စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ခံစားချက်တွေကို ချိူးနှိမ်ခြင်းဘဲ ဖြစ်ပါတယ်။
ရင်ဖွင့်ရင် နားထောင်မယ့်သူ မရှိလို့ဖြစ်စေ၊ ရှိရဲ့သားနဲ့ မပြောချင်လို့ ဖြစ်စေ တစ်ယောက်ထဲ ကြိတ်ခံစားရင်း ပြဿနာကို မဖြေရှင်းတဲ့ အခါ ရင်ထဲမှာ ခံစားရတာတွေ စုလာပါတယ်။
တဖြည်းဖြည်း ပြောချင်တဲ့ စကားတွေ များလာပြီး မပြောရတဲ့ အခါ၊ ဒါမှမဟုတ် ကိုယ်ပြောပေမယ့် တစ်ဖက်လူက အလေးအနက်ထားပြီး နားမထောင်တဲ့အခါ မလေးစားသလိုမျိူး ခံစားရပါတယ်။
တစ်ခါတစ်ရံ ကိုယ်မကြားချင်တဲ့ စကား၊ ကိုယ်မကြိုက်တာတွေကို ပြောတဲ့ သူတွေလဲ ရှိနိုင်ပါတယ်။ ဒီလူတွေကိုလဲ ကိုယ်က မကြိုက်ဘူးဆိုတာ ပြန်မပြောဘဲ ခံစားချက်တွေကို ချိူးနှိမ်ထားရင် သူတို့ဘက်က မသိဘဲ ဆက်ပြောတတ်နိုင်ပါတယ်။
အဲ့လို မကြားချင်တဲ့ စကားတွေ ကြားပါများတဲ့ အခါ (ဥပမာ – မိမိကိုယ်ကိုကိုယ် ယုံကြည်မှူကို ထိခိုက်စေတဲ့ စကားမျိူး) လူက ခံစားလို့ မကောင်းပါဘူး။ ပြန်ပြောဖို့လဲ မပြောချင်တာမျိူး ရှိနိုင်ပါတယ်။
ဒီလို အပြောခံရတာတွေ၊ ပြောချင်တာ မပြောရတာတွေကို စိတ်ထဲမှာ ရေရှည်စုသိမ်းထားတာတွေဟာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက် မကောင်းစေပါဘူး။
ခံစားချက်တွေကို ချိူးနှိမ်မိပါများရင်…
  • ​စိတ်ရှုပ်လာမယ်
  • တစ်ယောက်ထဲ ဒေါသထွက်တတ်လာမယ်
  • ကိုယ့်ကိုကိုယ် ထိခိုက်အောင်လုပ်ချင်လာမယ်
  • ​စိတ်ပင်ပန်းစေတဲ့ သူတွေနဲ့ ဝေးရာ ရှောင်ချင်လာမယ်
  • မိမိကိုယ်ကို လေးစားမှူနဲ့ ယုံကြည်မှူကို ထိခိုက်တယ်လို့ ခံစားရမယ်
  • အထီးကျန်ဝမ်းနည်းတတ်လာမယ်… စသဖြင့် စိတ်ခံစားချက်တွေ ခံစားရနိုင်ပါတယ်။
ခံစားချက်တွေကို ဖွင့်ထုတ်တတ်ဖို့….
  • ယုံကြည်ရသူတွေနဲ့ ရင်ဖွင့်တိုင်ပင်ပါ
  • စိတ်ထွက်ပေါက်နေရာ တစ်ခုခုရှာပါ
  • ဘာကြောင့် စိတ်ရှုပ်နေလဲဆိုတာ အချိန်ပေးပြီး ဖြေရှင်းဖို့ ကြိုးစားပါ
  • နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ
  • သူများတွေရဲ့ အခက်အခဲတွေကို နားထောင်ပေးကြည့်ပါ
  • journaling ရေးကြည့်ပါ
  • လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ Yoga လိုမျိူး physiotherapy လဲ ကျင့်လို့ရပါတယ်