Intimacy ကို ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် လူတစ်ယောက် နဲ့ တစ်ယောက် ဆက်နွယ်ရင်းနှီး မှု လို့ ဆိုလို့ရပါတယ်။ Intimacy မှာ စိတ်ပိုင်းဆိုင်ရာ အရ နီးကပ်မှုတွေ တစ်ယောက် နဲ့ တစ်ယောက်ကြား က ဆက်နွယ်မှုတွေ ပါဝင်ပါတယ်။
လေ့လာမှုတွေ တော်တော် များများမှာ ဖော်ပြတာကတော့ Intimacy ဟာ စိတ်ကျန်းမာရေးအပေါ်မှာ သက်ရောက်မှု ရှိတယ် လို့ပြောပါတယ်။ ချစ်သူ ရည်းစား Relationship ကြားမှာ လည်း Intimacy ရဲ့ သက်ရောက်မှု ရှိပါတယ်။
Relationship တွေမှာတော့ Intimacy ကို နှစ်မျိုး တွေ့ နိုင်ပါတယ်။ Emotional Intimacy နဲ့ Physical Intimacy ရယ်ပါ။
Emotional Intimacy လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေကလည်း Relationship ကြားမှာ အရမ်းအရေးကြီးပါတယ်။ တစ်ယောက် နဲ့ တစ်ယောက်ကသာ စိတ်ချင်းနီးနေရင် ဝမ်းနည်းမှုတွေ၊ စိတ်အဆင်မပြေတာတွေ၊ သိမ်ငယ်မှုတွေကို မျှဝေနိုင်ပြီး Relationship က ပိုခိုင်မာ နိုင်မှာပါ။
တစ်ကယ်လို့ Relationship ကြားမှာ စိတ်ပိုင်းဆိုင်ရာ အရဆက်နွယ်မှုတွေ၊ နီးစပ်မှုတွေ သာ မရှိရင် တစ်ဦးနဲ့ တစ်ဦးကြား ဝေးကွာ နေသလို ဖြစ်ပြီး လေထဲ အိမ်ဆောက်သလို ဖြစ်နေမှာပါ။
Physical Intimacy ကတော့ ရုပ်ပိုင်းဆိုင်ရာ အရ ဆက်နွယ်မှုတွေပါ။ Physical Intimacy ဟာ သင့်ရဲ့ Relationship အပေါ် သင့်ရဲ့ အချစ်တွေ မေတ္တာတွေ က ပေါ်ထွက် လာတာဖြစ်ပါတယ်။
ချစ်သူအချင်းချင်း ပွေ့ဖက်တာတွေ၊ လက်ကိုင်တာတွေ၊ စကားပြောနေတဲ့ အချိန်မှာ မျက်လုံးလေး စိုက်ကြည့် နေတာတွေ ဒါတွေက Physical Intimacy ဖြစ်ပါတယ်။ Physical Intimacy သာ မရှိရင် တစ်ယောက် နဲ့ တစ်ယောက် Isolated ဖြစ်လာ ပြီး Relationship မှာ အဆင်မပြေ ဖြစ်လာနိုင်ပါတယ်။