Personal Freedom ဆိုတာ…?
ကျွန်တော်တို့ လူတော်တော်များများမှာ Personal Freedomအဖြစ်လိုချင်နေတဲ့ အရာလေးတွေရှိတတ်ကြတယ် တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူးပေါ့ Personal Freedomဆိုတာ ကိုယ်လွတ်မြောက်ချင်တဲ့အရာလေးတွေပေါ့

ဥပမာ ကျွန်တော့်မှာ အကြွေးတင်နေတာရှိရင် အကြွေးကျေချင်တယ် သူများအကြွေးကို ဆပ်လိုက်ချင်တယ် ဒီအကြွေးတင်နေတာကနေ လွတ်မြောက်ချင်တယ် ဒါဟာ ကျွန်တော့်ရဲ့ Personal Freedomပေါ့

ခများတို့မှာလည်း ခများတို့ဖြစ်ချင်နေတဲ့ Personal Freedomတွေရှိကြမှာပဲ Abusive Relationshipတွေက လွတ်မြောက်ချင်တယ် သူများဝန်ထမ်းအနေနဲ့ ဆက်မလုပ်ချင်တော့ဘူး ကျောင်းစာတွေသင်နေရတာကို ပြီးဆုံးချင်ပြီ ငွေတစ်ခုတည်းကိုပဲ နေ့နေ့ညည ရှာဖွေနေရတာတွေကနေ လွတ်မြောက်ချင်ပြီ ကိုယ့်ရဲ့ဘေးနာက Toxic personတွေဆီကနေ လွတ်မြောက်ချင်တယ် နောက်ဆုံး ဒီဘဝကနေကို လွတ်မြောက်ချင်နေပြီ ဒါတွေက ကျွန်တော်တို့လူတွေမှာရှိတတ်ကြတဲ့ Personal Freedomအသီးသီးပေါ့ သူလိုချင်နေတဲ့ Personal Freedomနဲ့ ကိုယ်လိုချင်နေတဲ့ Personal Freedomတော့ တူကြမှာမဟုတ်ဘူး တူစရာမလိုဘူးလေ ဘာလို့ဆို လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဘဝတွေက ကြီးပြင်းဖြတ်သန်းရတာခြင်းမတူလို့ပါ

အဓိကကိုယ်လိုချင်တဲ့ ကိုယ့်ရဲ့personal Freedomကို သဲသဲကွဲကွဲ သိဖို့လိုအပ်တယ် ကိုယ်ရဲ့ Personal Freedom က Toxic Familyကနေ လွတ်မြောက်ချင်တယ် ဒါပေမယ့် ကိုယ်က ဒီToxic Familyမှာပဲ ပျော်ဝင်နေပြီး ကိုယ့်ဟာကိုယ် ကျေနပ်လိုက် မကျေနပ်လိုက် ဖြစ်နေလို့တော့မရဘူး ကိုယ်ရဲ့ ခန္ဓာကိုယ်ရယ် ကိုယ့်ရဲ့ ဦးနှောက်ရယ် ကိုယ့်ဟိုးအတွင်းထဲက soulရယ်က တထပ်တည်း ကျနေဖို့လိုတယ် ကိုယ်ဖြစ်ချင်တာကို ကိုယ်မသိစိတ်တွေက ဖြစ်ခွင့်မပေးပဲ ပြန်ပြန်ဆွဲချနေရင်လည်း Personal Freedomက သိတော့သိတယ် ရမလာဘူးဖြစ်တတ်တယ်

ခန္ဓာကိုယ် ဦးနှောက်ရယ် Soulရယ်က Harmonyမဖြစ်တဲ့အခါမှာ ကိုယ်ရဲ့ နေ့စဥ် စိတ်အခြေအနေတွေက ကသောင်းကနင်းဖြစ်လာတယ် ကိုယ့်ရဲ့ Mental Healthက အဆင်မပြေတော့ဘူး အလိုမကျတာတွေများလာတယ် တချို့က ကိုယ့်ရဲ့ Personal Freedomကို လုံးဝမသိဘူး Mental Healthအခြေအနေမကောင်းဘူးဆိုတာရယ် အလိုမကျဘူးဆိုတာရယ် လုပ်တိုင်းမဖြစ်လာဘူးဆိုတာရယ် အဲ့အခြေအနေမှာ တစ်နေတယ် တချို့ကတော့ ကိုယ့်ရဲ့ Personal Freedomကိုသိတယ်

ဒါပေမယ့် ခုဏက အပေါ်မှာပြောသလို ကိုယ့်ရဲ့ ဦးနှောက်ရယ် စိတ်ရယ် Soulရယ်က မတည့်ပဲ ရန်ဖြစ်နေတော့ ကိုယ်လိုချင်တဲ့ freedomကရမလာဘူး ဒီတော့ သိလို့ဖြစ်စေ မသိလို့ဖြစ်စေ အခုဒီစာကို ဖတ်မိသွားတဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ personal freedomကဘာဆိုတာလဲကို သေချာလေး အချိန်ပေးပြီး စဥ်းစားလိုက်ပါ တွေးလိုက်ပါ ပြီးရင် ချက်ချင်းအကောင်ထည်ဖော်ပါ ကိုယ်လိုချင်တဲ့ personal freedomကိုမှ မတွေးနိုင်သေးဘူး တွေးဖို့အချိန်မရှိသေးဘူးဆိုရင်တော့ လိုချင်တာနဲ့ ဝေးနေဦးမယ်ဗျ လိုချင်တာကို လုပ်ယူမှရမယ့်ဟာတွေဆိုရင် လုပ်ကို လုပ်ယူရတယ် ဘုရားကလည်း လာမပေးဘူး ကျွန်တော်ကလည်း လာပေးနိုင်မှာမဟုတ်ဘူး

ဒီလို Mental Healthနဲ့ပတ်သက်တဲ့စာတွေရေးတဲ့ သူတွေအများကြီးရှိတယ် ဒီထဲကမှ ကျွန်တော့်စာကို ဖတ်ဖြစ်သွားတယ် ဖတ်လိုက်မိတယ် လုပ်သင့်တာကိုလည်း သိသွားပြီဆိုရင် ခများတို့ ကိုယ်တိုင်ထလုပ်မှပဲရတော့မယ် လုပ်ကို လုပ်ရတော့မယ့် အချိန်ကိုရောက်နေပြီမို့လို့ ဒီလိုစာတွေကို ဖတ်ဖြစ်လာတယ် ဖတ်ပြီးသွားရင် လက်တွေ့အကောင်ထည်ဖော်ကြည့် ဖတ်နေရုံနဲ့တော့ ကျွန်တော်တို့က ဘာမှဖြစ်လာမှာမဟုတ်ဘူး အရေးကြီးဆုံး တစ်ချက်က ကိုယ်ကနေပဲ အရာအားလုံးကို အစပြုလိုက် စိတ်ထဲမှာဖြစ်ချင်နေတဲ့ဟာတွေ တကယ်ဖြစ်လာလိမ့်မယ်