Telegram ကိုလည်းအသုံးများနေကြပြီဆိုတော့ Telegram ကို Security ပိုင်းအရ လုံလုံခြုံခြုံ သုံးနည်းလေးကိုဖော်ပြပေးပါမယ်
အခုဖော်ပြမဲ့နည်းလမ်းတွေက Telegram > Privacy & Security ထဲက ဆက်တင်တွေပါ
မိမိ ဖုန်းနံပါတ် ကိုဝှက်ထားပါ
တခြားသူတွေကို ကိုယ့်ရဲ့ ဖုန်းနံပါတ်ကိုကြည့်မရအောင် ဖွက်(ဝှက်) ထားလို့ရပါတယ် ဒါကိုလုပ်ဖို့ ဆိုရင် Privacy အောက်က Phone Number ထဲကိုဝင်ပါ ပြီးရင် “Nobody” ကိုရွေးပေးလိုက်ရင်ရပါပြီ ဒါဆိုရင် တော့ သင့်ရဲ့ဖုန်းနံပါတ်ကို သူများတွေ မမြင်ရတော့ပါဘူး
သင် Online တက်နေတာကို ဖျောက်ထားမယ်
သင် Online / Offline ဖြစ်နေတာကိုသူများမမြင်အောင် ဖျောက်ထားလို့ရပါတယ် ဒါကလဲ Privacy အောက်က Last Seen & Online မှာ “Nobody” ကိုရွေးပေးလိုက်ပါ
Nobody လုပ်ထားပေမဲ့ ကိုယ် Online တက်တာ မြင်စေချင်တဲ့သူရှိရင်တော့ အောက်က Always Share With မှာ ရွေးပေးလို့ရပါတယ်
Profile ပုံကို လူစိမ်းတွေ မမြင်အောင်လုပ်ထားမယ်
ကိုယ့်ရဲ့ Profile ပုံကိုတခြားသူစိမ်းတွေ မမြင်အောင် လည်း Telegram ထဲမှာလုပ်ထားလို့ရပါတယ် ဒါကလည်း Privacy အောက်က “Profile Photo” မှာ My Contacts ကို ရွေးပေးလိုက်ရင်ရပါပြီ
အခြားသူတွေ ဖုန်းခေါ်လို့မရအောင်လုပ်ထားမယ်
တခြား မသိတဲ့ သူစိမ်းတွေဖုန်းခေါ်လို့ မရနိုင်အောင်လုပ်ထားလို့ရပါတယ် ဒါကလဲ Privacy အောက်က Calls မှာ Nobody ကိုရွေးထားလိုက်ပါ ဒါဆိုရင်တော့ ဘယ်သူမှ ဖုန်းခေါ်လို့ရမှာမဟုတ်ပါဘူး
Contacts ထဲက လူတွေကို ဖုန်းခေါ်လို့ရစေချင်ရင်တော့ “My Contacts” ကိုရွေးထားပေးရင်ရပါပြီ
Forward Message ကနေ ကိုယ့်အကောင့်ဝင်ကြည့်မရအောင်လုပ်ထားမယ်
ကိုယ့် Message ကို စကားပြောနေတဲ့ သူက တခြား တစ်ယောက်ကို Forward လိုက်ရင် ကိုယ့်နာမည်ပါ ပေါ်ပါတယ် ဒီလို ပေါ်တဲ့နာမည်ကို နှိပ်ရင်တော့ ကိုယ့်အကောင့်ကို တခြားသူက ဝင်ကြည့်လို့ရနိုင်မှာပါ ဒါကို ကာကွယ်ဖိူ့အတွက် Privacy အောက်က Forward Message မှာ “Nobody” ကိုရွေးပေးထားရင်ရပါတယ်
Group တွေ ထည့်ခြင်းက ကာကွယ်မယ်
သင့်ကို တခြားသူတွေရဲ့ Chat Group တွေထဲ ကိုယ်မသိပဲ Add လုပ်ခံရတာကိုလည်း ကာကွယ်နိုင်ပါတယ် ဒါကလဲ Privcy Setting အောက်က Group & Channel မှာ My Contacts ကိုရွေးပေးထားရင်ရပါပြီ
My Contacts ဖြစ်တာမို့ သင့်ဖုန်းရဲ့ Contact ထဲက သူတွေကတော့ Group, Channel Add တာမျိုးလုပ်နိုင်ပါတယ်
[ အပေါ်က Setting တွေ မှာ “Nobody” အစား My Contacts ကိုလဲ ရွေးပေးလိူ့ရနိုင်ပါတယ်
My Contacts ဆိုရင်တော့ သင့်ဖုန်းထဲမှာ Contacts မှတ်ထားတဲ့သူဆိုရင်တော့ မြင်တွေ့နိုင်မှာပါ ]
ကိုယ်အသုံးမပြုတာကြာရင် အကောင့်ကို တစ်ခါတည်းဖျက်ပစ်မယ်
ကိုယ်က Telegram ကို အသုံးမပြုတာကြာရင် အကောင့်ကို ဖျက်ပစ်ချင်ရင်တော့ “Automatic Account Delete” မှာ ရွေးလို့ရပါတယ် အနည်းဆုံး တစ်လ နဲ့ အများဆုံး 12 လ အထိ သတ်မှတ်ထားလို့ ရပါတယ်
ဒါကတော့ Telegram ကို လုံလုံခြုံခြုံ အသုံးပြုနည်းတွေကိုဖော်ပြပေးခဲ့တာဖြစ်ပါတယ်.
Credit:-techworldmm
