်လုပ်ခဲ့တဲ့ အမှားတွေ ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တွေးပြီး စိတ်ညစ်နေလို့ပဲ မရပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ အမှားတွေကနေ‌ နောင်တချိန် အမှားမဖြစ်အောင် ဘယ်ဟာတွေက ကိုယ့်အတွက် သင်ခန်းစာ ရနိုင်လဲ မိမိကိုယ်ကိုယ်ပြန်မေးပါ။

၃။ thinking time ထားရှိခြင်း
အချိန်အကြာကြီး တွေးနေခြင်းက ကိုယ့်အတွက် အကျိုးမရှိပါဘူး ဒါပေမယ့် အလေးအနက်ထားပြီး တွေးခြင်းကတော့ ကိုယ့်အတွက်အကူအညီဖြစ်စေနိုင်ပါတယ်။ ဥပမာအနေနဲ့ ကိုယ်စဉ်းစားထားတဲ့ plan တွေမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေကို ကြိုတင်ခန့်မှန်းတာက ကိုယ့်ရဲ့ future plan တွေအတွက် အထောက်အကူဖြစ်စေတတ်ပါတယ်။ ကိုယ်တွေးတဲ့အချိန်ကို မိနစ် ၂၀ လောက် daily schedule ထဲထားရှိရပါမယ်။ စဉ်းစားတွေးတောတဲ့ အချိန်ပြည့်ပြီဆိုတာနဲ့ ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတွေကိုပြန်လည် ဆောင်ရွက်ပါ။

၄။ အာရုံစုစည်းခြင်း
ကိုယ့်ရဲ့ အတွေးတွေကို ထိန်းချုပ်နိုင်အောင် လေ့ကျင့်ပေးပါ။ ဥပမာအနေနဲ့ တရားထိုင်ခြင်း၊ စာဖတ်ခြင်း ၊ ဘာသာစကားနှင့် အတတ်ပညာတစ်ခုခု လေ့လာခြင်း စတာတွေဟာ အတွေးလွန်ခြင်း ပြသာနာကို များစွာ လျှော့ချပေးနိုင်ပါတယ်။

၅။ မိမိကိုယ်ကို အကောင်းဆုံးလက်ခံပါ
အတွေးလွန်ခြင်းပြသာနာရဲ့ အဓိကအကြောင်းကတော့ မိမိကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး ငါဟာ သူ့လောက်မတော်ဘူး သူ့လောက်တောင် မကြိုးစားနိုင်ဘူး အသုံးမကျဘူး စသဖြင့် ကိုယ့်ကိုယ်ကို အားမရဘဲ အပြစ်တင်ခြင်းဖြစ်ပါတယ်။ မိမိရဲ့ ကြိုးစားအားထုတ်မှုကို နားလည်ပြီး မိမိကိုယ်ကို အကောင်းဆုံးလက်ခံပါ အရာရာတိုင်းကို အကောင်းဆုံးဆောင်ရွက်ပါ။

ဒီအချက်လေးတွေက အတွေးလွန်ခြင်းပြသာနာအတွက် အများကြီး အကျိုးရှိစေပါတယ်….

ဒီလိုမျိုး mental health နဲ့ပတ်သက်တဲ့ အကျိုးရှိစေတဲ့ အကြောင်းအရာ‌လေးတွေကို Hug Myanmar ကနေ အမြဲတမ်းမျှဝေပေးသွားပါမယ်…